သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မှာ ပစ်ခတ်မှုဖြစ်ပွါး၊ ၈ ဦးသေ၊ မသင်္ကာသူကို ရဲဖမ်းထား


နယူးယောက်မှာ တိုက်ခိုက်ခဲ့သည့် ထရပ်ကားအား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားစဉ်။
နယူးယောက်မှာ တိုက်ခိုက်ခဲ့သည့် ထရပ်ကားအား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားစဉ်။

နယူးရောက်မြို့ရဲ့ Lower Manhattan ရပ်ကွက်မှာ အင်္ဂါနေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ရာ လူတချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း NYPD နယူးရောက် ရဲက ပြောပါတယ်။ West နဲ့ Chambers လမ်းတွေ အနီး ညနေ ၃ နာရီက ဖြစ်ပွါးခဲ့ပြီး အဲဒီနေရာကို မသွားကြဖို့ လည်း ရဲက လူတွေကို နှိုးဆော်ထားပါတယ်။

နယူးယောက်မြို့ အာဏာပိုင်တွေရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ၆ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိသူတွေကို Bellevue ဆေးရုံကို ခေါ်သွားကြောင်းနဲ့ ဒဏ်ရာရရှိမှု အသေးစိတ် အချက်လက် တွေကိုတော့ မသိရသေးကြောင်း ရဲက ပြောပါတယ်။ ရဲက မသင်္ကာသူ တဦးကို ဖမ်းဆီးထားပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဒီတိုက်ခိုက်မှုကို အကြမ်းဖက် လုပ်ရပ်အဖြစ် ကိုင်တွယ် ဆောင်ရွက်နေကြောင်း FBI ပြည်ထောင်စု စုံစမ်းရေး ဗြူရိုက ပြောပါတယ်။

ထရပ်ကားတစီးက စက်ဘီးသွားလမ်းမှာ မောင်းနှင်ခဲ့ပြီး လမ်းသွားလူတွေနဲ့ စက်ဘီးစီးသူတွေကိုလည်း ဝင်တိုက်ခဲ့တာ ဖြစ်ကြောင်း ရဲက ပြောပါတယ်။ အဲဒီ ထရပ်ကား မောင်းတဲ့သူဟာ လူ ၂ ဦးကို ဝင်တိုက်ခဲ့ပြီးတဲ့နောက် ကျောင်းကား တစီးနဲ့ တိုက်မိသွားပါတယ်။ ကားသမားဟာ အာရပ်လို God is Great “ဘုရားသခင်က မြင့်မြတ်တယ်” လို့ အော်ဟစ်ခဲ့ကြောင်းမျက်မြင် သက်သေတွေ ကပြောပါတယ်။ ကားသမားဟာ သူ့ကားထဲကနေ သေနတ် ၂ လက်ကိုင်ပြီး ထွက်လာတယ်လို့လည်း မျက်မြင် သက်သေတွေက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နယူးရောက် မြို့တော်ဝန် Bill de Blasio ကို အစီရင်ခံထားပြီး မြို့တော်ဝန်အနေနဲ့ အခင်းဖြစ်ပွါးရာ နေရာကို သွားရောက်နေကြောင်း မြို့တော်ဝန်ရဲ့ ပြောခွင့်ရက သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG