သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာပိုး လက္ခဏာမပြဘဲ သယ်ဆောင်ကူးစက်နိုင်ကြောင်း တွေ့ရ


ဘေဂျင်းမြို့ ဘတ်စ်ကားတစီးပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး မျက်နှာဖုံးတပ်ထားသည့် ခရီးသည်တဦး။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀)
ဘေဂျင်းမြို့ ဘတ်စ်ကားတစီးပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး မျက်နှာဖုံးတပ်ထားသည့် ခရီးသည်တဦး။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး ရောဂါလက္ခဏာ ပြသခြင်းမရှိတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က အမျိုးသမီးတဦးဆီကနေ သူ့ရဲ့ ဆွေမျိုးတွေဆီ သွားလည်စဉ်မှာ ဆွေမျိုး ၅ ယောက် ထပ်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပါတယ်။

အဲဒီအမျိုးသမီးဟာ ဝူဟန်မြို့ကနေ မြောက်ဘက် မိုင် ၄၀၀ လောက်ဝေးတဲ့ Anyang မြို့က သူ့ရဲ့အမျိုးတွေဆီကို သွားစဉ်မှာ ကူးစက်မှု ဖြစ်ပွားခဲ့တာပါ။

ဒီဗိုင်းရပ်စ်ပိုးဟာ ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ ကူးစက်နိုင်တယ်ဆိုတာကို နောက်ထပ် သက်သေပြလိုက်တာပဲ ဖြစ်တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဝူဟန်မြို့က အဲဒီအမျိုးသမီးဟာ ဇန်နဝါရီ ၁၀ ရက်နေ့က သူ့ရဲ့အမျိုးတွေ အတော်များများဆီ သွားရောက်လည်ပတ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့အမျိုးတွေဟာ ဖျားနာခဲ့ကြောင်း၊ အဲဒီနောက် ဝူဟန်မြို့က အဲဒီအမျိုးသမီးကို သီးသန့်ခွဲပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်တဲ့အခါမှာ ပထမတခါမှာ လက္ခဏာပြသခြင်း မရှိပေမယ့် ဒုတိယတခါမှာတော့ ဗိုင်းရပ်စ်ပိုးရှိတယ်ဆိုတာကို ပြသခဲ့တယ်လို့ Zhengzhou တက္ကသိုလ်ဆေးရုံက Dr. Meiyun Wang က ပြောပါတယ်။

coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ

အမေရိကန် ဆေးပညာအဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဆေးပညာဂျာနယ်မှာတော့ ဒီ ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြထားပြီး ဘာကြောင့် ဒီဗိုင်းရပ်စ်မပြန့်အောင် ထိန်းချုပ်ဖို့ ခက်ခဲနိုင်တယ်လို့လည်း ပြောပါတယ်။

Vanderbilt တက္ကသိုလ် ဆေးပညာဌာနက ကူးစက်ရောဂါကျွမ်းကျင်သူ ဒေါက်တာ William Schaffner က ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အဖျားရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံရနိုင်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၇ သောင်းခွဲကျော်ရှိပြီး သေဆုံးသူ ၂၂၃၉ ယောက်ထက်မနည်း ရှိပါတယ်။ အခုချိန်ထိတော့ ဒီဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံကနေ တခြားနိုင်ငံ ၂၆ နိုင်ငံကိုပါ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။

-----------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG