သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္္း-ျမန္မာနယ္စပ္မွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး အရွိန္ျမွင့္လုပ္ေဆာင္ေန


ထိုင္းႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး ပညာေပးလုပ္ငန္း လုပ္ေနစဥ္

(Zawgyi/Unicode)

ထိုင္း-ျမန္မာနယ္စပ္ခ်င္းရိုင္ခရိုင္နဲ႕ တာ့ခ္ခရိုင္ေတြမွာ ထိုင္းအစိုးရက ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး တားဆီးကာကြယ္ေရး လုပ္ငန္းမ်ားကို အရွိန္တိုးျမွင့္လုပ္ေဆာင္ေနပါတယ္။ ဒီအထဲမွာ တာ့ခရိုင္ ထဲက မဲေဆာက္-ျမ၀တီနယ္စပ္နဲ႔ ခ်င္းရိုင္ခရိုင္ထဲက မဲဆိုင္တာခ်ီလိပ္ နယ္စပ္ေတြမွာ က်န္းမာေရး စစ္ေဆးမႈေတြကို အထူးၾကပ္မတ္ လုပ္ေဆာင္လာတာပါ။

ဒီအေၾကာင္း ဗြီအိုေအ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၆၃၀ ေက်ာ္၊ ကူးစက္သူ ၃၀,၀၀၀ ေက်ာ္ရွိၿပီဆိုတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ျမန္မာနဲ ့နိုင္ငံျခားသားေတြ အ၀င္အထြက္မ်ားတဲ့ ထိုင္း-ျမန္မာ နွစ္နိုင္ငံ နယ္စပ္၀င္ေပါက္ စစ္ေဆးေရး ဂိတ္ေတြမွာ ေဖေၚ၀ါရီလ (၆) ရက္ေန ့ကစၿပီး က်န္းမာေရး ေဆးစစ္မႈေတြနဲ ့ ကူးဆက္ ေရာဂါဆိုင္ရာ ပညာေပးလုပ္ငန္းေတြကို ထိုင္းဘက္က ပိုမိုတိုးျမွင့္လုပ္ေဆာင္လာတာပါ ။

နယ္စပ္စစ္ေဆး ၀င္ေပါက္ဂိတ္ေတြမွာ အပူခ်ိန္တိုင္းတာတဲ့ စကင္ဖတ္စစ္ေဆးတဲ့ ကင္မရာေတြအျပင္ ေဆး၀န္ထမ္းဆရာ၀န္နဲ ့ သူနာျပဳဆရာမေတြ အေရးေပၚ ေဆးရံုကားေတြပါ အသင့္ျပင္ထားပါတယ္ ။ နယ္စပ္ေဒသမွာ ေနထိုင္ေနၾကတဲ့ ထိုင္းနဲ ့ ျမန္မာနိုင္ငံသားေတြအေနနဲ ့ အဖ်ား၀င္-ေခ်ာင္းဆိုး အသက္ရူၾကပ္ စတဲ့ လကၡဏာေတြ ျဖစ္လာခဲ့ရင္ နီးစပ္ရာ ေဆးရံုကို သတင္းပို ့ျပီး ေဆးအစစ္ေဆးခံၾကဖို ့ ခ်င္းရိုင္ခရိုင္ အမွတ္သံုးစစ္ေဒသ ဗိုလ္မွဴး ၾကီး Rung Khun Mahapanya Wong ကိုယ္တိုင္
ေဆာ္ၾသမူေတြလုပ္ေနပါတယ္။

အခုဆိုရင္ နယ္စပ္ဆိုင္ရာ ကိုရိုနာ ေရာဂါပိုး တိုက္ဖ်က္ေရးလုပ္ငန္းေတြ မွာ အမွတ္(၃) စစ္ေဒသ ေဆး၀န္ထမ္းေတြလည္း ပူးေပါင္းေဆာင္ရြက္္လာတာပါ။ထိုင္းက်န္းမာေရး၀န္ၾကီး Anutin Charnverakul က ေဖေဖၚ၀ါရီလ ၇ ရက္ေန႔မွာပဲ
ႏိုင္ငံျခားသားခရီးသြားေတြနဲ႔ ပတ္သက္လုိ႔ အခုလိုေျပာသြားပါတယ္။

“ထိုင္းႏိုင္ငံသားေတြေကာ ထုိင္းႏို္င္ငံကို လာေရာက္လည္ပတ္တဲ့ ႏိုင္ငံျခားသားေတြေကာ ႏွားေခါင္းစည္း မ်က္ႏွာအကာကို၀တ္ဆင္ထားဖို႔ တကယ္တမ္း က်ေနာ္တို့အားလံုးဟာ ဒီဗိုင္းရပ္စပ္ပိုး အႏၱရယ္ေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္လို႔ အားလံုးပူးေပါင္း ပါ၀င္ၾကဖို႔ လိုပါတယ္။အဲဒီလိုမ၀တ္ထားတာမ်ိဳးမ်က္ႏွားဖံုးအကာအကြယ္ေတြ မတတ္ႀကပဲျငင္းပယ္တဲ့ႏုိင္ငံျခားသားေတြအေနနဲ့ ထိုင္းႏိုင္ငံကိုလာေရာက္လည္ပါတ္တာမလုပ္ပါနဲ႔” ဆိုျပီး ေလးေလးနက္နက္ ေျပာဆုိသြားတာပါ။

က်န္းမာေရး၀န္ႀကီးကိုယ္တိုင္ ဘန္ေကာက္ၿမိဳ ့လည္က စရမ္ရထားဘူတာ မွာ ကုိရိုနာဗိုင္းရပ္စ္ ေရာဂါပိုး ကာကြယ္ဖို႔ ႏွားေခါင္းစည္း Mask ေတြ ၀တ္ဆင္က်ဖို႔ လိုက္လံနိုးေဆာ္တာေတြကို လုပ္ေနရင္းနဲ႔ ဒီလိုေျပာဆုိသြားတာပါ။

ထိုင္း-ျမန္မာနယ္စပ္ေတြက အေျခအေနေတြကိုေတာ့ ျမန္မာ ေရႊေျပာင္းအလုပ္သမားေရး ေဆာင္ရြက္ေနတဲ့ ေရာင္ျခည္ဦးအလုပ္သမားအဖဲြ႔က တာ၀န္ခံ ဦးမုိးေက်ာ္က အခုလိုေျပာျပပါတယ္။

“အခုတာခ့္ခရိုင္နဲ႕ ခ်င္းရိုင္ခရိုင္မွာ ပိုျပီးစစ္ေဆးတယ္ ေဆးရံုက တာ၀န္ရွိသူေတြကိုယ္တိုင္ စစ္တာေတြ ကားေတြနဲ႔ လွည့္ၿပီး တရုတ္ႏုိင္္ငံသားေတြေရာ၊ ႏုိင္ငံျခားသားေတြ၀င္ထြက္သြားလာတဲ့ ေနရာေတြမွာ စစ္ေဆးတာေတြရွိတယ္။ က်ေနာ္တို႕ တာ့ခ္ခရိုင္မွာေတာ့ က်ုေနာ္တို႔ ျမန္မာျပည္နဲ႔ ထိစပ္ေနတဲ့ ျမ၀တီခရိုင္ေရႊကုကၠဳိလ္ဘက္က ကရင္ျပည္နယ္ထဲမွာ တရုတ္ႏိုင္ငံသားေတြက အေဆာက္အဦးေတြ ေဆာက္တာ ၊ စီးပြားေရးအရ ရင္းႏွီးျမွပ္ႏွံတာ ၊ ၀င္ထြက္သြားလာေတြရွိတယ္။ ကာစီႏိုေလာင္းကစားရံုေတြ ရွိေနတာေတြရွိေတာ့ တရုတ္ႏိုင္ငံသားေတြ အ၀င္အထြက္သြားလာတာေတြရွိေတာ့ တာ့ခ္ခရိုင္မွာလည္း ပိုၿပီးစစ္ေဆးေနတာေတြရွိေနပါတယ္။”

ထိုင္းနိုင္ငံ အေနနဲ႕ ထုိင္း-ျမန္မာနယ္စပ္ေတြသာမကျမန္္မာနိုင္ငံသား အလုပ္သမားေတြ အမ်ားရွိေနတဲ့ စမုပရကန္ ခရိုင္ မွာလည္းထိုင္းက်န္းမာေရးဌာနက ႏွာေခါင္းစည္းမ်က္ႏွာကာတဲ့ (Mask)ေတြ ကို ၀တ္ၾကဖို႔အတြက္ ျမန္မာႏုိင္ငံသားေတြကိုအခမဲ့ ေ၀ေပးေနျပီး စာသင္ေက်ာင္းေတြမွာလည္း ကိုရိုနာဗိုင္းရပ္စ္ေရာဂါဆိုင္ရာ ပညာေပးလုပ္ငန္းေတြကိုလည္းအရွိန္ျမွင့္ လုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ထိုင်း-မြန်မာနယ်စပ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အရှိန်မြှင့်လုပ်ဆောင်နေ

(Unicode)

ထိုင်း-မြန်မာနယ်စပ်ချင်းရိုင်ခရိုင်နဲ့ တာ့ခ်ခရိုင်တွေမှာ ထိုင်းအစိုးရက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒီအထဲမှာ တာ့ခရိုင် ထဲက မဲဆောက်-မြဝတီနယ်စပ်နဲ့ ချင်းရိုင်ခရိုင်ထဲက မဲဆိုင်တာချီလိပ် နယ်စပ်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေကို အထူးကြပ်မတ် လုပ်ဆောင်လာတာပါ။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၃၀ ကျော်၊ ကူးစက်သူ ၃၀,၀၀၀ ကျော်ရှိပြီဆိုတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

မြန်မာနဲ့နိုင်ငံခြားသားတွေ အဝင်အထွက်များတဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဝင်ပေါက် စစ်ဆေးရေး ဂိတ်တွေမှာ ဖေေါ်ဝါရီလ (၆) ရက်နေ့ကစပြီး ကျန်းမာရေး ဆေးစစ်မှုတွေနဲ့ ကူးဆက် ရောဂါဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို ထိုင်းဘက်က ပိုမိုတိုးမြှင့်လုပ်ဆောင်လာတာပါ ။

နယ်စပ်စစ်ဆေး ဝင်ပေါက်ဂိတ်တွေမှာ အပူချိန်တိုင်းတာတဲ့ စကင်ဖတ်စစ်ဆေးတဲ့ ကင်မရာတွေအပြင် ဆေးဝန်ထမ်းဆရာဝန်နဲ့ သူနာပြုဆရာမတွေ အရေးပေါ် ဆေးရုံကားတွေပါ အသင့်ပြင်ထားပါတယ် ။ နယ်စပ်ဒေသမှာ နေထိုင်နေကြတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အဖျားဝင်-ချောင်းဆိုး အသက်ရူကြပ် စတဲ့ လက္ခဏာတွေ ဖြစ်လာခဲ့ရင် နီးစပ်ရာ ဆေးရုံကို သတင်းပို့ပြီး ဆေးအစစ်ဆေးခံကြဖို့ ချင်းရိုင်ခရိုင် အမှတ်သုံးစစ်ဒေသ ဗိုလ်မှူး ကြီး ရန်ကွန်မဟာ ပညာဝုန်ကိုယ်တိုင် ဆော်သြမူတွေလုပ်နေပါတယ်။

အခုဆိုရင် နယ်စပ်ဆိုင်ရာ ကိုရိုနာ ရောဂါပိုး တိုက်ဖျက်ရေးလုပ်ငန်းတွေ မှာ အမှတ်(၃) စစ်ဒေသ ဆေးဝန်ထမ်းတွေလည်း ပူးပေါင်းဆောင်ရွက်လာတာပါ။ထိုင်းကျန်းမာရေးဝန်ကြီး အနုတင် ချန်ဝီရကွန်က ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာပဲ
နိုင်ငံခြားသားခရီးသွားတွေနဲ့ ပတ်သက်လို့ အခုလိုပြောသွားပါတယ်။

“ထိုင်းနိုင်ငံသားတွေကော ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေကော နှားခေါင်းစည်း မျက်နှာအကာကိုဝတ်ဆင်ထားဖို့ တကယ်တမ်း ကျနော်တို့အားလုံးဟာ ဒီဗိုင်းရပ်စပ်ပိုး အန္တရယ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ အားလုံးပူးပေါင်း ပါဝင်ကြဖို့ လိုပါတယ်။အဲဒီလိုမဝတ်ထားတာမျိုးမျက်နှားဖုံးအကာအကွယ်တွေ မတတ်ကြပဲငြင်းပယ်တဲ့နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံကိုလာရောက်လည်ပါတ်တာမလုပ်ပါနဲ့” ဆိုပြီး လေးလေးနက်နက် ပြောဆိုသွားတာပါ။

ကျန်းမာရေးဝန်ကြီးကိုယ်တိုင် ဘန်ကောက်မြို့လည်က စရမ်ရထားဘူတာ မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဖို့ နှားခေါင်းစည်း Mask တွေ ဝတ်ဆင်ကျဖို့ လိုက်လံနိုးဆော်တာတွေကို လုပ်နေရင်းနဲ့ ဒီလိုပြောဆိုသွားတာပါ။

ထိုင်း-မြန်မာနယ်စပ်တွေက အခြေအနေတွေကိုတော့ မြန်မာ ရွှေပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က တာဝန်ခံ ဦးမိုးကျော်က အခုလိုပြောပြပါတယ်။

“အခုတာခ့်ခရိုင်နဲ့ ချင်းရိုင်ခရိုင်မှာ ပိုပြီးစစ်ဆေးတယ် ဆေးရုံက တာဝန်ရှိသူတွေကိုယ်တိုင် စစ်တာတွေ ကားတွေနဲ့ လှည့်ပြီး တရုတ်နိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေဝင်ထွက်သွားလာတဲ့ နေရာတွေမှာ စစ်ဆေးတာတွေရှိတယ်။ ကျနော်တို့ တာ့ခ်ခရိုင်မှာတော့ ကျုနော်တို့ မြန်မာပြည်နဲ့ ထိစပ်နေတဲ့ မြဝတီခရိုင်ရွှေကုက္ကိုလ်ဘက်က ကရင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံသားတွေက အဆောက်အဦးတွေ ဆောက်တာ ၊ စီးပွားရေးအရ ရင်းနှီးမြှပ်နှံတာ ၊ ဝင်ထွက်သွားလာတွေရှိတယ်။ ကာစီနိုလောင်းကစားရုံတွေ ရှိနေတာတွေရှိတော့ တရုတ်နိုင်ငံသားတွေ အဝင်အထွက်သွားလာတာတွေရှိတော့ တာ့ခ်ခရိုင်မှာလည်း ပိုပြီးစစ်ဆေးနေတာတွေရှိနေပါတယ်။”

ထိုင်းနိုင်ငံ အနေနဲ့ ထိုင်း-မြန်မာနယ်စပ်တွေသာမကမြန်မာနိုင်ငံသား အလုပ်သမားတွေ အများရှိနေတဲ့ စမုပရကန် ခရိုင် မှာလည်းထိုင်းကျန်းမာရေးဌာနက နှာခေါင်းစည်းမျက်နှာကာတဲ့ (Mask)တွေ ကို ဝတ်ကြဖို့အတွက် မြန်မာနိုင်ငံသားတွေကိုအခမဲ့ ဝေပေးနေပြီး စာသင်ကျောင်းတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ ပညာပေးလုပ်ငန်းတွေကိုလည်းအရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG