(Zawgyi/Unicode)
ထိုင္းနိုင္ငံသားေတြ လုပ္ကုိင္ေနတဲ့ ကိုယ္ပိုင္လုပ္ငန္းေတြကို ျမန္မာအပါအ၀င္ နိုင္ငံျခားသား အလုပ္သမားမ်ား ၀င္ေရာက္လုပ္ကိုင္မယ္ ဆိုရင္ ထိေရာက္စြာ အေရးယူဖို႔ ထိုင္းအစိုးရက တိုးျမင့္လုပ္ေဆာင္ေတာ့မွာ ျဖစ္ပါတယ္။
ဇန္န၀ါရီလ ၈ ရက္ေန႔က စတင္ၿပီးေတာ့လည္း ဘန္ေကာက္၊ ပထုန္ဌာနီ-နံုထဘူရီ ခရိုင္ေတြမွာ စစ္ေဆးမႈေတြ ဖမ္းဆီးမူေတြ လုပ္ေဆာင္လာၿပီ ျဖစ္ပါတယ္။ ဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပုိ့ထားပါတယ္
ထိုုင္းနိုင္ငံ အလုပ္အကိုင္ ေနရာခ်ထားေရး၊ အလုပ္သမားေရးရာဌာန၊ လူ၀င္မူႀကီးၾကပ္ေရးဌာန - လ၀က နဲ ့ ထိုင္းအမ်ိဳးသားရဲတပ္ဖြဲ ့၀င္ေတြ ပူးေပါင္းၿပီး ၂၀၂၀ ဇန္န၀ါရီလ ၈ ရက္ေန ့က စတင္ျပီး နိုင္ငံျခားသားေတြ လုပ္ကိုင္ဖို႔ ခြင့္ျပဳ မထားတဲ့ အလုပ္အကိုင္မ်ိဳး လုပ္ေနတဲ့သူ ရွိမရွိ နယ္ေျမအလိုက္ စစ္ေဆးေဖၚထုတ္ မႈေတြ တိုးၿပီး လုပ္ေဆာင္လာတာပါ။
အခုလို စစ္ေဆးမွုေတြကို အထူးသျဖင့္ ျမန္မာ - ကေမၻာဒီးယား နဲ႔ လာအို နိုင္ငံသား အလုပ္သမား အမ်ားစုေနထိုင္ေနတဲ့ ဘန္ေကာက္ - ပထုန္ဌာနီ-နံုထဘူရီ ခရိုင္ေတြမွာ စတင္ လုပ္ေဆာင္ၿပီး ဖမ္းဆီးေန ေၾကာင္းနဲ႔ ဒါကို တနိုင္ငံလံုးအတိုင္းတာနဲ႔ ဖိဖိစီးစီး လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို ့ ထိုင္းအလုပ္သမား ေနရာခ်ထားေရး ဌာန ( Department of Employment) ဒါရိုက္တာ Suchat Pornchai Wisetkun က ဇန္န၀ါရီလ ၈ ရက္ေန႔မွာ သတင္းေထာက္ေတြကို ေျပာဆုိခဲ့ တာ ျဖစ္ပါတယ္။
ေရ႔ႊေျပာင္းအလုပ္သမား အခြင့္ေရး ကြန္ယက္ရဲ့ ဥကၠဌ ဦးေအာင္ေက်ာ္ ကေတာ့ အခုလိုေျပာျပပါတယ္။
“ ႏိုင္ငံျခားအလုပ္သမားေတြကိုလုပ္ခြင့္မျပဳတဲဲ့ လုပ္ငန္းအမ်ိဳးအစားေတြ သတ္မွတ္ေပးထားတာ အရင္ကတည္းက ရွိတာေပါ့ေနာ္ ။ အဓိကေတာ့ ကုိယ္ပုိင္စီးပြားေရးကို လုပ္ခြင့္မျပဳတာ၊ ဥပမာ ေစ်းဆုိင္ေတြဖြင့္မယ္ ေစ်းတြေရာင္းမယ္တို႔၊ ဆံသ လုပ္ငန္းေပါ့၊ ကုိယ့္ဖာသာညွပ္မယ္တို႔ ၊ လုပ္သာေတြၾကားမွာ သူငယ္ခ်င္းခ်င္း ဆံပင္ညွပ္တုိ ဘာတိုေတာင္ အဖမ္းခံရတာ ခဏခဏရွိတယ္။ ဒါေတြက လုပ္ဖုိ႔ ခြင့္မျပဳထားတဲ့ အလုပ္ေတြျဖစ္တယ္။ အဓိက ကေတာ့ အေရာင္းအ၀ယ္ လုပ္ငန္းေပါ့။ က်ေနာ္တုိ႔ ျမန္မာလူမ်ိဳးေတြ ကလည္း အေရာင္းအ၀ယ္ လုပ္ေနၾကတယ္။ ထမင္းဆုိင္ေလးေတြ ဖြင့္ထားတာတို႔ ။ ျမန္မာျပည္က မိတ္ေဆြေခၚလာၿပီး ျမန္မာအမ်ိဳးသမီး ၀မ္းဆက္ေတြေရာင္းတာတို ့ အဓိက ဖမ္းတာ။ ရိုတီ (ပလာတာ) ကို တြန္းလွည္းနဲ့ လိုက္ေရာင္းတာတို့။ တခ်ိဳ ့က အသီးအႏွံေတြ ေရာင္းတာတို။ ့ဟင္းသီးဟင္းရြက္ ေရာင္းတာတို႔ ၊ ျမန္မာ အစားအေသာက္ေတြ ေရာင္းတာတို ့၊ ေနာက္ျမန္မာ အ၀တ္အထည္ေတြ ေရာင္းတာတို့႔က ေနရာတိုင္း ျမန္မာေတြ ရွိေနတဲ့ ခရိုင္တုိင္းမွာ ရွိေနႀကတယ္”
ထိုင္းနိုင္ငံမွာ နိုင္ငံျခားသား အလုပ္သမားေတြ အေနနဲ႔ ခြင့္ျပဳထားတဲ့ အလုပ္အကိုင္ ေတြက လြဲရင္ ထိုင္းလူမ်ိဳးေတြ လုပ္ကိုင္ေနၾကတဲ့ ကိုယ္ပိုင္ စီးပြားေရး လုပ္ငန္းမ်ိဳးေတြကို လုပ္ကိုင္မယ္ဆိုရင္ ဒဏ္ေငြက ဘတ္ေငြ ၅၀၀၀ ကေန ဘတ္ေငြ ၅၀၀၀၀ အထိ ေငြဒဏ္က်ခံရမယ့္အျပင္ ျပည္ႏွင္ဒဏ္ပါ အေပးခံရမယ့္ ဥပေဒကို ထိုင္းအစိုးရက ထုတ္ျပန္ထားတာပါ။
အခုလို အမိန္ ့ထုတ္ျပန္ထားေပမယ့္ နိုင္ငံျခားသား အလုပ္သမားေတြဟာ ဥပေဒကို မလိုက္နာပဲ လုပ္ေဆာင္ေနၾကတာမ်ိဳးေတြ ေတြ ့ရတဲ့အတြက္ အခုလို ဖိဖိစီးစီး လုပ္ေဆာင္ရတာျဖစ္တယ္လို ့ ထိုင္းအာဏာပုိင္ေတြက ေျပာဆုိပါတယ္။
ဦးေအာင္ေက်ာ္ကေတာ့ ထိုင္းႏိုင္ငံသားေတြအတြက္ အလုပ္အကုိင္ အခြင့္အလမ္းေတြ ေလ်ာ့သြားမွာ စိုးတဲ့အတြက္ အခုလုိ လုပ္တာ ျဖစ္တယ္လိုေ႔ ေျပာပါတယ္။
“သူတုိ႔လည္း သူတို႔ႏိုင္ငံသူတို႔ လူမ်ိဳးအတြက္ ကာဗာလုပ္ၿပီး ဒီဥပေဒကုိ ေရးဆဲြထားတာျဖစ္တယ္။ ေရႊ႕ေျပာင္းအလုပ္သမားေတြ ဒီအလုပ္ မလုပ္နဲ႔ ဆိုတာ သူတုိ႔လုပ္ေနတဲ့ အလုပ္ေတြ ေလ်ာ့ပါး သြားမွာစိုးလို ့ဟန့္တား ထားတဲ့ သေဘာပါ”
ထိုင္းႏိုင္ငံထဲမွာ ျမန္မာအလုပ္သမား၊ တရား၀င္ေကာ တရားမ၀င္ပါ ၃ သန္း ထက္မနည္း အလုပ္လုပ္ကိုင္ေနၾကတာ ျဖစ္ၿပီး ဒီလို ထိုင္းအစိုးရသတ္မွတ္ ထားတဲ့ ႏိုင္ငံျခားသား မလုပ္ရ အလုပ္မ်ိဳးေတြကုိ လုပ္ကုိင္ေနသူ ေတြ ထဲမွာ အမ်ားစုက ျမန္မာႏိုင္ငံသားေတြ ျဖစ္ၾကပါတယ္။
ဒါေပမယ့္ အဖမ္းခံရသူ ဘယ္ႏွစ္ေယာက္ရွိ ေနၿပီလဲ ဆိုတာကိုေတာ့ ထုိင္းအာဏာပိုင္ေတြ ဘက္က သတင္း မထုတ္ျပန္ ေသးပါဘူး။
.......................
နိုင်ငံခြားသားလုပ်သား အလုပ်ကန့်သတ်မှု ထိုင်းပိုတင်းကြပ်မည်
(Unicode)
ထိုင်းနိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကို မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်မယ် ဆိုရင် ထိရောက်စွာ အရေးယူဖို့ ထိုင်းအစိုးရက တိုးမြင့်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၈ ရက်နေ့က စတင်ပြီးတော့လည်း ဘန်ကောက်၊ ပထုန်ဌာနီ-နုံထဘူရီ ခရိုင်တွေမှာ စစ်ဆေးမှုတွေ ဖမ်းဆီးမူတွေ လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်
ထိုင်းနိုင်ငံ အလုပ်အကိုင် နေရာချထားရေး၊ အလုပ်သမားရေးရာဌာန၊ လူဝင်မူကြီးကြပ်ရေးဌာန - လဝက နဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ၂၀၂၀ ဇန်နဝါရီလ ၈ ရက်နေ့က စတင်ပြီး နိုင်ငံခြားသားတွေ လုပ်ကိုင်ဖို့ ခွင့်ပြု မထားတဲ့ အလုပ်အကိုင်မျိုး လုပ်နေတဲ့သူ ရှိမရှိ နယ်မြေအလိုက် စစ်ဆေးဖေါ်ထုတ် မှုတွေ တိုးပြီး လုပ်ဆောင်လာတာပါ။
အခုလို စစ်ဆေးမှုတွေကို အထူးသဖြင့် မြန်မာ - ကမ္ဘောဒီးယား နဲ့ လာအို နိုင်ငံသား အလုပ်သမား အများစုနေထိုင်နေတဲ့ ဘန်ကောက် - ပထုန်ဌာနီ-နုံထဘူရီ ခရိုင်တွေမှာ စတင် လုပ်ဆောင်ပြီး ဖမ်းဆီးနေ ကြောင်းနဲ့ ဒါကို တနိုင်ငံလုံးအတိုင်းတာနဲ့ ဖိဖိစီးစီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား နေရာချထားရေး ဌာန ( Department of Employment) ဒါရိုက်တာ Suchat Pornchai Wisetkun က ဇန်နဝါရီလ ၈ ရက်နေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ တာ ဖြစ်ပါတယ်။
ရေ့ွှပြောင်းအလုပ်သမား အခွင့်ရေး ကွန်ယက်ရဲ့ ဥက္ကဌ ဦးအောင်ကျော် ကတော့ အခုလိုပြောပြပါတယ်။
“ နိုင်ငံခြားအလုပ်သမားတွေကိုလုပ်ခွင့်မပြုတဲ့ လုပ်ငန်းအမျိုးအစားတွေ သတ်မှတ်ပေးထားတာ အရင်ကတည်းက ရှိတာပေါ့နော် ။ အဓိကတော့ ကိုယ်ပိုင်စီးပွားရေးကို လုပ်ခွင့်မပြုတာ၊ ဥပမာ ဈေးဆိုင်တွေဖွင့်မယ် ဈေးတွရောင်းမယ်တို့၊ ဆံသ လုပ်ငန်းပေါ့၊ ကိုယ့်ဖာသာညှပ်မယ်တို့ ၊ လုပ်သာတွေကြားမှာ သူငယ်ချင်းချင်း ဆံပင်ညှပ်တို ဘာတိုတောင် အဖမ်းခံရတာ ခဏခဏရှိတယ်။ ဒါတွေက လုပ်ဖို့ ခွင့်မပြုထားတဲ့ အလုပ်တွေဖြစ်တယ်။ အဓိက ကတော့ အရောင်းအဝယ် လုပ်ငန်းပေါ့။ ကျနော်တို့ မြန်မာလူမျိုးတွေ ကလည်း အရောင်းအဝယ် လုပ်နေကြတယ်။ ထမင်းဆိုင်လေးတွေ ဖွင့်ထားတာတို့ ။ မြန်မာပြည်က မိတ်ဆွေခေါ်လာပြီး မြန်မာအမျိုးသမီး ဝမ်းဆက်တွေရောင်းတာတို့ အဓိက ဖမ်းတာ။ ရိုတီ (ပလာတာ) ကို တွန်းလှည်းနဲ့ လိုက်ရောင်းတာတို့။ တချို့က အသီးအနှံတွေ ရောင်းတာတို။့ဟင်းသီးဟင်းရွက် ရောင်းတာတို့ ၊ မြန်မာ အစားအသောက်တွေ ရောင်းတာတို့၊ နောက်မြန်မာ အဝတ်အထည်တွေ ရောင်းတာတို့က နေရာတိုင်း မြန်မာတွေ ရှိနေတဲ့ ခရိုင်တိုင်းမှာ ရှိနေကြတယ်”
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားတွေ အနေနဲ့ ခွင့်ပြုထားတဲ့ အလုပ်အကိုင် တွေက လွဲရင် ထိုင်းလူမျိုးတွေ လုပ်ကိုင်နေကြတဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းမျိုးတွေကို လုပ်ကိုင်မယ်ဆိုရင် ဒဏ်ငွေက ဘတ်ငွေ ၅၀၀၀ ကနေ ဘတ်ငွေ ၅၀၀၀၀ အထိ ငွေဒဏ်ကျခံရမယ့်အပြင် ပြည်နှင်ဒဏ်ပါ အပေးခံရမယ့် ဥပဒေကို ထိုင်းအစိုးရက ထုတ်ပြန်ထားတာပါ။
အခုလို အမိန့်ထုတ်ပြန်ထားပေမယ့် နိုင်ငံခြားသား အလုပ်သမားတွေဟာ ဥပဒေကို မလိုက်နာပဲ လုပ်ဆောင်နေကြတာမျိုးတွေ တွေ့ရတဲ့အတွက် အခုလို ဖိဖိစီးစီး လုပ်ဆောင်ရတာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။
ဦးအောင်ကျော်ကတော့ ထိုင်းနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ လျော့သွားမှာ စိုးတဲ့အတွက် အခုလို လုပ်တာ ဖြစ်တယ်လိုေ့ ပြောပါတယ်။
“သူတို့လည်း သူတို့နိုင်ငံသူတို့ လူမျိုးအတွက် ကာဗာလုပ်ပြီး ဒီဥပဒေကို ရေးဆွဲထားတာဖြစ်တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ ဒီအလုပ် မလုပ်နဲ့ ဆိုတာ သူတို့လုပ်နေတဲ့ အလုပ်တွေ လျော့ပါး သွားမှာစိုးလို့ဟန့်တား ထားတဲ့ သဘောပါ”
ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမား၊ တရားဝင်ကော တရားမဝင်ပါ ၃ သန်း ထက်မနည်း အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပြီး ဒီလို ထိုင်းအစိုးရသတ်မှတ် ထားတဲ့ နိုင်ငံခြားသား မလုပ်ရ အလုပ်မျိုးတွေကို လုပ်ကိုင်နေသူ တွေ ထဲမှာ အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
ဒါပေမယ့် အဖမ်းခံရသူ ဘယ်နှစ်ယောက်ရှိ နေပြီလဲ ဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေ ဘက်က သတင်း မထုတ်ပြန် သေးပါဘူး။