သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန် သေနတ်ထိန်းချုပ်နိုင်မှု ကန်ဒီမိုကရက်တွေ ဂုဏ်ပြုချီးကျူး


 နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern လွှတ်တော်အတွင်းပြောကြားစဉ်
နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern လွှတ်တော်အတွင်းပြောကြားစဉ်

နယူးဇီလန်နိုင်ငံ Christchurch မြို့က ဗလီ ၂ ခုကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ရေးသုံး ရိုင်ဖယ်သေနတ်တွေကို တားမြစ်ပိတ်ပင်ဖို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က အခုလိုမျိုး အရေးယူဆောင်ရွက်ခဲ့တာကို အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်ပါတီ လွှတ်တော်အမတ်တွေက ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အခုနှစ်ပိုင်းတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် လူတွေရာနဲ့ချီ သေဆုံးခဲ့ရပြီးတော့ သေနတ်ဆိုင်ရာဥပဒေတွေကို ပြင်ဆင်ပြောင်းလဲ တောင်းဆိုမှုတွေ အကြီးအကျယ်ရှိခဲ့တယ်ဆိုပေမယ့် ထူးခြားတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်မလာပဲ ဥပဒေပြင်ဆင်ရေးကိစ္စက လွှတ်တော်အတွင်း ဆုံးဖြတ်ချက်မချနိုင်ပဲ တစ်ဆို့နေပါတယ်။

လာမယ့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ နောက်တကြိမ်ထက်ပြီးတော့ ဝင်ရောက်အရွေးခံမယ့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Bernie Sanders က နယူးဇီလန်က သေနတ်ဥပဒေပြင်ဆင်မှုကို ကြိုဆိုလိုက်ပါတယ်။ သေနတ် ဥပဒေပြင်ဆင်ရေးမှာ နယူးဇီလန်ရဲ့ ဦးဆောင်မှုနောက်ကို အမေရိကန်က လိုက်မှဖြစ်မယ်၊ တိုက်ခိုက်ရေးသုံးလက်နက်တွေ အမေရိကန်ပြည်ထောင်စုအတွင်း ဖြန့်ဖြူးရောင်းချနေတာတွေ ကို ပိတ်ပင်ရလိမ့်မယ်လို့ Bernie Sanders က ကြာသပတေးနေ့မှာ သူ့ Twitter ကတဆင့် ရေးသားဖော်ပြပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ် က သေနတ် ဥပဒေပြင်ဆင်မှုကို ကြေညာခဲ့ပြီးနောက်မှာ အခုလိုတုံ့ပြန်ခဲ့တာပါ။ Texas ပြည်နယ်က ဒီမိုကရက် အောက်လွှတ်တော်အမတ် Beto O'rourke ကလည်း နောက်နှစ်မှာ သမ္မတဝင်ရွေးမယ့် သူပါ။ သူကလည်း လူအများကို အလွယ်တကူသေဆုံးအောင် ပစ်သတ်နိုင်တဲ့ သေနတ်၊ လက်နက်တွေကို အမေရိကန်ပြည်ထောင်စုအတွင်း ဆက်မရောင်းသင့်တော့ဘူးလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG