သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန် ဗလီပစ်ခတ်မှု သေဆုံးသူ ၅၀ ရှိပြီ


နယူးဇီလန် နိုင်ငံ Christchurch မြို့ရှိ Al Noor ဗလီ အရှေ့မှာ ရဲအရာရှိ စောင့်နေပုံ (မတ်၊ ၁၇၊ ၂၀၁၉)
နယူးဇီလန် နိုင်ငံ Christchurch မြို့ရှိ Al Noor ဗလီ အရှေ့မှာ ရဲအရာရှိ စောင့်နေပုံ (မတ်၊ ၁၇၊ ၂၀၁၉)

နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က မူဆလင် ဗလီ နှစ်ခု တိုက်ခိုက်ခံရမှု အတွင်း သေဆုံးသူ အရေအတွက် ၅၀ အထိ တိုးသွားပါတယ်။ ရုပ်အလောင်း ၁ လောင်း ကို အခင်းဖြစ်နေရာကနေ ထပ်ပြီး ရှာတွေ့ခဲ့တာပါ။ ဗလီ နှစ်ခုကရုပ်အလောင်းတွေ အားလုံးကို သယ်ယူ ရွှေ့ပြောင်းပြီး ဖြစ်ကြောင်းလည်း တနင်္ဂနွေနေ့မှာ ရဲမင်းကြီး Mike Bush က ကြေညာပါတယ်။

ဒီလို ရှင်းလင်းနေစဉ်အတွင်း နောက်ထပ် ရုပ်အလောင်း တလောင်း ထပ်ပြီး တွေ့ခဲ့ရတာလို့လည်း သူက ပြောပါတယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သူ အဓိက တရားခံကိုတော့ Christchurch က တရားရုံးမှာ မနေ့ စနေနေ့က ရုံးထုတ်ခဲ့ပါတယ်။

လူဖြူ အမျိုးသားရေးဝါဒီအဖြစ် သူ့ကိုယ်သူ ကြေညာထားတဲ့ အသက် ၂၈ နှစ်အရွယ် သြစတြေးလျ နိုင်ငံသား Brenton Tarrant ကို လက်နက်ကိုင် အစောင့် ၂ ယောက်က ခြံရံပြီး ရုံးထုတ်ခဲ့တဲ့ Christchurch တရားခွင်မှာတော့ တရားသူကြီးက လူသတ်မှုစွဲချက်ကို ဖတ်ပြခဲ့ပါတယ်။

သူကတော့ ထောင်ဝတ်စုံဝတ်၊ လက်ထိပ်ခတ်ထားပြီး ဘာမှ မပြောခဲ့ပါဘူး။ သေနတ်သမားကတော့ တရားခွင်မှာ ပြုံးနေခဲ့တယ်လို့လည်း သတင်းထောက်တွေက ပြောပါတယ်။

လတ်တလော အမှုတမှုနဲ့သာ စွဲချက်တင်ထားပေမဲ့ တခြားအမှုတွေနဲ့လည်း စွဲချက်တင်ကောင်း တင်နိုင်ကြောင်းလည်း တရားသူကြီးက ပြောဆိုခဲ့တာပါ။

သေနတ်သမား Tarrant ကတော့ လျှောက်လဲချက် မတင်သေးပါဘူး။ သူ့ကို ဧပြီလ ၅ ရက်နေ့မှာ နောက်တကြိမ် တရားရုံး ထုတ်မှာ ဖြစ်ပါတယ်။ ပူးပေါင်းကြံစည်သူတွေအဖြစ် မသင်္ကာသူ နှစ်ယောက်ကိုလည်း ဖမ်းဆီးထားပြီး၊ ပတ်သက်မှုရှိ မရှိနဲ့ ပတ်သက်မှု အတိုင်းအတာတွေကို သိနိုင်ဖို့ ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။

အခု ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး ဖမ်းထားသူ အားလုံးဟာ နယူးဇီလန်မှာရော သြစတေးလျရဲ့ အကြမ်းဖက်ဝါဒီ စောင့်ကြည့် စာရင်းထဲမှာ မပါပါဘူး။ ပစ်ခတ်မှု အတွင်း ဒဏ်ရာရသူ ၃၉ ဦးကတော့ ဆေးရုံတင်ထားရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီထဲက ၁၁ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG