သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က ခိုလှုံခွင့်လျှောက်သူတွေအတွက် ကနေဒါ အသင့်ပြင်


အမေရိကန်ပြည်ထောင်စုကနေ အလုံးအရင်းနဲ့ ဝင်လာကြမယ့် ခိုလှုံခွင့်လျှောက်ထားသူတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ကနေဒါနိုင်ငံအနေနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေ အဆင်သင့် ရှိနေသလို တရားဥပဒေ စိုးမိုးမှုတွေလည်း ပြဌာန်းထားပြီးဖြစ်ကြောင်း ကနေဒါအစိုးရ ပြည်သူ့လုံခြုံရေးဌာနဝန်ကြီးက ပြောကြားလိုက်ပါတယ်။

အခုနှစ်အတွင်း အမေရိကန်ဘက်ကနေ လူပေါင်း ၂၀၀ လောက် တရားမဝင် ဝင်ရောက်ခဲ့တဲ့ ကနေဒါနိုင်ငံ Manitoba ပြည်နယ်၊ Emerson နယ်စပ်မြို့ကို အဲဒီ ပြည်သူ့လုံခြုံရေးဌာနဝန်ကြီး Ralph Goodale စနေနေ့က သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ရောက်လာကြတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို အကူအညီပေးရေး လိုအပ်တဲ့ အသုံးစားရိတ်တွေ ထောက်ပံ့ပေးဖို့ Manitoba နဲ့ Quebec ပြည်နယ်တွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရအနေနဲ့ နည်းလမ်းရှာဖွေနေကြောင်း ဝန်ကြီး Ralph Goodale က ပြောပါတယ်။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေ တိုးများလာတဲ့ အကြောင်းရင်းတခုဟာ အမေရိကန်နိုင်ငံအတွင်း တရားမဝင် နေထိုင်သူတွေကို လိုက်လံ ဖမ်းဆီးနေတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံအတွင်း တရားမဝင် လာရောက်နေထိုင်သူတွေ၊ အထူးသဖြင့် ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံတဝှမ်း လိုက်လံ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

အတိုက်အခံပါတီဝင်တွေကတော့ တရားမဝင် နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာသူတွေကို စွဲချက်တင် အရေးယူဖို့ အစိုးရကို တောင်းဆိုနေပါတယ်။ ဒါပေမဲ့ ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေအပေါ် စွဲချက်တင်လို့ မရနိုင်ကြောင်း ဝန်ကြီး Ralph Goodale က ပြောပါတယ်။

အမေရိကန်က ခိုလှုံခွင့်လျှောက်သူတွေအတွက် ကနေဒါ အသင့်ပြင်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG