သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New York အကြမ်းဖက်သမား သေဒဏ်ပေးဖို့ သမ္မတလိုလား


နယူးယောက်မြို့ Manhattan တောင်ပိုင်းမှာ လူ ၈ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး တဒါဇင်ထက်မနည်း ဒဏ်ရာတွေရရှိခဲ့တဲ့ အငှားယာဉ်နဲ့ ဝင်တိုက်ခဲ့မှုလုပ်ခဲ့သူ Sayfullo Saipov
နယူးယောက်မြို့ Manhattan တောင်ပိုင်းမှာ လူ ၈ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး တဒါဇင်ထက်မနည်း ဒဏ်ရာတွေရရှိခဲ့တဲ့ အငှားယာဉ်နဲ့ ဝင်တိုက်ခဲ့မှုလုပ်ခဲ့သူ Sayfullo Saipov

အင်္ဂါနေ့က နယူးယောက် က Manhattan တောင်ပိုင်းမှာ ထရပ်ကားနဲ့ လူတွေကို ဝင်တိုက်ခဲ့လို့ ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့မှုကို ကျူးလွန်သူအဖြစ် အစွပ်စွဲခံထားရတဲ့ အကြမ်းဖက်သမား Sayfullo Saipov ကို သေဒဏ် အပြစ်ပေးတာ အပါအဝင် တရားဥပဒေအရ မြန်မြန်ထက်ထက် အရေးယူ ဆောင်ရွက်ဖို့ အမေရိကန် သမ္မတ Donald Trump က တောင်းဆိုလိုက်ပါတယ်။

ဥဇဘက် နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်း အခြေချ လာတဲ့ အသက် ၂၉ နှစ်အရွယ် Saipov ကို အရပ်ဖက်တရားစီရင်ရေး စနစ်အောက်မှာ တရားစီရင်တာထက် Guantánamo က စစ်ဘက် တရားရေးစီရင်မှု အောက် ပြောင်းပေးဖို့ စဉ်းစားမှာ ဖြစ်ကြောင်း သမ္မတက ဗုဒ္ဓဟူးနေ့ သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား ခဲ့ပါတယ်။

ဒါပေမယ့် ကြာသပတေးနေ့ မနက်ခင်းမှာတော့ Guantánamo အကျဉ်းစခန်းကို သူ့ကို ပို့မယ် ဆိုရင် လုပ်ငန်းစဉ်က အမေရိကန် တရားရုံး စနစ်တွေထက် အချိန်ပိုကြာနိုင်တယ်လို့ သမ္မတက သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးပါတယ်။

ဒါ့အပြင် Saipov ကို အမေရိကန် တရားရုံးစနစ်အတိုင်း စစ်ဆေး အရေးယူဖို့ သမ္မတက ပိုလိုလားကြောင်းနဲ့ တကယ်လို့ သူ အမှန်တကယ် ကျူးလွန်ခဲ့တယ် ဆိုရင် သူဟာ သေဒဏ်အထိ ကျခံရမှာဖြစ်ကြောင်း သမ္မတက ပြောပါတယ်။

အခုလို Saipov အမှုနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောဆိုချက်တွေကို သူ့ရဲ့ ရှေ့နေချုပ် Jeff Sessions အပါအဝင် ထိပ်တန်း ရီပတ်ဘလစ်ကင် ပါတီဝင်တွေက မကြိုက်ကြပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG