သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဖြတ်ကျော် နိုင်ငံရေးခိုလှုံခွင့်တောင်းခံမှု Trump အစိုးရ ကန့်သတ်


အမေရိကန် ပြည်ထောင်စု တောင်ပိုင်းနယ်စပ်က လာရောက်တဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ အများစုကို ပိတ်ဆို့ဟန့်တားဖို့ သမ္မတထရမ့် အစိုးရ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီအရေးယူ ဆောင်ရွက်မှုကြောင့် မက္ကဆီကိုကတဆင့် ဖြတ်ကျော်ဝင်ရောက်လာတဲ့ အမေရိက အလယ်ပိုင်း နိုင်ငံတွေက နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေကို အဓိက ထိခိုက်စေမှာ ဖြစ်ပါတယ်။

စာမျက်နှာ(၅၈)မျက်နှာပါတဲ့ အမေရိကန် တရားရေးဌာနနဲ့ အမိမြေ လုံခြုံရေး ဌာနတို့က ထုတ်ပြန်တဲ့ တနင်္လာနေ့က ကြေညာချက်မှာတော့

အမေရိကန်ပြည်ထောင်စုကို မဝင်ရောက်မီ ကုန်းလမ်းကတဆင့် ဖြတ်ကျော်လာတဲ့နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားနိုင်မယ်ဆိုရင် အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားမှုကို မပေးဖို့ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အစိုးရ ရှေ့နေချုပ် William Barr ကထုတ်ပြန်တဲ့ ကြေညာချက်မှာ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်ကတဆင့် နိုင်ငံခြားသားအရေတွက် သိသိသာသာ တိုးလာပြီး၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံနိုင်တဲ့ လူအရေတွက်က အနည်းငယ်သာ ပါဝင်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။ ဒီပြဌာန်းချက်ဟာ ဒီကနေ့ အင်္ဂါနေ့မှာ စတင် အာဏာသက်ရောက်မှာ ဖြစ်ပြီး ၊ ဥပဒေအရ စိန်ခေါ်မှုတွေလည်း ထွက်ပေါ်လာဖွယ်ရှိပါတယ်။

ဒီပြဌာန်းချက်မှာ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံသားတွေကတော့ အကျုံးဝင်ခြင်း မရှိပါဘူး။ သမ္မတထရမ့် အနေနဲ့ လက်တင်အမေရိက အရှေ့အလယ်ပိုင်းနဲ့ မူဆလင်အများစု နေထိုင်ရာ အာဖရိကနိုင်ငံတွေက လာရောက်အခြေချသူတွေကို ပိုကန့်သတ်ဖို့ လိုလားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG