သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီရန်နိုင်ငံသား ၂ ဦးသေဆုံး


အီရန်လေဆိပ်ကို ဆိုက်ရောက်လာတဲ့ တရုတ် ခရီးသွားတွေကို ကျန်းမာရေး စစ်ဆေးနေတာကို နိုင်ငံပိုင် IRNA သတင်းက ဇန်နဝါရီလ ၃၀ ရက်နေ့က ဖော်ပြ။ (ဓာတ်ပုံ - IRNA )
အီရန်လေဆိပ်ကို ဆိုက်ရောက်လာတဲ့ တရုတ် ခရီးသွားတွေကို ကျန်းမာရေး စစ်ဆေးနေတာကို နိုင်ငံပိုင် IRNA သတင်းက ဇန်နဝါရီလ ၃၀ ရက်နေ့က ဖော်ပြ။ (ဓာတ်ပုံ - IRNA )

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူ ၂ ဦးရှိကြောင်း အစိုးရပိုင် သတင်းစာက ဖော်ပြလိုက်ပါတယ်။
ဒါဟာဆိုရင် အီရန်နိုင်ငံမှာ သာမက အရှေ့အလယ်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။ အီရန်နိုင်ငံသား သက်ကြီးရွယ်အို ၂ ဦးဟာ တီဟီရန်မြို့တော် တောင်ဘက်က Qom မြို့မှာ သေဆုံးခဲ့တာ ဖြစ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေကို ကိုးကားပြီး နိုင်ငံပိုင် IRNA သတင်းက ဖော်ပြခဲ့ပါတယ်။

မြို့မှာရှိတဲ့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပိတ်ပြီး စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်းလည်း သတင်းက ဖော်ပြပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ အစိုးရနဲ့ နီးစပ်တဲ့ သတင်းဌာန တခုဖြစ်တဲ့ ISNA ကလည်း လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ရောဂါပိုးကူးစက်ခံထားရတယ်လို့ သံသယ ရှိသူတွေကို တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားဖော်ပြခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်မှုကြောင့် အီရန်နိုင်ငံက လေဆိပ်တွေမှာ ဝင်ရောက်လာတဲ့ လေယာဉ်တွေကို အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြတာပါ။ လတ်တလော အရှေ့အလယ်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် ဗုဒ္ဓဟူးနေ့အထိ တရားဝင် အတည်ပြုထားသူတွေ ထဲမှာတော့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ ၉ ယောက် ရှိနေပြီး၊ ၇ ယောက်ကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပြီး၊ ကျန် ၂ ယောက်ကတော့ အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ပထမဆုံး ကူးစက်မှုကို အတည်ပြုခဲ့တဲ့ အီဂျစ်နိုင်ငံကတော့ လူနာဟာ နိုင်ငံခြားသားတဦးဖြစ်ကြောင်းသာ ပြောဆိုထားပြီး၊ ရောဂါလက္ခဏာ မပြင်းထန်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG