သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရှေ့နေဟောင်း သမ္မတကို ပြင်းထန်စွာ ဝေဖန်


အမေရိကန်သမ္မတ Donald Trump ရဲ့ ကာလတာရှည် ကိုယ်ရေးရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သူ Michael Cohen က သမ္မတ Trump ဟာ လူမျိုးရေးခွဲခြားသူ လူလိမ် လူညာ တယောက် ဖြစ်တယ်လို့ လွှတ်တော်စုံစမ်းရေးကော်မတီ ရှေ့မှောက်မှာ ဗုဒ္ဓဟူးနေ့ က ထွက်ဆိုခဲ့ပါတယ်။

၂၀၁၆ ရွေးကောက်ပွဲမဲဆွယ်ပွဲမှာ အတိုက်အခံ Hillary Clinton အတွက် နစ်နာစေခဲ့တဲ့ ဒီမိုက်ရက်တစ်ပါတီ DNC အီးမေးလ်တွေကို WikiLeaks က ဖေါက်မချခင်မှာ WikiLeaks ကိုတည်ထောင်သူ Julian Assange နဲ့ Trump မဲဆွယ်အဖွဲ့အကြံပေး Roger Stone တို့ ဆက်သွယ်ခဲ့တယ် ဆိုတာကို Trump က သိထားကြောင်း Cohen က ကော်မတီရှေ့မှောက်မှာ ထွက်ဆိုခဲ့တာပါ။

ဒါ့အပြင် သမ္မတ Trump ဟာ ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ရုရှားနဲ့ စီးပွါးရေးလုပ်ဆောင်မှု ဘာမှ မရှိဘူးလို့ ပြောနေပေမယ့် ရုရှားနိုင်ငံ မော်စကိုက အိမ်ခြံမြေ သဘောတူညီချက်အတွက် အဲဒီအချိန်တုန်းက လျှို့ဝှက်ပြီး တိုက်ရိုက်ညှိနှိုင်းခဲ့တယ် လို့လည်း Cohen က ပြောပါတယ်။

သမ္မတ Trump ဟာ ရွေးကောက်ပွဲမှာ သူနိုင်မယ်လို့ မျှော်လင့်မထားတဲ့အတွက် မော်စကိုက အိမ်ခြံမြေလုပ်ကွက်ကို အလွတ်မခံနိုင် တာကြောင့် သူရုရှားနဲ့ စီးပွါးရေးလုပ်ခဲ့တာ ဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ မဲပေးသူတွေကို Trump က ထပ်တလဲလဲ လိမ်ညာခဲ့တယ်လို့လည်း Cohen ကပြောပါတယ်။

အခုလို ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၇ တုန်းက ကွန်ဂရက်လွှတ်တော်ရှေ့မှောက် သူ့ရဲ့ ထွက်ဆိုချက်တွေမှာ လိမ်ညာခဲ့တာတွေ ဖြစ်တယ်လို့ သူက နောက်ပိုင်းမှာ ဝန်ခံခဲ့တာပါ။ အခုလို လွှတ်တော်ကို လိမ်ညာထွက်ဆိုဖို့ သမ္မတ Trump က တိုက်ရိုက်မညွှန်ကြားခဲ့ပေမယ့် သူ့ကို လိမ်ညာထွက်ဆိုစေချင်တဲ့ အကြောင်း ရှင်းရှင်းသိစေခဲ့တယ်လို့လည်း Cohen က ထွက်ဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG