သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ေၾကာင္႔ ကမၻာ႔အစု႐ွယ္ယာေစ်း က်ဆင္း


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ရဲ႕ စီးပြားေရး အေပၚမွာ သက္ေရာက္မႈေတြေၾကာင့္ တနလာၤေန႔မွာေတာ့ ကမၻာ့ အစုရွယ္ယာ ေစ်းႏႈန္းေတြနဲ႔ ေရနံေစ်းႏႈန္းေတြ က်သြားပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ တရုတ္ႏုိင္ငံရဲ႕ ႏွစ္ပတ္လည္ ဥပေဒျပဳ အဖြဲ႔ ညီလာခံကို ေရႊ႕ဆိုင္းထားရၿပီး ကမၻာတ၀န္းမွာလည္း က်န္းမာေရးဆိုင္ရာ ၿခိမ္းေျခာက္မႈသစ္ တရပ္ ျဖစ္ေနပါတယ္။

အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာ တနလာၤေန႔ ေန႔ခင္းပိုင္းက အဓိက အစုရွယ္ယာ ညႊန္းကိန္းေတြ ၃ ရာခုိင္ႏႈႏ္းေလာက္ ေစ်းက်ခဲ႔တာပါ။ ဥေရာပ ေစ်းကြက္မွာ ပိုၿပီး သိသိသာသာ ေစ်းက်ခဲ႔ၿပီး အာရွရဲ႕ ထိပ္တန္း အစုရွယ္ယာ အညႊန္းကိန္းေတြကေတာ့ အနည္းငယ္ ေစ်းက်ခဲ႔ပါတယ္။

ကမၻာ့ေရနံ စံႏႈန္းျဖစ္တဲ႔ Brent ေရနံေစ်းႏႈန္းက တစည္ကို ၅၅ ဒသမ ၀၈ ေဒၚလာ ေစ်းေပါက္ခဲ႔ၿပီး ၅ ရာခိုင္ႏႈန္း နီးပါး က်ဆင္းခဲ႔ၿပီး ၅ လနီးပါး ကာလအတြင္း ေစ်းအက်ဆံုး ျဖစ္ပါတယ္။ ေရႊေစ်းကေတာ့ တေအာင္စကို ၁, ၆၇၆ ေဒၚလာ ေစ်းေပါက္ၿပီး ၂ ရာခုိင္ႏႈန္းနီးပါး ေစ်းတက္ခဲ႔ပါတယ္။

အစုရွယ္ယာ ေစ်းႏႈန္းေတြ စိတ္မခ်ရခ်ိန္မွာ ရင္းႏွီးျမွဳပ္ႏွံသူေတြက စိတ္ခ်ရတဲ႔ ေရႊဘက္ကို လွည့္လာတာေၾကာင့္ ေရႊေစ်းႏႈန္းက ၇ ႏွစ္ အတြင္း အျမင့္ဆံုး ေစ်းတက္ခဲ႔ပါတယ္။

Coronavirus ေၾကာင္႔ ကမၻာ႔အစု႐ွယ္ယာေစ်း က်ဆင္း
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္

.....................

Coronavirus ကြောင့် ကမ္ဘာ့အစုရှယ်ယာဈေး ကျဆင်း

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ရဲ့ စီးပွားရေး အပေါ်မှာ သက်ရောက်မှုတွေကြောင့် တနလာၤနေ့မှာတော့ ကမ္ဘာ့ အစုရှယ်ယာ ဈေးနှုန်းတွေနဲ့ ရေနံဈေးနှုန်းတွေ ကျသွားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံရဲ့ နှစ်ပတ်လည် ဥပဒေပြု အဖွဲ့ ညီလာခံကို ရွှေ့ဆိုင်းထားရပြီး ကမ္ဘာတဝန်းမှာလည်း ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုသစ် တရပ် ဖြစ်နေပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ တနလာၤနေ့ နေ့ခင်းပိုင်းက အဓိက အစုရှယ်ယာ ညွှန်းကိန်းတွေ ၃ ရာခိုင်နှုန်းလောက် ဈေးကျခဲ့တာပါ။ ဥရောပ ဈေးကွက်မှာ ပိုပြီး သိသိသာသာ ဈေးကျခဲ့ပြီး အာရှရဲ့ ထိပ်တန်း အစုရှယ်ယာ အညွှန်းကိန်းတွေကတော့ အနည်းငယ် ဈေးကျခဲ့ပါတယ်။

ကမ္ဘာ့ရေနံ စံနှုန်းဖြစ်တဲ့ Brent ရေနံဈေးနှုန်းက တစည်ကို ၅၅ ဒသမ ၀၈ ဒေါ်လာ ဈေးပေါက်ခဲ့ပြီး ၅ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့ပြီး ၅ လနီးပါး ကာလအတွင်း ဈေးအကျဆုံး ဖြစ်ပါတယ်။ ရွှေဈေးကတော့ တအောင်စကို ၁, ၆၇၆ ဒေါ်လာ ဈေးပေါက်ပြီး ၂ ရာခိုင်နှုန်းနီးပါး ဈေးတက်ခဲ့ပါတယ်။

အစုရှယ်ယာ ဈေးနှုန်းတွေ စိတ်မချရချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေက စိတ်ချရတဲ့ ရွှေဘက်ကို လှည့်လာတာကြောင့် ရွှေဈေးနှုန်းက ၇ နှစ် အတွင်း အမြင့်ဆုံး ဈေးတက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG