သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်နိုင်ငံမှာ ဝတ်ပြုသူ ၅၀ သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်ခံ ဗလီ ၂ ခုပြန်ဖွင့်ပြီ


New Zealand နိုင်ငံ Christchurch မြို့ရှိ Al Noor ဗလီ ပြန်ဖွင့်စဉ် မှာ တွေ့ရတဲ့ အမျိုးသမီးတဦး (မတ်၊ ၂၃၊ ၂၀၁၉)
New Zealand နိုင်ငံ Christchurch မြို့ရှိ Al Noor ဗလီ ပြန်ဖွင့်စဉ် မှာ တွေ့ရတဲ့ အမျိုးသမီးတဦး (မတ်၊ ၂၃၊ ၂၀၁၉)

နယူးဇီလန်နိုင်ငံက ဗလီနှစ်ခုမှာ အကြမ်းဖက် ပစ်ခတ်မှုဖြစ်ပြီး သီတင်းတပတ်အကျော်မှာပဲ အဲဒီဗလီတွေကို ပြန်ဖွင့်လိုက်ပါပြီ။ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၅၀ ထဲမှာ အယောက် ၄၀ သေဆုံးခဲ့ရတဲ့ Al Noor ဗလီမှာတော့ ကြောက်စရာ အဖြစ်ဆိုးတွေဖြစ်ခဲ့တဲ့ လက္ခဏာတွေ ဒီကနေ့စနေနေ့မှာ သိပ်မတွေ့ရတော့ပါဘူး။

သေနတ် ကျည်ဆံရာတွေကိုလည်း ဆေးသစ်တွေသုတ်ပြီး ဖုံးအုပ်ထားသလို အသက်ဘေးက လွတ်ဖို့ ရိုက်ချိုး ဖျက်ဆီးပြီး ထွက်ပြေးခဲ့တဲ့ ပြတင်းပေါက်တွေကိုလည်း အသစ်ပြန်တပ်ထားပါတယ်။

သေနတ်သမားဟာ သြစတေးလျနိုင်ငံက အသက် ၂၈ နှစ်အရွယ် လူဖြူကြီးစိုးရေး ဝါဒသမားတဦး ဖြစ်ပါတယ်။ ဗလီကို ဒီကနေ့ လာရောက်ကြတဲ့သူတွေထဲမှတော့ အသက်မသေ လွတ်မြောက်ခဲ့သူတွေနဲ့ သေဆုံးခဲ့ရသူတွေနဲ့ သိကျွမ်းသူတွေလည်း ပါဝင်ပါတယ်။

ဒီဖြစ်ရပ်ဟာ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသူတွေ အတွက် ဝမ်းနည်းကြေကွဲစရာ ဖြစ်သလို အဲဒီပစ်ခတ်မှုကို ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတွေ အနေနဲ့လည်း အဲဒီအာရုံတွေ မမေ့ပျောက်နိုင်အောင် ဖြစ်နေကြတယ်လို့ Cantebury က မွတ်ဆလင်အဖွဲ့ဥက္ကဌ Shagat Khan က ပြောပါတယ်။

အခင်းဖြစ်ခဲ့တဲ့ Christchurch မြို့မှာ March For Love မေတ္တာတရားအတွက် ချီတက်ပွဲ ကို ကျင်းပရာမှာ ပါဝင်ဆင်နွှဲခဲ့ကြသူတွေက တိတ်ဆိတ်ငြိမ်သက်စွာပဲ လမ်းလျောက်ချီတက်ခဲ့ကြပါတယ်။

ပွဲဖြစ်မြောက်ရေး စီစဉ်သူတဦးဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ Manala Butler က ဒီလို အချိန်ကာလမျိုးမှာ အမုန်းတရားက အမှောင်တွေ ဖုံးလွှမ်းသွားစေသလို မေတ္တာတရားကသာ အမှောင်တွေကို ကျော်လွှားမယ့် အလင်းရောင်တွေ ဆောင်ကျဉ်းလာစေမယ်လို့ ပြောပါတယ်။

မနေ့ သောကြာနေ့မှာတော့ သေဆုံးခဲ့သူ ၅၀ ထဲက ၂၆ ဦးရဲ့ ဈာပနအခမ်းအနာကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG