သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားမွာ ကို႐ိုနာပိုးကူးစက္မႈ ျမန္ဆန္


ကို႐ိုနာဗုိင္းရပ္စ္ ကာကြယ္ေရး မ်က္ႏွာဖုံးမ်ား တပ္ဆင္ထားသည့္ Daegu ၿမိဳ႕မွ ေဈးဆုိင္ပုိင္ရွင္မ်ား။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ေတာင္ကိုရီးယားႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရတဲ့လူနာဟာ ၿပီးခဲ့တဲ့ ၄ ရက္အတြင္း ၆ ဆ တိုးသြားတယ္လို႔ ေတာင္ကိုရီးယား တာ၀န္ရွိသူေတြက ဒီကေန႔ စေနေန႔မွာ ေျပာပါတယ္။

ေတာင္ကိုရီးယားမွာ ကို႐ိုနာကူးစက္လူနာ ၃၄၆ ဦးထိ ရွိသြားပါၿပီ။ လူနာအမ်ားစုကေတာ့ Daegu ၿမိဳ႕နဲ႔ အနီးတ၀ိုက္က ခရစ္ယာန္ဘုရားေက်ာင္း တေက်ာင္းအျပင္ ေဆး႐ုံတခုနဲ႔လည္း ဆက္စပ္ေနတာပါ။

ဒီအေျခအေနေတြေၾကာင့္ Daegu က လူသြားလူလာမ်ားတဲ့ ေနရာေတြ ေရွာင္ရွားဖို႔ သတိေပးခ်က္ေတြ ထုတ္ျပန္ထားသလို စာသင္ေက်ာင္းေတြကိုလည္း ပိတ္ထားပါတယ္။

Daegu ၿမိဳ႕အနီးက Chungdo ၿမိဳ႕ ေဆး႐ုံမွာေတာ့ ေရာဂါျပန္႔ပြားမႈ မရွိေအာင္ဆိုၿပီး ေဆး၀ါးနဲ႔ ပစၥည္းကိရိယာေတြကို တေနရာနဲ႔တေနရာ ႀကိဳးနဲ႔ သြယ္တန္းၿပီး ေပးပို႔ေနၾကတာပါ။

ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈဟာ ဆိုးရြားတဲ့ အေနအထားတခုကို ေရာက္လာေနၿပီလို႔ ေတာင္ကိုရီးယား က်န္းမာေရးဒု၀န္ႀကီး Kim Gang-lip က ေျပာပါတယ္။ ဒါေပမယ့္လည္း Deagu ၿမိဳ႕တ၀ိုက္ကိုေတာ့ ထိန္းခ်ဳပ္ထားႏုိင္မယ္လို႔လည္း ေျပာဆိုသြားပါတယ္။

လူဦးေရ ၂ သန္းခြဲရွိတဲ့ Deagu ၿမိဳ႕မွာ ပထမဆုံး ေရာဂါကူးစက္ခံထားရသူကုိ ၿပီးခဲ့တဲ့ အဂၤါေန႔ကမွ ေတြ႔ရွိခဲ့တာျဖစ္ၿပီး ဒီေရာဂါေၾကာင့္ ေသဆုံးသူ ၂ ဦး ရွိသြားပါၿပီ။

လူနာ ၁၇၀ ကေတာ့ Shincheonji ခရစ္ယာန္ဘုရားေက်ာင္းနဲ႔ ဆက္စပ္ေနတာပါ။ အဲဒီဘုရားေက်ာင္းကို ၂ ႀကိမ္ တက္ေရာက္ခဲ့တဲ့ အသက္ ၆၀ အရြယ္ အမ်ိဳးသမီးမွာ ေရာဂါပိုးရွိေၾကာင္း စမ္းသပ္ေတြ႔ရွိခဲ့တာလည္း ျဖစ္ပါတယ္။

Daegu ၿမိဳ႕ကို အထူးစီမံခန္႔ခြဲရမယ့္ ဇုန္အျဖစ္ ဗဟိုအစိုးရက ေၾကညာလုိက္သလို ေဆး႐ုံအတြက္ လိုအပ္တဲ့ အိပ္ယာကုတင္၊ ေဆး၀ါးကိရိယာေတြနဲ႔ ေဆး၀န္ထမ္းေတြကို ေပးပို႔ထားပါတယ္။

----------------------------------

(Unicode)

တောင်ကိုရီးယားမှာ ကိုရိုနာပိုးကူးစက်မှု မြန်ဆန်

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူနာဟာ ပြီးခဲ့တဲ့ ၄ ရက်အတွင်း ၆ ဆ တိုးသွားတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။

တောင်ကိုရီးယားမှာ ကိုရိုနာကူးစက်လူနာ ၃၄၆ ဦးထိ ရှိသွားပါပြီ။ လူနာအများစုကတော့ Daegu မြို့နဲ့ အနီးတဝိုက်က ခရစ်ယာန်ဘုရားကျောင်း တကျောင်းအပြင် ဆေးရုံတခုနဲ့လည်း ဆက်စပ်နေတာပါ။

ဒီအခြေအနေတွေကြောင့် Daeguက လူသွားလူလာများတဲ့ နေရာတွေ ရှောင်ရှားဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားသလို စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။

Daegu မြို့အနီးက Chungdo မြို့ ဆေးရုံမှာတော့ ရောဂါပြန့်ပွားမှု မရှိအောင်ဆိုပြီးဆေးဝါးနဲ့ ပစ္စည်းကိရိယာတွေကို တနေရာနဲ့တနေရာ ကြိုးနဲ့ သွယ်တန်းပြီး ပေးပို့နေကြတာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ဆိုးရွားတဲ့ အနေအထားတခုကို ရောက်လာနေပြီလို့ တောင်ကိုရီးယား ကျန်းမာရေးဒုဝန်ကြီး Kim Gang-lip က ပြောပါတယ်။ ဒါပေမယ့်လည်း Deagu မြို့တဝိုက်ကိုတော့ ထိန်းချုပ်ထားနိုင်မယ်လို့လည်း ပြောဆိုသွားပါတယ်။

လူဦးရေ ၂ သန်းခွဲရှိတဲ့ Deagu မြို့မှာ ပထမဆုံး ရောဂါကူးစက်ခံထားရသူကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ တွေ့ရှိခဲ့တာဖြစ်ပြီး ဒီရောဂါကြောင့် သေဆုံးသူ ၂ ဦး ရှိသွားပါပြီ။

လူနာ ၁၇၀ ကတော့ Shincheonjiခရစ်ယာန်ဘုရားကျောင်းနဲ့ ဆက်စပ်နေတာပါ။ အဲဒီဘုရားကျောင်းကို ၂ ကြိမ် တက်ရောက်ခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးမှာ ရောဂါပိုးရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Daegu မြို့ကို အထူးစီမံခန့်ခွဲရမယ့် ဇုန်အဖြစ် ဗဟိုအစိုးရက ကြေညာလိုက်သလို ဆေးရုံအတွက် လိုအပ်တဲ့ အိပ်ယာကုတင်၊ ဆေးဝါးကိရိယာတွေနဲ့ ဆေးဝန်ထမ်းတွေကို ပေးပို့ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG