သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ် နဲ့ ကိုလိုနီခေတ် ဖိနှိပ်ရေးဥပဒေ မလေးရှားဖျက်သိမ်းတော့မည်


မလေးရှားနိုင်ငံမှာ ပြဌာန်းထားတဲ့ သေဒဏ်နဲ့ သဘောထားကွဲလွဲသူတွေကို အရေးယူတဲ့နေရာမှာ အသုံးပြုတဲ့ ကိုလိုနီခေတ်ဟောင်း ဥပဒေတို့ကို အစိုးရက ဖျက်သိမ်းဖို့ ပြင်ဆင်နေကြောင်း အစိုးရ အရာရှိတွေက ပြောပါတယ်။

အစိုးရဝန်ကြီးအဖွဲ့က သေဒဏ်ကို ဖျက်သိမ်းတော့မှာဖြစ်ပြီး သေဒဏ် ပေးခံထားရသူတွေကို ကွပ်မျက်မယ့် အစီအစဉ်တွေအားလုံးကိုလည်း အဲဒီ ဥပဒေသစ် ထွက်မလာမချင်း ဆိုင်းငံ့ထားမှာဖြစ်ကြောင်း လွှတ်တော်အမတ်တဦးဖြစ်သူ Liew Vui Keong က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ မလေးရှားနိုင်ငံမှာ လက်ရှိ သေဒဏ်ပေးခံထားရသူ ၁,၂၀၀ ရှိတယ်လို့ ဆိုပါတယ်။

သေဒဏ်အားလုံးကို ဖျက်သိမ်းပစ်မှာဖြစ်ကြောင်း မလေးရှားအခြေစိုက် New Straits Times သတင်းစာမှာ ဖော်ပြထားပါတယ်။

၁၉၄၈ ခုနှစ်က ဗြိတိသျှအစိုးရ အုပ်ချုပ်စဉ် ပြဌာန်းခဲ့တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ ဥပဒေကိုလည်း ပြန်လည် ရုပ်သိမ်းမှာဖြစ်ကြောင်း မလေးရှားဆက်သွယ်ရေးဝန်ကြီး Gobind Singh Deo က ကြာသပတေးနေ့မှာ ပြောပါတယ်။

၁၉၄၈ ခုနှစ်မှာ ဗြိတိသျှ ကိုလိုနီ အစိုးရက ပြဌာန်းခဲ့တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ ဥပဒေဟာ မလေးရှားအစိုးရနဲ့ မလေးရှားက ပသီဘုရင် ၈ ယောက်တို့ကို စော်ကားတဲ့စကား ပြောဆိုသူ၊ ရေးသား ဖြန့်ချိသူတွေကို အရေးယူတဲ့နေရာမှာ အသုံးတဲ့ ဥပဒေ ဖြစ်ပါတယ်။

အဲဒီ ဥပဒေ ၂ ခုစလုံးကို တနင်္လာနေ့ကျရင် လွှတ်တော်မှာ ဆွေးနွေး အတည်ပြုကြမှာ ဖြစ်ပါတယ်။

သေဒဏ် နဲ့ ကိုလိုနီခေတ် ဖိနှိပ်ရေးဥပဒေ မလေးရှားဖျက်သိမ်းတော့မည်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG