သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid-19 ေရာဂါေစာင့္ၾကည့္ေရး ျမန္မာအရွိန္ျမႇင့္ ေဆာင္ရြက္ေန


ျမန္မာျပည္တြင္း ဆိုက္ေရာက္ေလယာဥ္ေပၚက ခရီးသည္မ်ားကို က်န္းမာေရး၀န္ထမ္းက စစ္ေဆးေန (Photo by Sam YEH / AFP)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID- 19 အတည္ျပဳလူနာ မရွိေသးေပမယ့္ ေရာဂါေစာင့္ၾကည့္ေရးလုပ္ငန္းေတြကုိ အရွိန္အဟုန္ျမွင့္ ေဆာင္ရြက္ေန တယ္လို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန တာဝန္ရွိသူကေျပာ သလို ဒီေရာဂါ ကူးစက္ခံရမႈ ရွိမရွိ စစ္ေဆးအတည္ျပဳႏုိင္ဖို႔ လိုအပ္တဲ့ဓာတ္ခြဲပစၥည္းေတြ အဆင္သင့္ရွိေၾကာင္းလည္း အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈ ဆုိင္ရာဌာနက ေျပာပါတယ္။

ဒါ့အျပင္ အခု မတ္လဆန္းမွာ လူေပါင္း ၉၀၀ နီးပါး လိုက္ပါလာမယ့္ အေပ်ာ္စီးသေဘၤာ ျမန္မာႏုိင္ငံကို ဆုိက္ကပ္မွာျဖစ္လို႔ လိုအပ္တဲ့အစီအစဥ္ေတြကုိ လုပ္ေဆာင္ေနတယ္လို႔ လည္း ေျပာပါတယ္။အျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုကေျပာျပသြားမွာပါ။

Coronavirus ေၾကာင့္ တရုတ္အပါအ၀င္ ကမၻာ့စီးပြားေရးထိခုိက္ သတင္း ဖတ္႐ႈ နားဆင္ႏုိင္ပါတယ္။

COVID- 19 ေစာင့္ၾကည့္နဲ႔ သံသယလူနာ ျမန္မာႏုိင္ငံမွာ မရွိေသးေပမယ့္ ေရာဂါေစာင့္ၾကည့္ေရး လုပ္ငန္းေတြကို အရွိန္ျမွင့္ေဆာင္ရြက္ေနတယ္လို႔ ဗဟုိကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“မေန႔က ည ၈နာရီအထိ မွာဆိုရင္ COVID- 19 ေရာဂါနဲ႔ ပတ္သက္ၿပီးေတာ့ သံသယလူနာလည္း ထပ္မရွိပါဘူး။ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ကုသတဲ့ လူနာအသစ္လည္း မရွိပါဘူး။ အခုဆိုလို႔ရွိရင္ က်မတို႔ႏုိင္ငံမွာေတာ့ COVID- 19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းကို က်မတို႔က ဆက္လက္ၿပီးေတာ့ အရွိန္အဟုန္ျမွင့္ၿပီးေတာ့ ေဆာင္ရြက္လ်က္ရွိပါတယ္။”

အခုလ ၁၃ရက္ကေန ၁၇ရက္အထိ ရန္ကုန္ၿမိဳ႕ကုိ ၅ရက္ၾကာ လာေရာက္လည္ပတ္ခဲ့တဲ့ အသက္ ၃၄ႏွစ္အရြယ္ ကိုရီးယားႏုိင္ငံသူကုိ COVID- 19 လူနာအျဖစ္နဲ႔ ကိုရီးယားႏိုင္ငံက ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ အတည္ျပဳခဲ့ပါတယ္။ အဲဒီအမ်ိဳးသမီးဟာ ျမန္မာႏုိင္ငံကုိ လာေရာက္လည္ပတ္ခဲ့တာေၾကာင့္ သူနဲ႔အနီးကပ္ေနထင္ခဲ့သူ ၇ဦးနဲ႔ သူတို႔ရဲ႕မိသားစုဝင္ ၁၅ဦး၊ ေပါင္း ၂၂ဦးတုိ႔ကုိ သက္ဆိုင္ရာၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန တာဝန္ရွိသူေတြက သီးျခားထားရွိၿပီး ၁၄ရက္ၾကာ ေစာင့္ၾကပ္ၾကည့္ရႈသြားမယ္လို႔ ေျပာပါတယ္။

လာမယ့္ မတ္လ ၄ရက္မွာ ဖူးခက္ကေန ျမန္မာႏုိင္ငံထဲ ဝင္ေရာက္ဆုိက္ကပ္မယ့္ အေပ်ာ္စီးသေဘၤာနဲ႔ ပတ္သက္ၿပီး သက္ဆုိင္ရာဝန္ႀကီးဌာနေတြ ေပါင္းစပ္ေဆာင္ရြက္ေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ဆိုပါတယ္။

“ျမန္မာႏုိ္င္ငံမွာေတာ့ ဒီအေပ်ာ္စီးသေဘၤာ ဆိုက္ကပ္မယ့္ကိစၥကေတာ့ မတ္လ ၄ရက္ေန႔မွာေတာ့ ဆုိက္ကပ္ဖို႔ အစီအစဥ္ေတြေတာ့ ရွိေနတာေပါ့ေနာ္။ ဒါေတြကလည္း ေန႔ခ်င္းညခ်င္း စီမံထားတာမဟုတ္ဘူး။ ၆လ - ၁ႏွစ္ ႀကိဳၿပီးေတာ့ စီစဥ္ထားတဲ့ ကိစၥေတြျဖစ္တယ္။ ဒါနဲ႔ပတ္သက္လို႔ က်မတို႔အေနနဲ႔ သက္ဆုိင္ရာဝန္ႀကီးဌာနေတြ၊ အဖြဲ႕အစည္းေတြနဲ႔ ေပါင္းစပ္ညွိႏႈိင္းၿပီးေတာ့ အေကာင္းဆံုးနည္းလမ္းေတြကို က်မတို႔လုပ္ေဆာင္ေနပါတယ္။ ဒီေလာက္ေတာ့ေျပာလို႔ ရပါတယ္။ ဒီေန႔ က်မတို႔ဝန္ႀကီးဌာန အစည္းအေဝးမွာ ဒါေတြကိုအေသးစိတ္ ေဆြးေႏြးပါတယ္။ အဲဒါေတြ မၾကာခင္ထုတ္ျပန္ပါမယ္။”

အဲဒီအေပ်ာ္စီးသေဘၤာမွာ ခရီးသည္ ၅၀၀နီးပါးနဲ႔ သေဘၤာအမႈထမ္းေပါင္း ၄၀၀နီးပါး ပါဝင္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကုိ စံုစမ္းေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္းမွာ အခုခ်ိန္ထိ COVID- 19 ကိုရိုနာေရာဂါ ကူးစက္မႈလံုးဝမရွိေသးေပမယ့္ ေရာဂါျဖစ္ပြားသူေတြကို ရုတ္တရက္တၿပိဳင္နက္တည္း ေတြ႕လာႏုိင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းက ထုတ္ျပန္ထားပါတယ္။

သံသယနဲ႔ ေစာင့္ၾကည့္လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကို အခုလ ၂၀ရက္ေန႔ကစၿပီး ျမန္မာႏုိင္ငံထဲမွာပဲ စစ္ေဆးအတည္ျပဳလာတာပါ။ အခုလို စစ္ေဆးအတည္ျပဳႏုိင္ဖို႔အတြက္ လိုအပ္တဲ့ဓာတ္ခြဲပစၥည္းေတြကုိ လံုေလာက္ေအာင္စုထားၿပီး၊ လက္ရွိအခ်ိန္မွာ ဓာတ္ခြဲနမူနာေပါင္း တေထာင္ေက်ာ္ကုိ စစ္ေဆးႏုိင္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာဥမၼာေဆြတင္က ေျပာပါတယ္။

“အမတို႔ကေတာ့ စစ္ေဆးမယ့္ Reagents (ဓာတ္ခြဲပစၥည္း) ေတြကို လံုေလာက္ေအာင္စုထားတယ္။ ေနာက္ PPE (ေရာဂါကာကြယ္ေရးဝတ္စံု) ေပါ့ေနာ္။ အဓိက အမတို႔က ဒီတုိင္းကိုင္တြယ္လို႔ မရတဲ့အတြက္ေၾကာင့္မုိ႔လို႔ Personal Protective Equipment – PPE ကို အျပည့္အစံုဝတ္ၿပီးေတာ့မွ ကိုင္တြယ္ရတာျဖစ္တဲ့အတြက္ေၾကာင့္ PPE ေတြအကုန္စုထားပါတယ္။ Sample Run ဖို႔လည္း အခုလက္ရွိမွာေတာ့ Case ေပါင္း တေထာင္ေက်ာ္ Run ႏုိင္ေအာင္ အမတုိ႔လက္ထဲမွာ Reagents ေတြရွိေနပါတယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ျပည္သူေတြအေနနဲ႔ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြကုိ ေရွာင္ၾကဥ္ၾကဖို႔အပါအဝင္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေရာဂါကာကြယ္ေရး က်န္းမာေရးအသိပညာေပး ႏႈိးေဆာ္ခ်က္ေတြကို လိုက္နာေဆာင္ရြက္ၾကဖို႔ တုိက္တြန္းထားပါတယ္။

တရုတ္ႏုိင္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကုိရုိနာေရာဂါပိုးဟာ အျခားႏုိင္ငံေပါင္း ၃၆ႏုိင္ငံကို ကူးစက္ခဲ့ၿပီး ဒီကေန႔ ေဖေဖာ္ဝါရီ ၂၅ရက္ မနက္ပုိင္းစာရင္းအရ လူေပါင္း ၈ေသာင္းေက်ာ္ (၈၀,၂၉၄) ကူးစက္ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီး သေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၆၉၁ ေယာက္နဲ႔ ေသဆံုးသူ ၄ဦးရဲ႕ စာရင္းကိုပါ ထည့္တြက္ထားတာျဖစ္ၿပီး ေသဆံုးသူကေတာ့ စုစုေပါင္း ၂,၇၀၀ ေက်ာ္ (၂,၇၀၇) အထိရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

Covid-19 ရောဂါစောင့်ကြည့်ရေး မြန်မာအရှိန်မြှင့်ဆောင်ရွက်နေ

(Unicode)

မြန်မာနိုင်ငံမှာ COVID- 19 အတည်ပြုလူနာ မရှိသေးပေမယ့် ရောဂါစောင့်ကြည့်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူကပြော သလို ဒီရောဂါ ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးအတည်ပြုနိုင်ဖို့ လိုအပ်တဲ့ဓာတ်ခွဲပစ္စည်းတွေ အဆင်သင့်ရှိကြောင်းလည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနက ပြောပါတယ်။ ဒါ့အပြင် အခု မတ်လဆန်းမှာ လူပေါင်း ၉၀၀ နီးပါး လိုက်ပါလာမယ့် အပျော်စီးသင်္ဘော မြန်မာနိုင်ငံကို ဆိုက်ကပ်မှာဖြစ်လို့ လိုအပ်တဲ့အစီအစဉ်တွေကို လုပ်ဆောင်နေတယ်လို့ လည်း ပြောပါတယ်။

အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကပြောပြသွားမှာပါ။

COVID- 19 စောင့်ကြည့်နဲ့ သံသယလူနာ မြန်မာနိုင်ငံမှာ မရှိသေးပေမယ့် ရောဂါစောင့်ကြည့်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“မနေ့က ည ၈နာရီအထိ မှာဆိုရင် COVID- 19 ရောဂါနဲ့ ပတ်သက်ပြီးတော့ သံသယလူနာလည်း ထပ်မရှိပါဘူး။ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသတဲ့ လူနာအသစ်လည်း မရှိပါဘူး။ အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာတော့ COVID- 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းကို ကျမတို့က ဆက်လက်ပြီးတော့ အရှိန်အဟုန်မြှင့်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။”

Coronavirus ကြောင့် တရုတ်အပါအဝင် ကမ္ဘာ့စီးပွားရေးထိခိုက် သတင်း ဖတ်ရှု နားဆင်နိုင်ပါတယ်။

အခုလ ၁၃ရက်ကနေ ၁၇ရက်အထိ ရန်ကုန်မြို့ကို ၅ရက်ကြာ လာရောက်လည်ပတ်ခဲ့တဲ့ အသက် ၃၄နှစ်အရွယ် ကိုရီးယားနိုင်ငံသူကို COVID- 19 လူနာအဖြစ်နဲ့ ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တာကြောင့် သူနဲ့အနီးကပ်နေထင်ခဲ့သူ ၇ဦးနဲ့ သူတို့ရဲ့မိသားစုဝင် ၁၅ဦး၊ ပေါင်း ၂၂ဦးတို့ကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတွေက သီးခြားထားရှိပြီး ၁၄ရက်ကြာ စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ပြောပါတယ်။

လာမယ့် မတ်လ ၄ရက်မှာ ဖူးခက်ကနေ မြန်မာနိုင်ငံထဲ ဝင်ရောက်ဆိုက်ကပ်မယ့် အပျော်စီးသင်္ဘောနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပေါင်းစပ်ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာတော့ ဒီအပျော်စီးသင်္ဘော ဆိုက်ကပ်မယ့်ကိစ္စကတော့ မတ်လ ၄ရက်နေ့မှာတော့ ဆိုက်ကပ်ဖို့ အစီအစဉ်တွေတော့ ရှိနေတာပေါ့နော်။ ဒါတွေကလည်း နေ့ချင်းညချင်း စီမံထားတာမဟုတ်ဘူး။ ၆လ - ၁နှစ် ကြိုပြီးတော့ စီစဉ်ထားတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ ကျမတို့အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ အကောင်းဆုံးနည်းလမ်းတွေကို ကျမတို့လုပ်ဆောင်နေပါတယ်။ ဒီလောက်တော့ပြောလို့ ရပါတယ်။ ဒီနေ့ ကျမတို့ဝန်ကြီးဌာန အစည်းအဝေးမှာ ဒါတွေကိုအသေးစိတ် ဆွေးနွေးပါတယ်။ အဲဒါတွေ မကြာခင်ထုတ်ပြန်ပါမယ်။”

အဲဒီအပျော်စီးသင်္ဘောမှာ ခရီးသည် ၅၀၀နီးပါးနဲ့ သင်္ဘောအမှုထမ်းပေါင်း ၄၀၀နီးပါး ပါဝင်ပြီး အသေးစိတ် အချက်အလက်တွေကို စုံစမ်းနေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အခုချိန်ထိ COVID- 19 ကိုရိုနာရောဂါ ကူးစက်မှုလုံးဝမရှိသေးပေမယ့် ရောဂါဖြစ်ပွားသူတွေကို ရုတ်တရက်တပြိုင်နက်တည်း တွေ့လာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ထုတ်ပြန်ထားပါတယ်။

သံသယနဲ့ စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို အခုလ ၂၀ရက်နေ့ကစပြီး မြန်မာနိုင်ငံထဲမှာပဲ စစ်ဆေးအတည်ပြုလာတာပါ။ အခုလို စစ်ဆေးအတည်ပြုနိုင်ဖို့အတွက် လိုအပ်တဲ့ဓာတ်ခွဲပစ္စည်းတွေကို လုံလောက်အောင်စုထားပြီး၊ လက်ရှိအချိန်မှာ ဓာတ်ခွဲနမူနာပေါင်း တထောင်ကျော်ကို စစ်ဆေးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က ပြောပါတယ်။

“အမတို့ကတော့ စစ်ဆေးမယ့် Reagents (ဓာတ်ခွဲပစ္စည်း) တွေကို လုံလောက်အောင်စုထားတယ်။ နောက် PPE (ရောဂါကာကွယ်ရေးဝတ်စုံ) ပေါ့နော်။ အဓိက အမတို့က ဒီတိုင်းကိုင်တွယ်လို့ မရတဲ့အတွက်ကြောင့်မို့လို့ Personal Protective Equipment – PPE ကို အပြည့်အစုံဝတ်ပြီးတော့မှ ကိုင်တွယ်ရတာဖြစ်တဲ့အတွက်ကြောင့် PPE တွေအကုန်စုထားပါတယ်။ Sample Run ဖို့လည်း အခုလက်ရှိမှာတော့ Case ပေါင်း တထောင်ကျော် Run နိုင်အောင် အမတို့လက်ထဲမှာ Reagents တွေရှိနေပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့အပါအဝင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၃၆နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက် မနက်ပိုင်းစာရင်းအရ လူပေါင်း ၈သောင်းကျော် (၈၀,၂၉၄) ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၆၉၁ ယောက်နဲ့ သေဆုံးသူ ၄ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၂,၇၀၀ ကျော် (၂,၇၀၇) အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG