သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအရေး ကြားနာမှုမှာ Donald Trump က သူ့ရှေ့နေကို လိမ်ညာထွက်ဆိုခိုင်းခဲ့သလား


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

သမ္မတ Donald Trump အနေနဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ Trump Tower တည်ဆောက်မယ့်ကိစ္စအတွက် အောက်လွှတ်တော်ကို လိမ်လည်ပြောဆိုဖို့ သူ့ရဲ့ ရှေ့နေကို ညွန်ကြားခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ် လာတဲ့ ကိစ္စကို စုံစမ်း စစ်ဆေးသွားမယ်လို့ ဒီမိုကရက် လွှတ်တော်အမတ်တွေက ပြောကြားလိုက်ပါတယ်။

အခု ထွက်လာတဲ့ စွပ်စွဲပြောဆိုမှုဟာ အပြင်းထန်ဆုံး စွပ်စွဲမှုဖြစ်ကြောင်း အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီ ဥက္ကဋ္ဌ ဒီမိုကရက်အမတ် Adam Schiff က ပြောပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ မှန်မမှန် ဆိုတာ သိရှိနိုင်ဖို့ လိုအပ်တာတွေ အားလုံးကို လုပ်ဆောင် သွားမယ်လို့လည်း လွှတ်တော်အမတ် Adam Schiff က ပြောပါတယ်။ သမ္မတက သူ့ရဲ့ ကိုယ်ပိုင်ရှေ့နေ Michael Cohen ကို အဲဒီလို ညွန်ကြားခဲ့တယ် ဆိုတဲ့ အကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ ၂ ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး BuzzFeed သတင်းမှာ ကြာသပတေးနေ့ နှောင်းပိုင်းက ဖော်ပြခဲ့တာပါ။

သမ္မတအနေနဲ့ သူ့ရဲ့ ရှေ့နေကို လိမ်လည်ထွက်ဖို့ ညွန်ကြားခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ လုံးဝ မှန်ကန်ခြင်း မရှိကြောင်း သမ္မတရဲ့ ရှေ့နေ Rudy Giuliani က သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက် ပါတယ်။ အလားတူဘဲ အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders ကလည်း အခုလို စွပ်စွဲ ပြောဆိုတဲ့ သတင်း ဟာ အဓိပ္ပါယ်မရှိကြောင်း ပြောပါတယ်။

အောက်လွှတ်တော် ဥပဒေရေးရာကော်မီတီ ဥက္ကဋ္ဌ ဒီမိုကရက်အမတ် Jerrold Nadler ကလည်း - ကိုယ့်ထံမှာ အလုပ်လုပ်နေသူ တဦးကို လွှတ်တော်မှာ လိမ်လည်ထွက်ဆိုဖို့ ညွန်ကြားခြင်းဟာ ဥပဒေ ချိုးဖောက်တဲ့ကိစ္စ ဖြစ်ပြီး ဒီကိစ္စအဖြေထွက်လာအောင် သူ့ကော်မီတီက စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG