သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မြို့တွေဆီ သမ္မတ Trump သွားမည်


တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ သတင်းပတ်ကုန်က သေနတ်ကိုင်ပစ်ခတ်မှုတွေ သီးခြားစီ ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၃၁ ယောက် ရှိသွားပြီဖြစ်တဲ့ Ohio ပြည်နယ် Dayton မြို့နဲ့၊ Texas ပြည်နယ် El Paso မြို့တွေကို သမ္မတ Donald Trump ဒီနေ့ သွားရောက်ပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့ တောင်းဆိုမှုတွေ အသစ်တဖန် ပေါ်လာနေတဲ့အချိန်၊ တရားမဝင်ရွှေ့ပြောင်းသူတွေနဲ့ပတ်သက်လို့ သမ္မတရဲ့ ပြောဆိုချက်တွေဟာ လူမျိုးရေးခွဲခြားတဲ့ ပြောဆိုချက်တွေဆိုပြီး ရှုတ်ချပြစ်တင်တာတွေ ခံနေရချိန်မှာ၊ ပစ်ခတ်မှုဖြစ်ပွားတဲ့ မြို့ကြီး ၂ မြို့ကို သမ္မတ Trump သွားရောက်တာပါ။ VOA သတင်းထောက် Richard Green ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။

XS
SM
MD
LG