သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေး ပြင်ဆင်ထားကြဖို့ WHO တိုက်တွန်း


(Zawgyi/Unicode)

ကမ္ဘာတဝှမ်းမှာရှိတဲ့ အစိုးရတွေအနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဖြစ်ပွားတာတွေရှိတယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန် ကာကွယ်ကြဖို့အတွက် အဆင်သင့်ပြင်ထားဖို့ ကမ္ဘာကျန်းမာရေးအာဏာပိုင်တွေ တိုက်တွန်းလိုက်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် နောက်ထပ်ကူးစက်မှုတွေ အရှိန်လျော့ကျလာတာကြောင့် ၊ ဒီရောဂါနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုတွေကိုလည်း ကမ္ဘာ့ကျန်းမာရေးတာဝန်ရှိသူတွေက ချီးကျူးလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၄၀၆ ယောက်ရှိပြီး သေဆုံးသူ ၅၂ ယောက်ရှိတယ်လို့တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ကူးစက်ခံရသူအားလုံးနီးပါးက ဟူးဘေးပြည်နယ်ကဖြစ်ပြီး၊ သေဆုံးသူတွေအကုန်လုံးကတော့ ဟူဘေးပြည်နယ်ကဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လမ်းကြောင်းပြောင်းလာပြီး၊ နောက်ထပ်လူသိန်းပေါင်းများစွာ ကူးစက်ခံရမယ့် အန္တရာယ်ကနေ ကာကွယ်နိုင်လိုက်တာမျိုးဖြစ်နိုင်တယ်လို့ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ နဲ့ WHO ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဦးဆောင်သူ Bruce Aylward က ပြောပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုတွေက ဥရောပ နဲ့ အရှေ့အလယ်ပိုင်းဒေသ တွေ အပါအဝင် နိုင်ငံ ၃၀ ကျော် ပျံ့နှံ့လာနေတာကြောင့်၊ နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့လည်း ရောဂါဖြစ်ပွားတဲ့သူတွေ နဲ့ အဲဒီလူနဲ့ ထိတွေ့ဆက်ဆံမှုရှိတဲ့သူတွေကို အမြန်ဆုံးရှာဖွေ ဖော်ထုတ်ပြီး၊ နောက်ထပ် ကူးစက်ပျံ့နှံ့မှုမရှိအောင် အဲဒီလူတွေကို ထိန်းချုပ်ဖို့ စဉ်းစားသင့်ကြောင်းနဲ သူကပြောပါတယ်။

ဒါ့အပြင် အစိုးရတွေအနေနဲ့ မိမိရဲ့နိုင်ငံသားတွေကို လက်ကို မကြာခဏဆေးဖို့ တိုက်တွန်းသင့်တယ်လို့လည်း သူကပြောပါတယ်။ အခုချိန်ထိတော့ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၈၁၀၀၀ ကျော်ရှိပြီး ၊ သေဆုံးသူ ၂၇၆၂ ယောက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


.........


(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG