သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊလီ-မူဆယ္ နယ္စပ္ကုန္သြယ္ေရး ေနာက္သီတင္းႏွစ္ပတ္အထိ ျပန္မစႏုိင္ေသး


မူဆယ္ဘက္ျခမ္းတြင္ ရပ္ထားရေသာ ျမန္မာႏုိင္ငံမွသြားသည့္ သစ္သီးဝလံတင္ကားမ်ား။ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ျပင္းထန္ အဆုတ္ေယာင္ေရာဂါ ျဖစ္ေစတဲ့ Corona ဗိုင္းရပ္စ္ပိုး မပ်ံ႕ပြားေအာင္ ထိန္းခ်ဳပ္တဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ အာဏာပိုင္ေတြ ပိတ္ထားခဲ့တဲ့ ေရႊလီ- မူဆယ္နယ္စပ္ ကုန္သြယ္ေရး ဂိတ္ကို ေနာက္ထပ္ ၂ ပတ္ ထပ္တိုးၿပီး ပိတ္ထားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

လက္ရွိမွာ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးဟာ တရက္ကို အေမရိကန္ေဒၚလာ ၁၆သန္းေလာက္ နစ္နာေန တယ္လို႔ မူဆယ္ကုန္သည္အသင္းေတြက ေျပာပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ျမန္မာ- တ႐ုတ္နယ္စပ္က ေရႊလီ- မူဆယ္ကုန္သြယ္ေရးဟာ ယူနန္အစိုးရရဲ႕ ေရာဂါထိန္းခ်ဳပ္ေရး အစီအစဥ္ေတြေၾကာင့္ ဇန္နဝါရီ ၂၇ရက္ေလာက္ကစၿပီး ကုန္သြယ္မႈ က်ဆင္းသြားပါတယ္။

ေရႊလီ- မူဆယ္ကုန္သြယ္ေရး ဂိတ္ကို ယူနန္အစိုးရဘက္က သီတင္း ၂ ပတ္ေက်ာ္ ပိတ္ထား ရာကေန အခု ေနာက္ထပ္ ၂ ပတ္ ထပ္တိုးအံုးမွာ ျဖစ္တဲ့ အတြက္ ေစာင့္ရအံုးမွာ ျဖစ္ေၾကာင္း မူဆယ္- နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရး ကုန္သည္အသင္း တြဲဖက္ အေထြေထြ အတြင္းေရးမႉး စိုင္းထြန္းကိုကို က ေျပာပါတယ္။

“ က်ေနာ္တို႔လည္း ေစာင့္ေတာ့ေစာင့္ရမယ္လို႔ ထင္တယ္ဗ်၊ အကုန္လုံးျဖစ္ေနတဲ့ ကိစၥမွာေလ။ ၂၃ ရက္ဖြင့္မယ္ဆိုတာ သူတို႔ဖြင့္မယ္ မေျပာေသးဘူးေနာ္၊ ၂၄ရက္က်ရင္ သူတို႔အဲဒါကို ျပန္ေၾကညာေပးမယ္။ သူတို႔ ကူးစက္ႏႈန္းရယ္ ေသဆုံးႏႈန္းရယ္ ၾကည့္ၿပီးေတာ့မွ ဖြင့္လား၊ မဖြင့္လားဆိုတာ ျပန္ေျပာမွာေနာ္။ အၾကမ္းဖ်င္းပဲရွိေသးတယ္။”

ယူနန္ျပည္နယ္မွာ အေျခအေနေတြပုံမွန္ ျပန္ျဖစ္လာမယ္ဆိုရင္ေတာင္ မွ အလုပ္႐ုံေတြ၊ လမ္းပန္းဆက္သြယ္ေရးေတြ အတြက္ အခ်ိန္ယူရမွာေၾကာင့္ မူဆယ္ကုန္သြယ္ေရး ျပန္ဖြင့္ ၿပီး ပုံမွန္ျပန္ျဖစ္လာဖို႔ေတာ့ အခ်ိန္ အတိုင္းအတာတခုအထိ ေစာင့္ရဦးမယ္လို႔ ျမင္ေၾကာင္းလည္း ေျပာပါတယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ ျမန္မာဖရဲတင္ပုိ႔မႈထိခုိက္တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ေဖေဖာ္ဝါရီ ၁၀ရက္မွာ ႏွစ္ဘက္ ကုန္သြယ္ေရးျပန္စတင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေပမဲ့ အခုလို ရက္ထပ္ၿပီးတိုးလိုက္တာေၾကာင့္ အသီးအႏွံ႔နဲ႔ ေရထြက္ကုန္ အနည္းငယ္ေလာက္ပဲ ကုန္သြယ္ႏိုင္ ေသးတာ ျဖစ္ၿပီး တရက္ကို အေမရိကန္ ေဒၚလာ ၁၆ သန္းဖုိ႔ ေလာက္ နစ္နာမႈ ရွိမယ္လို႔လည္း ခန္႔မွန္းပါတယ္။

“ အဓိကေတာ့ က်ေနာ္တို႔ ပို႔ကုန္ျဖစ္တဲ့ အသီးအႏွံ႔ေပါ့၊ ဥပမာ ဖရဲသီးတို႔၊ သခြားေမႊးတို႔ ထိခိုက္မႈအမ်ားႀကီးရွိတာေပါ့။ က်န္တဲ့ႏိုင္ငံေတြလည္း ထိခိုက္တာပဲ။ အဓိကေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံက ပိုထိခိုက္တာေပါ့။ အခုအၾကမ္းဖ်င္းေျပာၾကတာေပါ့ဗ်ာ တရက္ကို ေဒၚလာ ၁၆ သန္းေလာက္ နစ္နာတယ္တို႔ ဘာတို႔။ က်ေနာ္တို႔ စီးပြားကူးသန္းရဲ႕ ေဒတာ ေတြကိုၾကည့္ၿပီးေတာ့ပဲ၊ အရင္ႏွစ္ေတြက ဒီအခ်ိန္မွာ ဘယ္ေလာက္သြားတယ္၊ ဒီႏွစ္ကဘယ္ေလာက္သြားတယ္။ အဲဒီအေပၚမွာပဲ ႏႈိင္းယွဥ္ၾကတာကိုး။”

ျပည္တြင္းက တရုတ္ဘက္ကို ကုန္စည္ေတြ ပုံမွန္တင္ပို႔ႏိုင္တဲ့အေျခအေနရွိေပမဲ့ ယူနန္ျပည္နယ္ထဲ လမ္းပန္းဆက္သြယ္ေရး ျဖတ္ေတာက္ထားတာေၾကာင့္ ဝယ္လက္မရွိဘဲ အရႈံးကမ်ားေနတယ္လို႔ မူဆယ္ သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးေအာင္သက္ဦးက ေျပာပါတယ္။

“ က်ေနာ္တို႔ဘက္ကေတာ့ လက္ရွိဝယ္လက္ အေရအတြက္နဲ႔ ဝယ္လိုအားနဲ႔ ေရာင္းလိုအားကို အတတ္ႏိုင္ဆုံး ခ်ိန္ညႇိၿပီးေတာ့ ေလွ်ာ့ခ်ၿပီး တင္ပို႔ေနတယ္။ ဒီေန႔အေနအထားကေတာ့ နည္းနည္းေလးေတာ့ စြန႔္စားၿပီး တက္လာၾကတဲ့ အေနအထားေတြက ေစ်းမရဘူးေပါ့။ ရႈံးၾကတယ္။ စိုက္ပ်ိဳးစရိတ္နဲ႔ အရင္းနဲ႔ တြက္ရင္ေတာ့ အရႈံးနဲ႔ပဲ တင္ပို႔ေနရတယ္။”

မူဆယ္ကုန္စည္ဒိုင္တခ်ိဳ႕က ေတာ့ အခုလို နစ္နာတဲ့ စိုက္ပ်ိဳးေရး လုပ္ငန္းရွင္ေတြအတြက္ ကုန္စည္ဒိုင္ေၾကး ကင္းလြတ္ခြင့္ ေတြေပး ၿပီး အကူအညီ ေပးေနတာလည္း ရွိပါတယ္။

ကုန္သြယ္ေရးဝန္ႀကီးဌာန အခ်က္အလက္ေတြအရ မူဆယ္ကုန္သြယ္ေရးက ဝင္ေငြဟာ တႏိုင္ငံလုံး ကုန္သြယ္ေရးပမာဏရဲ႕၂၀% ရွိပါတယ္။ မူဆယ္နယ္စပ္ကေန ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ ပမာဏဟာ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ သန္း ၅၀၀၀ နီးပါးရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................

ရွှေလီ-မူဆယ် နယ်စပ်ကုန်သွယ်ရေး နောက်သီတင်းနှစ်ပတ်အထိ ပြန်မစနိုင်သေး

(Unicode)

ပြင်းထန် အဆုတ်ယောင်ရောဂါ ဖြစ်စေတဲ့ Corona ဗိုင်းရပ်စ်ပိုး မပျံ့ပွားအောင် ထိန်းချုပ်တဲ့အနေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အာဏာပိုင်တွေ ပိတ်ထားခဲ့တဲ့ ရွှေလီ- မူဆယ်နယ်စပ် ကုန်သွယ်ရေး ဂိတ်ကို နောက်ထပ် ၂ ပတ် ထပ်တိုးပြီး ပိတ်ထားမယ်လို့ ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ တရက်ကို အမေရိကန်ဒေါ်လာ ၁၆သန်းလောက် နစ်နာနေ တယ်လို့ မူဆယ်ကုန်သည်အသင်းတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

မြန်မာ- တရုတ်နယ်စပ်က ရွှေလီ- မူဆယ်ကုန်သွယ်ရေးဟာ ယူနန်အစိုးရရဲ့ ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေကြောင့် ဇန်နဝါရီ ၂၇ရက်လောက်ကစပြီး ကုန်သွယ်မှု ကျဆင်းသွားပါတယ်။

ရွှေလီ- မူဆယ်ကုန်သွယ်ရေး ဂိတ်ကို ယူနန်အစိုးရဘက်က သီတင်း ၂ ပတ်ကျော် ပိတ်ထား ရာကနေ အခု နောက်ထပ် ၂ ပတ် ထပ်တိုးအုံးမှာ ဖြစ်တဲ့ အတွက် စောင့်ရအုံးမှာ ဖြစ်ကြောင်း မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး စိုင်းထွန်းကိုကို က ပြောပါတယ်။

“ ကျနော်တို့လည်း စောင့်တော့စောင့်ရမယ်လို့ ထင်တယ်ဗျ၊ အကုန်လုံးဖြစ်နေတဲ့ ကိစ္စမှာလေ။ ၂၃ ရက်ဖွင့်မယ်ဆိုတာ သူတို့ဖွင့်မယ် မပြောသေးဘူးနော်၊ ၂၄ရက်ကျရင် သူတို့အဲဒါကို ပြန်ကြေညာပေးမယ်။ သူတို့ ကူးစက်နှုန်းရယ် သေဆုံးနှုန်းရယ် ကြည့်ပြီးတော့မှ ဖွင့်လား၊ မဖွင့်လားဆိုတာ ပြန်ပြောမှာနော်။ အကြမ်းဖျင်းပဲရှိသေးတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မြန်မာဖရဲတင်ပို့မှုထိခိုက်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ယူနန်ပြည်နယ်မှာ အခြေအနေတွေပုံမှန် ပြန်ဖြစ်လာမယ်ဆိုရင်တောင် မှ အလုပ်ရုံတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ အတွက် အချိန်ယူရမှာကြောင့် မူဆယ်ကုန်သွယ်ရေး ပြန်ဖွင့် ပြီး ပုံမှန်ပြန်ဖြစ်လာဖို့တော့ အချိန် အတိုင်းအတာတခုအထိ စောင့်ရဦးမယ်လို့ မြင်ကြောင်းလည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ရက်မှာ နှစ်ဘက် ကုန်သွယ်ရေးပြန်စတင်နိုင်မယ်လို့ မျှော်လင့်ထားပေမဲ့ အခုလို ရက်ထပ်ပြီးတိုးလိုက်တာကြောင့် အသီးအနှံ့နဲ့ ရေထွက်ကုန် အနည်းငယ်လောက်ပဲ ကုန်သွယ်နိုင် သေးတာ ဖြစ်ပြီး တရက်ကို အမေရိကန် ဒေါ်လာ ၁၆ သန်းဖို့ လောက် နစ်နာမှု ရှိမယ်လို့လည်း ခန့်မှန်းပါတယ်။

“ အဓိကတော့ ကျနော်တို့ ပို့ကုန်ဖြစ်တဲ့ အသီးအနှံ့ပေါ့၊ ဥပမာ ဖရဲသီးတို့၊ သခွားမွှေးတို့ ထိခိုက်မှုအများကြီးရှိတာပေါ့။ ကျန်တဲ့နိုင်ငံတွေလည်း ထိခိုက်တာပဲ။ အဓိကတော့ ကျနော်တို့ မြန်မာနိုင်ငံက ပိုထိခိုက်တာပေါ့။ အခုအကြမ်းဖျင်းပြောကြတာပေါ့ဗျာ တရက်ကို ဒေါ်လာ ၁၆ သန်းလောက် နစ်နာတယ်တို့ ဘာတို့။ ကျနော်တို့ စီးပွားကူးသန်းရဲ့ ဒေတာ တွေကိုကြည့်ပြီးတော့ပဲ၊ အရင်နှစ်တွေက ဒီအချိန်မှာ ဘယ်လောက်သွားတယ်၊ ဒီနှစ်ကဘယ်လောက်သွားတယ်။ အဲဒီအပေါ်မှာပဲ နှိုင်းယှဉ်ကြတာကိုး။”

ပြည်တွင်းက တရုတ်ဘက်ကို ကုန်စည်တွေ ပုံမှန်တင်ပို့နိုင်တဲ့အခြေအနေရှိပေမဲ့ ယူနန်ပြည်နယ်ထဲ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားတာကြောင့် ဝယ်လက်မရှိဘဲ အရှုံးကများနေတယ်လို့ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးအောင်သက်ဦးက ပြောပါတယ်။

“ ကျနော်တို့ဘက်ကတော့ လက်ရှိဝယ်လက် အရေအတွက်နဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားကို အတတ်နိုင်ဆုံး ချိန်ညှိပြီးတော့ လျှော့ချပြီး တင်ပို့နေတယ်။ ဒီနေ့အနေအထားကတော့ နည်းနည်းလေးတော့ စွန့်စားပြီး တက်လာကြတဲ့ အနေအထားတွေက ဈေးမရဘူးပေါ့။ ရှုံးကြတယ်။ စိုက်ပျိုးစရိတ်နဲ့ အရင်းနဲ့ တွက်ရင်တော့ အရှုံးနဲ့ပဲ တင်ပို့နေရတယ်။”

မူဆယ်ကုန်စည်ဒိုင်တချို့က တော့ အခုလို နစ်နာတဲ့ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေအတွက် ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့် တွေပေး ပြီး အကူအညီ ပေးနေတာလည်း ရှိပါတယ်။

ကုန်သွယ်ရေးဝန်ကြီးဌာန အချက်အလက်တွေအရ မူဆယ်ကုန်သွယ်ရေးက ဝင်ငွေဟာ တနိုင်ငံလုံး ကုန်သွယ်ရေးပမာဏရဲ့၂၀% ရှိပါတယ်။ မူဆယ်နယ်စပ်ကနေ မြန်မာ- တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ နီးပါးရှိပါတယ်။

XS
SM
MD
LG