သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ေၾကာင့္ တရုတ္အပါအ၀င္ ကမၻာ့စီးပြားေရးထိခုိက္


(Zawgyi/Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ တ႐ုတ္ႏုိင္ငံမွာ သာမက ကမာၻအႏွံ႔က တ႐ုတ္စီးပြားေရး လုပ္ငန္းေတြမွာပါ ႐ုိက္ခတ္မႈေတြနဲ႔ ႀကံဳေနရပါတယ္။ ဗုိင္းရပ္စ္ကူးမွာ စုိးရိမ္မႈေတြေၾကာင့္ ပုံမွန္အခ်ိန္မွာ စည္ကားေလ့ရွိတဲ့ တ႐ုတ္တန္းေတြမွာ ဆုိရင္လည္း အေရာင္းအ၀ယ္ေတြ ေအးစက္လာေနတာပါ။ တ႐ုတ္ႏုိင္ငံက စလုိက္တဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ကမာၻတ၀ွမ္းက စီးပြားေရး လုပ္ငန္းေတြအေပၚ ႐ုိက္ခတ္လာေနတဲ့ အေၾကာင္း AFP သတင္းေဆာင္းပါးကိုေတာ့ ကုိေအာင္လြင္ဦးက ေျပာျပေပးမွာ ျဖစ္ပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ လူေပါင္းေထာင္ခ်ီေသဆုံးၿပီး ႏုိင္ငံေပါင္း ၂ ဒါဇင္ေက်ာ္အထိ ကူးစက္လာေနတာေၾကာင့္ အာရွ၊ ပစိဖိတ္နဲ႔ ဥေရာပ အပါအ၀င္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ စုိးရိမ္ေနၾကတာပါ။ ဗုိင္းရပ္စ္ကူးစက္မႈေၾကာင့္ လူတစ္ဦးေသဆုံးခဲ့တဲ့ အာရွတိုိက္က ဖိလစ္ပုိင္ ႏုိင္ငံမွာ ဆုိရင္လည္း စုိးရိမ္စိတ္ေၾကာင့္ သာမာန္အခ်ိန္ေတြမွာ အၿမဲလုိလုိ စည္ကားေနေလ့ရွိတဲ့ မနီလာၿမဳိ႕ေတာ္က တ႐ုတ္တန္းကုိ လူေတြ ေရွာင္လာၾကတယ္လုိ႔ အေရာင္းေစ်းသည္ Weng Milan ကေျပာပါတယ္။

“Binondo တ႐ုတ္တန္းမွာ ဒီသတင္းၾကားကတည္းက လူေတြက အထိတ္တလန္႔ ျဖစ္ေနၾကတာပါ။”

စုိးရိမ္စိတ္ေၾကာင့္ ပစၥည္းေတြ အလုအယက္ ၀ယ္သူေတြရွိသလုိ၊ အိမ္အေရာက္ပုိ႔ဖုိ႔ မွာသူေတြ ရွိတယ္လုိ႔လည္း မနီလာၿမဳိ႕ေတာ္ တ႐ုတ္တန္းက ေစ်းသည္ေတြက ေျပာပါတယ္။

ဒီသီတင္းပတ္ အေစာပုိင္းအထိ ကူးစက္သူ ၁၅ ေယာက္ထက္မနည္း ရွိေနတဲ့ ၾသစေၾတးလ်ႏုိင္ငံမွာလည္း အလားတူ အေျခအေနနဲ႔ ႀကံဳေနရတာပါ။ မယ္လ္ဘုန္းၿမိဳ႕က တ႐ုတ္တန္းမွာ ဆုိရင္လည္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈသတင္းနဲ႔အတူ အေရာင္းအ၀ယ္ေတြ သိသိသာသာ က်ဆင္းသြားတယ္လုိ႔လည္း စားေသာက္ဆုိင္ပုိင္ရွင္ တစ္ဦးျဖစ္တဲ့ Max Huang ကေျပာပါတယ္။

“လူေတြက အတြင္းစိတ္မွာ ေၾကာက္ေနၾကတာေၾကာင့္ အျပင္မထြက္ခ်င္ၾကေတာ့ပါဘူး။ သတင္းေတြကလည္း အဆုိးေတြခ်ည္းပါပဲ။ တ႐ုတ္ျပည္က ဗုိင္းရပ္စ္ဆုိၿပီး ေျပာၾကေတာ့ တ႐ုတ္တန္းနဲ႔ တ႐ုတ္လူမ်ဳိးေတြ ရွိတဲ့ေနရာမ်ဳိးမွာ လူေတြက ပုိေၾကာက္ၾကပါတယ္။ ဒါေၾကာင့္လည္း မလုိအပ္ရင္ လာမစားၾကေတာ့ပါဘူး။”

ဗုိင္းရပ္စ္ ကူးစက္မႈျဖစ္ကာစမွာ အေရာင္းအ၀ယ္ေတြ သိသိသာသာ က်ခဲ့ေပမဲ့ အခုအခါမွာေတာ့ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ သိလာၾကတဲ့အတြက္ သက္သာရာရစျပဳလာၿပီလုိ႔လည္း သူကေျပာပါတယ္။

ဗုိင္းရပ္စ္ကူးစက္မႈကုိ ဟန္႔တားတဲ့အေနနဲ႔ တ႐ုတ္ႏုိင္ငံနဲ႔ ကူးလူးဆက္ဆံမႈေတြကုိ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားက ကန္႔သတ္လုိက္တဲ့အတြက္ စီးပြားေရးလုပ္ငန္းေတြအတြက္ အထိနာေနတဲ့အထဲမွာေတာ့ မယ္လ္ဘုန္းၿမိဳ႕ တ႐ုတ္တန္းက ကိတ္မုန္႔ဆုိင္ပုိင္ရွင္ Su Yin လည္း တစ္ဦးအပါအ၀င္ပါ။

“က်ေနာ္တုိ႔ အဓိကေဖာက္သယ္ေတြက တ႐ုတ္ျပည္ကပါ။ အစုိးရက ခရီးသြားေတြကုိ တားျမစ္လုိက္သလုိ၊ ေက်ာင္းသားေတြလည္း ၾသစေၾတးလ် ျပန္မလာႏုိင္ၾကေတာ့ က်ေနာ္တုိ႔အတြက္ အေတာ္အခက္အခဲ ေတြ႔ပါတယ္။”

တ႐ုတ္ႏုိင္ငံကေန စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ဗုိင္းရပ္စ္ပုိးဟာ အခုအခါ အာရွ၊ ပစိဖိတ္ ေဒသတြင္း သာမက ဥေရာပ၊ ေျမာက္အေမရိက၊ အေရွ႕အလယ္ပုိင္း ေဒသနဲ႔ အာဖရိကတုိက္အထိ ကူးစက္ေနတာပါ။ တနလၤာေန႔အထိ ကူးစက္သူ ၉ ေယာက္ထက္မနည္း ရွိေနတဲ့ ၿဗိတိန္ႏုိင္ငံမွာဆုိရင္လည္း ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္စုိးရိမ္မႈေၾကာင့္ တ႐ုတ္တန္းလုိ ေနရာမ်ဳိးမွာ စီးပြားေရးလုပ္ငန္းေတြ သိသိသာသာ ထိခုိက္ေနေၾကာင္း လန္ဒန္ၿမိဳ႕ေတာ္ တ႐ုတ္တန္းက တ႐ုတ္အသင္း ဒု-ဥကၠ႒ David Tang ကေျပာပါတယ္။

“တ႐ုတ္တန္းမွာ လူေတြလာ စားေသာက္တာေတြ မလုပ္ၾကေတာ့ပါဘူး။ တ႐ုတ္တန္းက ဗုိင္းရပ္စ္အလြယ္တကူ ကူးႏုိင္တဲ့ေနရာလုိ႔ ယူဆၾကပုံရပါတယ္။ ဒါကမွန္တယ္လုိ႔ မထင္ပါဘူး။ ဒါေပမဲ့လည္း လူေတြၾကားမွာ စုိးရိမ္ေၾကာက္လန္႔ေနၾကၿပီး လာစားမယ့္လူလည္း မရွိေတာ့ တ႐ုတ္တန္းမွာ ဘာမွအလုပ္မျဖစ္ေတာ့ပါဘူး။ တ႐ုတ္တန္းက လုပ္ငန္းေတြမွာ ႐ုိတ္ခတ္မႈေတြ ႀကံဳေနရပါတယ္။ ၿပီးခဲ့တဲ့ အပတ္ထဲ လုပ္ငန္းရွင္ ေတာ္ေတာ္မ်ားမ်ားနဲ႔ ေျပာျဖစ္တဲ့အခါ အနည္းဆုံး ၂၀ ရာခုိင္ႏႈန္းေလာက္ အ႐ႈံးေပၚတယ္လုိ႔ သူတုိ႔က ေျပာၾကပါတယ္။”

ဗုိင္းရပ္စ္ကူးစက္မႈဒဏ္ အဓိက ခံေနရတဲ့ တ႐ုတ္ႏုိင္ငံထဲမွာလည္း စီးပြားေရးလုပ္ငန္းေတြဟာ ေဖေဖာ္၀ါရီလထဲ သိသိသာသာ ထိခုိက္ႏုိင္ေၾကာင္း အစုိးရတာ၀န္ရွိသူေတြက ေျပာဆုိထားၾကတာပါ။ အထူးသျဖင့္ ကုန္ထုတ္လုပ္မႈ လုပ္ငန္းေတြမွာ ႀကီးႀကီးမားမား ႐ုိက္ခတ္ႏုိင္ေၾကာင္း တ႐ုတ္အစုိးရရဲ႕ ပုိင္ဆုိင္မႈဆုိင္ရာ ႀကီးၾကပ္ေရးနဲ႔ အုပ္ခ်ဳပ္မႈေရးရာ ေကာ္မရွင္ ဒုတိယညႊန္ၾကားေရးမွဴး Ren Hongbin က အဂၤါေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

Coronavirus ကြောင့် တရုတ်အပါအဝင် ကမ္ဘာ့စီးပွားရေးထိခိုက်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံမှာ သာမက ကမ္ဘာအနှံ့က တရုတ်စီးပွားရေး လုပ်ငန်းတွေမှာပါ ရိုက်ခတ်မှုတွေနဲ့ ကြုံနေရပါတယ်။ ဗိုင်းရပ်စ်ကူးမှာ စိုးရိမ်မှုတွေကြောင့် ပုံမှန်အချိန်မှာ စည်ကားလေ့ရှိတဲ့ တရုတ်တန်းတွေမှာ ဆိုရင်လည်း အရောင်းအဝယ်တွေ အေးစက်လာနေတာပါ။ တရုတ်နိုင်ငံက စလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းက စီးပွားရေး လုပ်ငန်းတွေအပေါ် ရိုက်ခတ်လာနေတဲ့ အကြောင်း AFP သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်းထောင်ချီသေဆုံးပြီး နိုင်ငံပေါင်း ၂ ဒါဇင်ကျော်အထိ ကူးစက်လာနေတာကြောင့် အာရှ၊ ပစိဖိတ်နဲ့ ဥရောပ အပါအဝင် နိုင်ငံတော်တော်များများမှာ စိုးရိမ်နေကြတာပါ။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့တဲ့ အာရှတိုက်က ဖိလစ်ပိုင် နိုင်ငံမှာ ဆိုရင်လည်း စိုးရိမ်စိတ်ကြောင့် သာမာန်အချိန်တွေမှာ အမြဲလိုလို စည်ကားနေလေ့ရှိတဲ့ မနီလာမြို့တော်က တရုတ်တန်းကို လူတွေ ရှောင်လာကြတယ်လို့ အရောင်းဈေးသည် Weng Milan ကပြောပါတယ်။

“Binondo တရုတ်တန်းမှာ ဒီသတင်းကြားကတည်းက လူတွေက အထိတ်တလန့် ဖြစ်နေကြတာပါ။”

စိုးရိမ်စိတ်ကြောင့် ပစ္စည်းတွေ အလုအယက် ဝယ်သူတွေရှိသလို၊ အိမ်အရောက်ပို့ဖို့ မှာသူတွေ ရှိတယ်လို့လည်း မနီလာမြို့တော် တရုတ်တန်းက ဈေးသည်တွေက ပြောပါတယ်။

ဒီသီတင်းပတ် အစောပိုင်းအထိ ကူးစက်သူ ၁၅ ယောက်ထက်မနည်း ရှိနေတဲ့ သြစတြေးလျနိုင်ငံမှာလည်း အလားတူ အခြေအနေနဲ့ ကြုံနေရတာပါ။ မယ်လ်ဘုန်းမြို့က တရုတ်တန်းမှာ ဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသတင်းနဲ့အတူ အရောင်းအဝယ်တွေ သိသိသာသာ ကျဆင်းသွားတယ်လို့လည်း စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်တဲ့ Max Huang ကပြောပါတယ်။

“လူတွေက အတွင်းစိတ်မှာ ကြောက်နေကြတာကြောင့် အပြင်မထွက်ချင်ကြတော့ပါဘူး။ သတင်းတွေကလည်း အဆိုးတွေချည်းပါပဲ။ တရုတ်ပြည်က ဗိုင်းရပ်စ်ဆိုပြီး ပြောကြတော့ တရုတ်တန်းနဲ့ တရုတ်လူမျိုးတွေ ရှိတဲ့နေရာမျိုးမှာ လူတွေက ပိုကြောက်ကြပါတယ်။ ဒါကြောင့်လည်း မလိုအပ်ရင် လာမစားကြတော့ပါဘူး။”

ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ကာစမှာ အရောင်းအဝယ်တွေ သိသိသာသာ ကျခဲ့ပေမဲ့ အခုအခါမှာတော့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် သိလာကြတဲ့အတွက် သက်သာရာရစပြုလာပြီလို့လည်း သူကပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားတဲ့အနေနဲ့ တရုတ်နိုင်ငံနဲ့ ကူးလူးဆက်ဆံမှုတွေကို နိုင်ငံတော်တော်များများက ကန့်သတ်လိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် အထိနာနေတဲ့အထဲမှာတော့ မယ်လ်ဘုန်းမြို့ တရုတ်တန်းက ကိတ်မုန့်ဆိုင်ပိုင်ရှင် Su Yin လည်း တစ်ဦးအပါအဝင်ပါ။

“ကျနော်တို့ အဓိကဖောက်သယ်တွေက တရုတ်ပြည်ကပါ။ အစိုးရက ခရီးသွားတွေကို တားမြစ်လိုက်သလို၊ ကျောင်းသားတွေလည်း သြစတြေးလျ ပြန်မလာနိုင်ကြတော့ ကျနော်တို့အတွက် အတော်အခက်အခဲ တွေ့ပါတယ်။”

တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးဟာ အခုအခါ အာရှ၊ ပစိဖိတ် ဒေသတွင်း သာမက ဥရောပ၊ မြောက်အမေရိက၊ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိကတိုက်အထိ ကူးစက်နေတာပါ။ တနင်္လာနေ့အထိ ကူးစက်သူ ၉ ယောက်ထက်မနည်း ရှိနေတဲ့ ဗြိတိန်နိုင်ငံမှာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်စိုးရိမ်မှုကြောင့် တရုတ်တန်းလို နေရာမျိုးမှာ စီးပွားရေးလုပ်ငန်းတွေ သိသိသာသာ ထိခိုက်နေကြောင်း လန်ဒန်မြို့တော် တရုတ်တန်းက တရုတ်အသင်း ဒု-ဥက္ကဋ္ဌ David Tang ကပြောပါတယ်။

“တရုတ်တန်းမှာ လူတွေလာ စားသောက်တာတွေ မလုပ်ကြတော့ပါဘူး။ တရုတ်တန်းက ဗိုင်းရပ်စ်အလွယ်တကူ ကူးနိုင်တဲ့နေရာလို့ ယူဆကြပုံရပါတယ်။ ဒါကမှန်တယ်လို့ မထင်ပါဘူး။ ဒါပေမဲ့လည်း လူတွေကြားမှာ စိုးရိမ်ကြောက်လန့်နေကြပြီး လာစားမယ့်လူလည်း မရှိတော့ တရုတ်တန်းမှာ ဘာမှအလုပ်မဖြစ်တော့ပါဘူး။ တရုတ်တန်းက လုပ်ငန်းတွေမှာ ရိုတ်ခတ်မှုတွေ ကြုံနေရပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲ လုပ်ငန်းရှင် တော်တော်များများနဲ့ ပြောဖြစ်တဲ့အခါ အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက် အရှုံးပေါ်တယ်လို့ သူတို့က ပြောကြပါတယ်။”

ဗိုင်းရပ်စ်ကူးစက်မှုဒဏ် အဓိက ခံနေရတဲ့ တရုတ်နိုင်ငံထဲမှာလည်း စီးပွားရေးလုပ်ငန်းတွေဟာ ဖေဖော်ဝါရီလထဲ သိသိသာသာ ထိခိုက်နိုင်ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောဆိုထားကြတာပါ။ အထူးသဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ကြီးကြီးမားမား ရိုက်ခတ်နိုင်ကြောင်း တရုတ်အစိုးရရဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ကြီးကြပ်ရေးနဲ့ အုပ်ချုပ်မှုရေးရာ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး Ren Hongbin က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG