(Zawgyi / Unicode)
တ႐ုတ္ႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈအသစ္ေတြ ေလ်ာ့က်လာေပမယ့္ အာရွ၊ ဥေရာပနဲ႔ အေရွ႕အလယ္ပုိင္း ေဒသေတြမွာ ေနာက္ထပ္ ကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ တုိးလာေနပါတယ္။
ဗုိင္းရပ္စ္ကူးစက္မွာ စုိးရိမ္မႈေၾကာင့္ ေတာင္ကုိရီးယားကလာတဲ့ ေလယာဥ္တစင္းမွာ ပါလာတဲ့ ခရီးသည္ ၂၀၀ ေလာက္ကုိလည္း အစၥေရးလ္ႏုိင္ငံက စေနေန႔မွာ ၀င္ခြင့္ေပးဖုိ႔ ျငင္းဆန္ခဲ့ပါတယ္။
အစၥေရးလ္ခရီးသည္ ၁၂ ေယာက္ကုိသာ ဆင္းခြင့္ျပဳၿပီး သီးသန္႔ခဲြၿပီး စစ္ေဆးဖုိ႔ အေရးေပၚ လူနာတင္ကားေတြနဲ႔ ေခၚထုတ္သြားၿပီး ေလယာဥ္ကုိ ေတာင္ကုိရီးယားႏုိင္ငံ လွည့္ျပန္ခုိင္းခဲ့ေၾကာင္းလည္း အစၥေရးလ္ က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳခဲ့ပါတယ္။
ေသာၾကာေန႔က ပထမဆုံး ကူးစက္မႈကုိ အတည္ျပဳခဲ့တဲ့ အစၥေရးလ္ႏုိင္ငံက ဂ်ပန္၊ ေတာင္ကုိရီးယားႏုိင္ငံေတြက ေလယာဥ္ခရီးစဥ္ေတြ အားလုံးကုိလည္း စေနေန႔မွာပဲ ပိတ္ပစ္လုိက္ၿပီး ေဟာင္ေကာင္၊ မကာအုိ၊ စင္ကာပူနဲ႔ ထုိင္းႏုိင္ငံေတြမွာ ေနထုိင္သူ ဒါမွမဟုတ္ အလည္အပတ္ သြားသူေတြကုိလည္း အ၀င္မခံဖုိ႔ ေၾကညာထားပါတယ္။
အေရွ႕အလယ္ပုိင္းေဒသမွာ အဆုိးဆုံးႀကံဳေနရတဲ့ အီရန္ႏုိင္ငံမွာေတာ့ စေနေန႔အထိ ေသဆုံးသူ ၆ ဦး၊ ကူးစက္သူ ၂၈ ဦးအထိ အတည္ျပဳထားတာပါ။
ဥေရာပတုိက္မွာေတာ့ အခုေနာက္ဆုံး အဆုိးဆုံး ႀကံဳေနရတဲ့ အီတလီႏုိင္ငံမွာ စေနေန႔အထိ ေသဆုံးသူ ၂ ဦးနဲ႔ ကူးစက္သူ ၇၉ ေယာက္ ရွိေနပါတယ္။
ကမာၻ႔က်န္းမာေရးအဖဲြ႔ WHO ကေတာ့ တ႐ုတ္ႏုိင္ငံျပင္ပက ႏုိင္ငံေပါင္း ၂၆ ႏုိင္ငံမွာ ကူးစက္မႈေပါင္း ၁၂၀၀ ေက်ာ္ထက္မနည္း ရွိေနေၾကာင္းလည္း စေနေန႔က သတင္းထုတ္ျပန္ထားပါတယ္။
-------------------------------
(Unicode)
တရုတ်နိုင်ငံပြင်ပ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း တိုး
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ လျော့ကျလာပေမယ့် အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ နောက်ထပ် ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှာ စိုးရိမ်မှုကြောင့် တောင်ကိုရီးယားကလာတဲ့ လေယာဉ်တစင်းမှာ ပါလာတဲ့ ခရီးသည် ၂၀၀ လောက်ကိုလည်း အစ္စရေးလ်နိုင်ငံက စနေနေ့မှာ ဝင်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
အစ္စရေးလ်ခရီးသည် ၁၂ ယောက်ကိုသာ ဆင်းခွင့်ပြုပြီး သီးသန့်ခွဲပြီး စစ်ဆေးဖို့ အရေးပေါ် လူနာတင်ကားတွေနဲ့ ခေါ်ထုတ်သွားပြီး လေယာဉ်ကို တောင်ကိုရီးယားနိုင်ငံ လှည့်ပြန်ခိုင်းခဲ့ကြောင်းလည်း အစ္စရေးလ် ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
သောကြာနေ့က ပထမဆုံး ကူးစက်မှုကို အတည်ပြုခဲ့တဲ့ အစ္စရေးလ်နိုင်ငံက ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေက လေယာဉ်ခရီးစဉ်တွေ အားလုံးကိုလည်း စနေနေ့မှာပဲ ပိတ်ပစ်လိုက်ပြီး ဟောင်ကောင်၊ မကာအို၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာ နေထိုင်သူ ဒါမှမဟုတ် အလည်အပတ် သွားသူတွေကိုလည်း အဝင်မခံဖို့ ကြေညာထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အဆိုးဆုံးကြုံနေရတဲ့ အီရန်နိုင်ငံမှာတော့ စနေနေ့အထိ သေဆုံးသူ ၆ ဦး၊ ကူးစက်သူ ၂၈ ဦးအထိ အတည်ပြုထားတာပါ။
ဥရောပတိုက်မှာတော့ အခုနောက်ဆုံး အဆိုးဆုံး ကြုံနေရတဲ့ အီတလီနိုင်ငံမှာ စနေနေ့အထိ သေဆုံးသူ ၂ ဦးနဲ့ ကူးစက်သူ ၇၉ ယောက် ရှိနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ တရုတ်နိုင်ငံပြင်ပက နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ ကူးစက်မှုပေါင်း ၁၂၀၀ ကျော်ထက်မနည်း ရှိနေကြောင်းလည်း စနေနေ့က သတင်းထုတ်ပြန်ထားပါတယ်။