သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်ထောင်စုမှာ သေဒဏ်စီရင်မှု ပြန်လုပ်မည်


အမေရိကန်ပြည်ထောင်စု အကျဉ်းထောင်များဌာနအနေနဲ့ သေဒဏ်စီရင်တာကို ၁၆ နှစ်တာ ပြတ်တောက်နေခဲ့ပြီးတဲ့နောက် လာမယ့် လတွေအတွင်း လူသတ်မှုနဲ့ ပြစ်ဒဏ်ချခံထားရသူ ၅ ဦးကို သေဒဏ်စီရင်ဖို့ရှိနေတယ်လို့ တရားရေးဌာနက ကြာသပတေးနေ့က ကြေညာပါတယ်။

အကျဉ်းထောင်များ ဌာနအနေနဲ့ ပြည်နယ်အများအပြားမှာ သေစေနိုင်တဲ့ ဆေးဝါးတွေကို အသိအမှတ် ပြုထားတဲ့အတွက် တရားခံတွေကို ဆေးထိုးကွပ်မျက်ဖို့လမ်း ပွင့်နေတယ်လို့ တရားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လောလောဆည်မှာ ၃ ဦးကို လာမယ့် ဒီဇင်ဘာလမှာ သေဒဏ်စီရင်မှာ ဖြစ်ပြီး နောက် ၂ ဦးကို ၂၀၂၀ ဇန်နဝါရီလမှာ သေဒဏ် စီရင်ဖို့ရှိနေပါတယ်။ နောက်ထပ် သေဒဏ် စီရင်မယ့် ကိစ္စတွေကိုတော့ အဲဒီနောက်ပိုင်းမှာ စီရင်သွားမယ်လို့ ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ နောက်ဆုံးသေဒဏ်စီရင်ခဲ့တာဟာ ၂၀၀၃ ခုနှစ်က ဖြစ်ပြီး ၁၉ နှစ်အရွယ် စစ်သားလေးကို ပြန်ပြေးဆွဲ သတ်ဖြတ်ခဲ့သူ ပင်လယ်ကွေ့ဒေသစစ်ပြန်Louis Jones Jr. ကို ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။

အခုလောလောဆည်မှာ သေဒဏ်ချခံထားရသူပေါင်း ၆၅ ယောက် ရှိနေတယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် တဝက်ကျော်မှာ သေဒဏ်စီရင်နိုင်တဲ့ ဥပဒေရှိနေပါတယ်။ သေဒဏ်ပေးတာကို ထောက်ခံသူ ရှေ့နေချုပ် William Barr ကတော့ Republican နဲ့ ဒီမိုကရက် အစိုးရ ၂ ရပ်စလုံးရဲ့ လက်အောက်မှာ တရားရေးဌာနအနေနဲ့ ကွပ်မျက်ခဲ့တာ အခု ၅ ယောက်အပါအဝင် အဆိုးရွားဆုံး ရာဇဝတ်သမားတွေကို သေဒဏ် စီရင်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG