သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ Coronavirus ကူးစက်မှုကြုံနိုင်ကြောင်း CDC သတိပေး


CDC ရဲ့ ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူ Dr. Nancy Messonnier
CDC ရဲ့ ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူ Dr. Nancy Messonnier

(Zawgyi/Unicode)

အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကြုံရနိုင်တဲ့အတွက် သတိထားကြဖို့ ကူးစက်ရောဂါ ထိန်းချုပ်တားဆီးရေးဌာန (CDC) က သတိပေးလိုက်ပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်လာနိုင်သလားဆိုတာကို မေးရမယ့် အချိန်မဟုတ်ပဲ ဒီတိုင်းပြည်မှာ ဘယ်အချိန်စဖြစ်မလဲ၊ လူဘယ်လောက်များများ ဘယ်လောက် ပြင်းပြင်းထန်ထန် ခံစားရမလဲ ဆိုတာကို အတိအကျ မေးခွန်းထုတ်တော့မှာဖြစ်ကြောင်း CDC ရဲ့ ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူ Dr. Nancy Messonnier က အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

ဗိုင်းရပ်စ် ကူးစက်မှုကြောင့် နေ့တဓူ၀ ဘဝတွေအပေါ် အကြီးအကျယ် ရိုတ်ခတ်လာနိုင်တယ်ဆိုတာကို အမေရိကန် နိုင်ငံသားတွေ မျှော်လင့်ထားဖို့လည်း သတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်မှာ ကူးစက်မှု ဘယ်လောက်အထိ ပြင်းထန်မယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်သေးဘူးလို့လည်း ပြောပါတယ်။

သမ္မတ Donald Trump ကတော့ ဗိုင်းရပ်စ် အန္တရာယ်နဲ့ ပတ်သက်လို့ အမေရိကန်မှာ အခြေအနေကောင်းတဲ့အကြောင်း ပြောဆိုထားတာပါ။ CDC အရာရှိ Dr. Messonnier ကတော့ အခြေအနေဆိုးနဲ့ ကြုံလာရင် ပြင်ဆင်ထားဖို့ သတိပေးပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ကြုံရရင် အမြန်ဆုံး တုံ့ပြန်နိုင်အောင် ပြင်ဆင်ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတွေ အင်္ဂါနေ့မှာ သတိပေးခဲ့ပြီး နောက်မှာပဲ အမေရိကန်က ဗိုင်းရပ်စ် အန္တရာယ်နဲ့ ပတ်သက်လို့ သတိပေးလိုက်တာပါ။ ကမ္ဘာတဝှမ်း နိုင်ငံတွေမှာ ဗိုင်းရပ်စ်အန္တရာယ်အတွက် အဆင်သင့် မဖြစ်ခဲ့ကြပေမဲ့ ပြင်ဆင်မယ်ဆိုရင် အချိန်ရှိသေးကြောင်းလည်း WHO ရဲ့ တရုတ်နိုင်ငံက ဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအစဉ်မှာ ဦးဆောင်နေသူ Dr. Bruce Aylward ကပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုကို တရုတ်နိုင်ငံမှာ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့တာကို နမူနာယူဖို့လည်း တိုက်တွန်းခဲ့တာပါ။ တရုတ်နိုင်ငံမှာတော့ သေဆုံးသူ နောက်ထပ် ၇၁ ယောက်နဲ့ ကူးစက်သူလူနာသစ် ၅၀၈ ယောက် ရှိခဲ့ကြောင်း တရုတ်ကျန်းမာရေး အရာရှိတွေ အင်္ဂါနေ့က သတင်းထုတ်ပြန်ထားတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၂,၆၆၃ ယောက်နဲ့ ကူးစက်သူ ၇၇,၅၀၀ အထိ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG