သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ကူးစက္ပ်ံ႕ႏွ႔ံမႈ တ႐ုတ္မွာ အ႐ွိန္ေလ်ာ႔


တရုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္က လူသူကင္းရွင္းေနတဲ႔ Shopping Mall ျမင္ကြင္း။

တရုတ္ႏုိင္ငံမွာ ျဖစ္ေနတဲ့ Covid-19 ကုိရုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁,၁၀၀ ေက်ာ္လာၿပီ ျဖစ္ေပမယ့္ ေရာဂါပုိးကူးစက္သူ အေရအတြက္ဟာ ၂ ရက္ဆက္တုိက္ က်ဆင္းလာေနေၾကာင္း တရုတ္အာဏာပုိင္ေတြက ေျပာဆုိလုိက္တဲ့အတြက္ ဗုိင္းရပ္စ္ပုိး ကူးစက္မႈဟာ အခုလေႏွာင္းပုိင္းမွာ ျပန္က်သြားမယ္ဆုိတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ထြက္ေပၚလာပါတယ္။ ဒီအေၾကာင္း AFP သတင္းကုိ အေျခခံၿပီး ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

တရုတ္အစုိးရက သူ႔ႏုိင္ငံအတြင္း ေရာဂါပုိးကူးစက္မႈကုိ ထိန္းခ်ဳပ္ႏုိင္ဖုိ႔ ႀကိဳးစားေနတဲ့ အခ်ိန္မွာဘဲ ဂ်ပန္ဆိပ္ကမ္းမွာ ကပ္ထားတဲ့ အပန္းေျဖ အေပ်ာ္စီးသေဘၤာေပၚက ကူးစက္သူ အေရအတြက္ဟာ ၁၇၄ ဦးအထိ ရွိလာတာေၾကာင့္ ဒါဟာ တရုတ္ႏုိင္ငံျပင္ပမွာ ေရာဂါပုိးကူးစက္မႈ အမ်ားဆုံးေနရာ ျဖစ္လာပါတယ္။

ဒီဗုိင္းရပ္စ္ဟာ အင္မတန္ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ အႏၱရာယ္ျဖစ္ေၾကာင္း WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ေျပာၾကားေပမယ့္ ဒါကုိ လက္ေတြ႔ ထိန္းခ်ဳပ္ႏုိင္တဲ့ အေျခအေနရွိေၾကာင္း ေျပာပါတယ္။ ေသဆုံးသူအမ်ားစုနဲ႔ ေရာဂါပုိးကူးစက္ခံရသူ အမ်ားစုတုိ႔ဟာ ဗုိင္းရပ္စ္ပုိး စတင္ေတြ႔ရွိတဲ့ တုိင္းျပည္ အလယ္ပုိင္း Hubei ျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ Wuhan မွာ ျဖစ္ပါတယ္။

Hubei ျပည္နယ္အတြင္းက လူေပါင္း ၅၆ သန္းေလာက္ကုိ အာဏာပုိင္ေတြက ၀င္ထြက္ သြားလာခြင့္ ပိတ္ပင္ထားပါတယ္။ လက္ရွိျဖစ္ေပၚေနတဲ့ ကပ္ေရာဂါဆုိးႀကီးေၾကာင့္ ကမၻာ့ဒုတိယ အႀကီးဆံုး စီးပြားႏုိင္ငံျဖစ္တဲ့ တရုတ္ရဲ႕ စီးပြားေရးဟာ မူလက ခန္႔မွန္းထားတဲ့ ၅ ရာခိုင္ႏႈန္း ကေန ေလ်ာ့က်ၿပီး ၃ ဒသမ ၂ ရာခိုင္ႏႈန္း ကေန ၄ ရာခိုင္ႏႈန္း ေလာက္ဘဲ ဖြံံၿဖိဳးတုိးတက္မယ့္ အလားအလာရွိေၾကာင္း ANZ ဘဏ္က သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

ဒါေပမယ့္ ေကာင္းမြန္တဲ့လကၡဏာတခုကေတာ့ Hubei ျပည္နယ္အတြင္း ဗုိင္းရပ္စ္ပုိးကူးစက္သူ အေရအတြက္ဟာ ၂ ရက္ဆက္တုိက္အျဖစ္ က်ဆင္းလာေနေၾကာင္း တရုတ္အမ်ဳိးသား က်န္းမာေရး ေကာ္မရွင္က ေျပာၾကားလုိက္တဲ့ကိစၥပါ။ ေရာဂါပုိးေၾကာင့္ ေသဆုံးသူနဲ႔ ကူးစက္သူ ေနာက္ဆုံး အေရအတြက္ေတြကုိေတာ့ တရုတ္အမ်ဳိးသားက်န္းမာေရးေကာ္မရွင္ ေျပာခြင့္ရ Mi Feng က အခုလုိ ေျပာျပပါတယ္။

“လက္ရွိမွာ ဗုိင္းရပ္စ္ပုိးကူးစက္သူ ၃၈,၈၀၀ ရွိေနတာမွာ အဲဒီအထဲက ၈,၂၀၄ ေယာက္ဟာ စုိးရိမ္ရတဲ့ အေျခအေနမွာ ရွိပါတယ္။ စုစုေပါင္း လူနာ ၄,၇၄၀ ကုိ ေပ်ာက္ကင္းေအာင္ ကုသေပးႏုိင္ၿပီး ေဆးရုံက ဆင္းခြင့္ေပးလုိက္ၿပီး ျဖစ္ပါတယ္။ အခုခ်ိန္ထိ ေသဆုံးသူအေရအတြက္ကေတာ့ ၁,၁၁၃ ေယာက္ ရွိသြားပါၿပီ။”

ေဖေဖာ္၀ါရီ ၁၁ ရက္နဲ႔ ၁၂ အၾကား ဗုိင္းရပ္စ္ပုိး ကူးစက္သူ အေရအတြက္ ေလ်ာ့က်သြားတဲ့ အေျခအေနနဲ႔ပတ္သက္လုိ႔လည္း သူက အခုလုိ ဆက္ေျပာပါတယ္။

“တရက္အတြင္း ေရာဂါပုိးကူးစက္သူအေရအတြက္ စုစုေပါင္း ၂,၀၁၅ ေယာက္ ရွိခဲ့တာမွာ အဲဒီအထဲက ၁,၆၃၈ ေယာက္ဟာ Hubei ျပည္နယ္က ျဖစ္ပါတယ္။ ေနာက္ထပ္တုိးလာတဲ့ စုိးရိမ္ရတဲ့ အေနအထားရွိသူ လူနာေတြနဲ႔ပတ္သက္လုိ႔ေတာ့ Hubei ျပည္နယ္အတြင္းမွာ ၈၉၇ ေယာက္ ရွိပါတယ္။ ျပည္နယ္ေပါင္း ၁၂ ခုမွာ ကူးစက္လူနာအေရအတြက္ ၄၄ ေယာက္ ေလ်ာ့က်သြားၿပီး တႏုိင္ငံလုံး အတုိင္းအတာနဲ႔ ဆုိရင္ ၈၇၁ ေယာက္ ရွိခဲ့ပါတယ္။”

Hubei ျပည္နယ္ ျပင္ပမွာ ဗုိင္းရပ္စ္ပုိးကူးစက္သူ အေရအတြက္ဟာ လြန္ခဲ့တဲ့ သီတင္းပတ္အတြင္း ေတာက္ေလွ်ာက္ က်ဆင္းလာေနတယ္လုိ႔ ဆုိပါတယ္။
ေယဘုယ်အားျဖင့္ ေရာဂါပုိးကူးစက္သူအေရအတြက္ဟာ က်ဆင္းလာေနတယ္လုိ႔ ေျပာလုိ႔ရႏုိင္ေၾကာင္း တရုတ္အမ်ဳိးသား က်န္းမာေရးေကာ္မရွင္က အထင္ကရ သိပၸံပညာရွင္တဦးျဖစ္သူ Zhong Nanshan ကလည္း ေျပာပါတယ္။

ဒါေပမယ့္ ႀကိဳတင္ ခန္႔မွန္းခ်က္ေတြမထုတ္ခင္ ထြက္လာတဲ့ အခ်က္အလက္ေတြကုိ အနီးကပ္ ေစာင့္ၾကည့္ၾကဖုိ႔ လုိအပ္ေၾကာင္း ၾသစေတးလ်ႏုိင္ငံက က်န္းမာေရးအရာရွိခ်ဳပ္ Brendan Murphy က ၾသစေတးလ် သတင္းဌာနကုိ ေျပာၾကားခဲ့ပါတယ္။

ဒီအေတာအတြင္း ႏုိင္ငံအမ်ားအျပားက တရုတ္ျပည္ကလာတဲ့သူေတြကုိ ၀င္ေရာက္ခြင့္ ပိတ္ပင္ထားလုိက္ၿပီး ေလေၾကာင္းလုိင္း အေတာ္မ်ားမ်ားကလည္း ေလယာဥ္ပ်ံသန္းမႈေတြကုိ ရပ္ဆုိင္းထားလုိက္ပါတယ္။ အခုခ်ိန္ထိေတာ့ ဗုိင္းရပ္စ္ပုိး ကူးစက္ျခင္းရတဲ့ ႏုိင္ငံေပါင္း ၂ ဒါဇင္ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

Coronavirus ကူးစက္ပ်ံ႕ႏွ႔ံမႈ တ႐ုတ္မွာ အ႐ွိန္ေလ်ာ႔
please wait

No media source currently available

0:00 0:03:24 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

Coronavirus ကူးစက်ပျံ့နှံ့မှု တရုတ်မှာ အရှိန်လျော့

တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ Covid-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၁၀၀ ကျော်လာပြီ ဖြစ်ပေမယ့် ရောဂါပိုးကူးစက်သူ အရေအတွက်ဟာ ၂ ရက်ဆက်တိုက် ကျဆင်းလာနေကြောင်း တရုတ်အာဏာပိုင်တွေက ပြောဆိုလိုက်တဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ အခုလနှောင်းပိုင်းမှာ ပြန်ကျသွားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း AFP သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တရုတ်အစိုးရက သူ့နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အချိန်မှာဘဲ ဂျပန်ဆိပ်ကမ်းမှာ ကပ်ထားတဲ့ အပန်းဖြေ အပျော်စီးသင်္ဘောပေါ်က ကူးစက်သူ အရေအတွက်ဟာ ၁၇၄ ဦးအထိ ရှိလာတာကြောင့် ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ရောဂါပိုးကူးစက်မှု အများဆုံးနေရာ ဖြစ်လာပါတယ်။
ဒီဗိုင်းရပ်စ်ဟာ အင်မတန် ကြောက်မက်ဖွယ်ကောင်းတဲ့ အန္တရာယ်ဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားပေမယ့် ဒါကို လက်တွေ့ ထိန်းချုပ်နိုင်တဲ့ အခြေအနေရှိကြောင်း ပြောပါတယ်။

သေဆုံးသူအများစုနဲ့ ရောဂါပိုးကူးစက်ခံရသူ အများစုတို့ဟာ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ တိုင်းပြည် အလယ်ပိုင်း Hubei ပြည်နယ်ရဲ့မြို့တော် Wuhan မှာ ဖြစ်ပါတယ်။ Hubei ပြည်နယ်အတွင်းက လူပေါင်း ၅၆ သန်းလောက်ကို အာဏာပိုင်တွေက ဝင်ထွက် သွားလာခွင့် ပိတ်ပင်ထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားနိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ စီးပွားရေးဟာ မူလက ခန့်မှန်းထားတဲ့ ၅ ရာခိုင်နှုန်း ကနေ လျော့ကျပြီး ၃ ဒသမ ၂ ရာခိုင်နှုန်း ကနေ ၄ ရာခိုင်နှုန်း လောက်ဘဲ ဖွံံဖြိုးတိုးတက်မယ့် အလားအလာရှိကြောင်း ANZ ဘဏ်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ကောင်းမွန်တဲ့လက္ခဏာတခုကတော့ Hubei ပြည်နယ်အတွင်း ဗိုင်းရပ်စ်ပိုးကူးစက်သူ အရေအတွက်ဟာ ၂ ရက်ဆက်တိုက်အဖြစ် ကျဆင်းလာနေကြောင်း တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ပြောကြားလိုက်တဲ့ကိစ္စပါ။ ရောဂါပိုးကြောင့် သေဆုံးသူနဲ့ ကူးစက်သူ နောက်ဆုံး အရေအတွက်တွေကိုတော့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ပြောခွင့်ရ Mi Feng က အခုလို ပြောပြပါတယ်။

“လက်ရှိမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ ၃၈,၈၀၀ ရှိနေတာမှာ အဲဒီအထဲက ၈,၂၀၄ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ စုစုပေါင်း လူနာ ၄,၇၄၀ ကို ပျောက်ကင်းအောင် ကုသပေးနိုင်ပြီး ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီး ဖြစ်ပါတယ်။ အခုချိန်ထိ သေဆုံးသူအရေအတွက်ကတော့ ၁,၁၁၃ ယောက် ရှိသွားပါပြီ။”

ဖေဖော်ဝါရီ ၁၁ ရက်နဲ့ ၁၂ အကြား ဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက် လျော့ကျသွားတဲ့ အခြေအနေနဲ့ပတ်သက်လို့လည်း သူက အခုလို ဆက်ပြောပါတယ်။

“တရက်အတွင်း ရောဂါပိုးကူးစက်သူအရေအတွက် စုစုပေါင်း ၂,၀၁၅ ယောက် ရှိခဲ့တာမှာ အဲဒီအထဲက ၁,၆၃၈ ယောက်ဟာ Hubei ပြည်နယ်က ဖြစ်ပါတယ်။ နောက်ထပ်တိုးလာတဲ့ စိုးရိမ်ရတဲ့ အနေအထားရှိသူ လူနာတွေနဲ့ပတ်သက်လို့တော့ Hubei ပြည်နယ်အတွင်းမှာ ၈၉၇ ယောက် ရှိပါတယ်။ ပြည်နယ်ပေါင်း ၁၂ ခုမှာ ကူးစက်လူနာအရေအတွက် ၄၄ ယောက် လျော့ကျသွားပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ၈၇၁ ယောက် ရှိခဲ့ပါတယ်။”

Hubei ပြည်နယ် ပြင်ပမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ အရေအတွက်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တောက်လျှောက် ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။
ယေဘုယျအားဖြင့် ရောဂါပိုးကူးစက်သူအရေအတွက်ဟာ ကျဆင်းလာနေတယ်လို့ ပြောလို့ရနိုင်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က အထင်ကရ သိပ္ပံပညာရှင်တဦးဖြစ်သူ Zhong Nanshan ကလည်း ပြောပါတယ်။

ဒါပေမယ့် ကြိုတင် ခန့်မှန်းချက်တွေမထုတ်ခင် ထွက်လာတဲ့ အချက်အလက်တွေကို အနီးကပ် စောင့်ကြည့်ကြဖို့ လိုအပ်ကြောင်း သြစတေးလျနိုင်ငံက ကျန်းမာရေးအရာရှိချုပ် Brendan Murphy က သြစတေးလျ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း နိုင်ငံအများအပြားက တရုတ်ပြည်ကလာတဲ့သူတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ထားလိုက်ပြီး လေကြောင်းလိုင်း အတော်များများကလည်း လေယာဉ်ပျံသန်းမှုတွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။ အခုချိန်ထိတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းရတဲ့ နိုင်ငံပေါင်း ၂ ဒါဇင် ကျော်သွားပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG