သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ကူးစက္မႈ ဟန္႔တားေရး ႏိုင္ငံတကာအားထုတ္ဖို႔ ကုလတိုက္တြန္း


(Zawgyi/Unicode)

Coronavirus ဟာ တရုတ္ႏုိင္ငံမွာ အဆုိးဆုံးျဖစ္ေပၚတဲ့အေျခအေနကုိ ေက်ာ္လြန္ခဲ့ၿပီျဖစ္ေပမယ့္ တျခားႏုိင္ငံမွာ ကူးစက္ျပန္႔ႏွံ႔မႈ တုိးပြားလာေနတဲ့အေပၚ အထူး စုိးရိမ္ပူပန္မိေၾကာင္း WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ေျပာၾကားလုိက္ပါတယ္။

ဒီဗုိင္းရပ္စ္ဟာ တကမၻာလုံးကုိ ျပန္႔ႏွံ႔တဲ့ အေျခအေနရွိေနတာေၾကာင့္ ႏုိင္ငံတုိင္းက ႀကိဳတင္ ျပင္ဆင္ထားၾကဖုိ႔ လုိအပ္ေၾကာင္း ဂ်နီဗာၿမိဳ႕က WHO ဌာနခ်ဳပ္ကုိ ေရာက္ရွိေနတဲ့ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တနလၤာေန႔မွာ ေျပာပါတယ္။

“အခုခ်ိန္မွာ ဒီေရာဂါပုိးဟာ ႏုိင္ငံအေတာ္မ်ားမ်ားကုိ ကူးစက္ျပန္႔ႏွံ႔ေနတာေၾကာင့္ ဒီေရာဂါကုိ ကာကြယ္ တားဆီးႏုိင္ဖုိ႔ ႏုိင္ငံတုိင္းက အတတ္ႏုိင္ဆုံး အစြမ္းကုန္ ႀကိဳးစားလုပ္ေဆာင္ၾကဖုိ႔ လုိအပ္ပါတယ္။ ဒီလုိ လုပ္ေဆာင္ရာမွာ လူမ်ဳိးေရး၊ ဘာသာေရး၊ လူ႔အခြင့္အေရးအရ တဦးတေယာက္ကုိ ဖိႏွိပ္ ခ်ဳပ္ခ်ယ္မႈမပါဘဲ အစြမ္းကုန္ ႀကိဳးစား ဟန္႔တားၾကဖုိ႔ လုိအပ္ပါတယ္။”

တရုတ္ႏုိ္င္ငံအတြင္း ေရာဂါပုိးကူးစက္မႈ အရွိန္အျမင့္ဆုံး ျဖစ္ခဲ့တဲ့ကာလဟာ ဇန္န၀ါရီလ ၂၃ ရက္နဲ႔ ေဖေဖာ္၀ါရီလ ၂ ရက္ေန႔ျဖစ္ၿပီး အဲဒီေနာက္ပုိင္းမွာ ဗုိင္းရပ္စ္ပုိး ကူးစက္မႈအေရအတြက္ တျဖည္းျဖည္း ေလ်ာ့က်လာတယ္လုိ႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကလည္း ေသာၾကာေန႔႕ သတင္းေထာက္ေတြကုိ ေျပာပါတယ္။

ဒီဗုိင္းရပ္စ္ပုိးဟာ ထိန္းခ်ဳပ္လုိ႔ရႏုိင္ေၾကာင္း၊ ေရာဂါပုိးစတင္ေတြ႔ရွိတဲ့ ေနရာနဲ႔ အနီး၀န္းက်င္ေဒသေတြကလူေတြ ၀င္ထြက္သြားလာခြင့္ အလ်င္အျမန္ ပိတ္ပင္လုိက္တာအပါအ၀င္ ဒီဗုိင္းရပ္စ္ပုိး လက္ရွိထက္ပုိၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ကူးစက္ျပန္႔ႏွံ႔ျခင္းမရွိေအာင္ ႀကိဳးပမ္းခဲ့တဲ့ တရုတ္အစုိးရရဲ႕ လုပ္ရပ္ကုိလည္း WHO အႀကီးအကဲက ခ်ီးက်ဴးခဲ့ပါတယ္။

တနလၤာေန႔အထိ Covid-19 လုိ႔ေခၚတဲ့ Coronavirus ေၾကာင့္ ကမၻာတ၀ွမ္း ေသဆုံးသူ ၂,၆၂၉ ဦး ရွိသြားၿပီျဖစ္ၿပီး ေရာဂါပုိး ကူးစက္ခံရသူ အေရအတြက္ဟာလည္း ရွစ္ေသာင္းနီးပါး ရွိေနၿပီ ျဖစ္ပါတယ္။ ေဆးကုသမႈခံယူၿပီး ျပန္ေကာင္းသြားတဲ့သူ အေရအတြက္ကေတာ့ အခုခ်ိန္ထိ ၂၅,၀၀၀ ေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

Coronavirus ကူးစက်မှု ဟန့်တားရေး နိုင်ငံတကာအားထုတ်ဖို့ ကုလတိုက်တွန်း

(Unicode)

Coronavirus ဟာ တရုတ်နိုင်ငံမှာ အဆိုးဆုံးဖြစ်ပေါ်တဲ့အခြေအနေကို ကျော်လွန်ခဲ့ပြီဖြစ်ပေမယ့် တခြားနိုင်ငံမှာ ကူးစက်ပြန့်နှံ့မှု တိုးပွားလာနေတဲ့အပေါ် အထူး စိုးရိမ်ပူပန်မိကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို ပြန့်နှံ့တဲ့ အခြေအနေရှိနေတာကြောင့် နိုင်ငံတိုင်းက ကြိုတင် ပြင်ဆင်ထားကြဖို့ လိုအပ်ကြောင်း ဂျနီဗာမြို့က WHO ဌာနချုပ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တနင်္လာနေ့မှာ ပြောပါတယ်။

“အခုချိန်မှာ ဒီရောဂါပိုးဟာ နိုင်ငံအတော်များများကို ကူးစက်ပြန့်နှံ့နေတာကြောင့် ဒီရောဂါကို ကာကွယ် တားဆီးနိုင်ဖို့ နိုင်ငံတိုင်းက အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစားလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ လူမျိုးရေး၊ ဘာသာရေး၊ လူ့အခွင့်အရေးအရ တဦးတယောက်ကို ဖိနှိပ် ချုပ်ချယ်မှုမပါဘဲ အစွမ်းကုန် ကြိုးစား ဟန့်တားကြဖို့ လိုအပ်ပါတယ်။”

တရုတ်နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှု အရှိန်အမြင့်ဆုံး ဖြစ်ခဲ့တဲ့ကာလဟာ ဇန်နဝါရီလ ၂၃ ရက်နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုအရေအတွက် တဖြည်းဖြည်း လျော့ကျလာတယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း သောကြာနေ့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီဗိုင်းရပ်စ်ပိုးဟာ ထိန်းချုပ်လို့ရနိုင်ကြောင်း၊ ရောဂါပိုးစတင်တွေ့ရှိတဲ့ နေရာနဲ့ အနီးဝန်းကျင်ဒေသတွေကလူတွေ ဝင်ထွက်သွားလာခွင့် အလျင်အမြန် ပိတ်ပင်လိုက်တာအပါအဝင် ဒီဗိုင်းရပ်စ်ပိုး လက်ရှိထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်နှံ့ခြင်းမရှိအောင် ကြိုးပမ်းခဲ့တဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်ကိုလည်း WHO အကြီးအကဲက ချီးကျူးခဲ့ပါတယ်။

တနင်္လာနေ့အထိ Covid-19 လို့ခေါ်တဲ့ Coronavirus ကြောင့် ကမ္ဘာတဝှမ်း သေဆုံးသူ ၂,၆၂၉ ဦး ရှိသွားပြီဖြစ်ပြီး ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ဟာလည်း ရှစ်သောင်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။ ဆေးကုသမှုခံယူပြီး ပြန်ကောင်းသွားတဲ့သူ အရေအတွက်ကတော့ အခုချိန်ထိ ၂၅,၀၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG