သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ပတ်သက်မှု လွှတ်တော်မှာလိမ်လည်ထွက်ဆိုဖို့ သမ္မတထရမ့်ညွှန်ကြားခဲ့ဟု သူ့ရှေ့နေ Cohen ဆို


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ဇန်နဝါရီ ၁၄၊ ၂၀၁၉)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ဇန်နဝါရီ ၁၄၊ ၂၀၁၉)

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ Trump Tower အဆောက်အဦး ဆောက်လုပ်ဖို့ ကြိုးပမ်းခဲ့တာတွေကို လွှတ်တော်မှာ လိမ်လည်ထွက်ဆိုဖို့ သမ္မတ Donald Trump က သူ့ရှေ့နေကို ညွှန်ကြားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သမ္မတနဲ့ သူ့ရဲ့ရှေ့နေဟောင်း Michael Cohen တို့အကြောင်း ဖော်ပြထားတဲ့ သတင်း ကိုတော့ အမည်မဖော် လိုတဲ့ ပြည်ထောင်စုအစိုးရ တရားဥပဒေစိုးမိုးရေး အရာရှိ ၂ ဦးကို ကိုးကားပြီး BuzzFeed သတင်းဌာနက မနေ့ နှောင်းပိုင်းမှာ ဖော်ပြခဲ့တာပါ။ ရုရှားနဲ့ ပတ်သက်တာတွေကို လွှတ်တော်မှာ လိမ်လည်ထွက်ဆိုဖို့ သမ္မတက ညွှန်ကြားခဲ့ကြောင်း အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ကို ရှေ့နေ Cohen က ပြောခဲ့တယ် လို့လည်း ကိုးကား ရေးသားထားပါတယ်။

သတင်းမှာကိုးကားဖော်ပြခဲ့သူ လုံခြုံရေးအရာရှိ ၂ ဦးဟာ အမှုကိုစုံစမ်းစစ်ဆေးရာမှာ ပါဝင်သူတွေ ဖြစ်ကြောင်း လည်း သတင်းက ဖော်ပြခဲ့တာပါ။ Trump နဲ့အတူ ဆောက် လုပ်ရေး စီမံကိန်းကို ကြီးကြပ်ဖို့ တာဝန်ပေးထားတဲ့ သမီး Ivanka နဲ့ သားဖြစ်သူ Donald, Jr. တို့ကိုလည်း ရှေ့နေ Cohen က အိမ်ခြံမြေလုပ်ငန်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေ အသေးစိတ်ကို ပုံမှန်အစီရင်ခံခဲ့ရတယ်လို့လည်း သတင်းကရေးပါတယ်။

တချိန်တည်းမှာပဲ ရုရှားနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့ သတင်းအချက်အလက်တွေကိုလည်း ရှေ့နေ Cohen က အစီရင်ခံရတယ်လို့ ဆိုပါတယ်။ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတ Trump ကတော့ ရုရှားနဲ့ အပေးအယူလုပ်တာ ဘာတခုမှမရှိတဲ့အကြောင်း ပြော ဆိုထားတာပါ။ ရုရှားနဲ့ ပတ်သက်ခဲ့တာတွေကို လွှတ်တော်ရေးရာ ကော်မတီ ရှေ့မှောက် မှာ လိမ်လည် ဖုံးဖိဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အကြီးမားဆုံး စွပ်စွဲချက်တခု ဖြစ်တဲ့အတွက် မှန်-မမှန်ဆိုတာ ဖော်ထုတ်နိုင်အောင် လိုအပ်သလို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဝင် ဒီမိုကရက်အမတ် Adam Schiff က Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။

တက္ကဆက်ပြည်နယ် ကိုယ်စားပြု အောက်လွှတ်တော်အမတ် Joaquin Castro ကလည်း သတင်းမှာ ဖော်ပြတဲ့ အတိုင်းသာ မှန်ခဲ့မယ်ဆိုရင် သမ္မတ Trump ရာထူးက နုတ်ထွက် ဖို့နဲ့ ဒီလိုမှမဟုတ်ရင်တော့ အရေးယူခံရမှာ ဖြစ်ကြောင်း Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG