ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက စစ်တပ်ရဲ့ ပူလူတူစခန်းကို KNLA/PDF တပ်တွေ ဒီနေ့သောကြာနေ့မနက်အစောပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် မြန်မာစစ်သားတချို့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်း မြန်မာလုပ်သားတွေနဲ့ ဒုက္ခသည်တွေရဲ့ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ မဲဆောက်မြို့ အခြေစိုက် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်ကို ထိုင်းနိုင်ငံ Nareasuan University က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကို မတ်လ ၁၁ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ ခရိုင်၊ ဆန်ခလဘူရီက အကောက်ခွန်ဂိတ်မှာ Starlink ဂြိုဟ်တု အင်တာနက် စက်တွေအပါအဝင် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ သယ်လာတဲ့ မြန်မာနိုင်ငံသား တဦးကို ထိုင်း နယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၅၀၀ ကျော်ကို အိန္ဒိယပိုင်စစ်လေယာဉ်နဲ့ မတ်လ ၁၀ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ နေရပ်ပြန်ပို့ခဲ့ပါတယ်။
မြဝတီက ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်တဲ့ တရုတ်နိုင်ငံသား ၁,၄၀၀ ကျော်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ထိုင်းနိုင်ငံကနေတဆင့် တရုတ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ကော့ချန်းကျွန်းအနီး ထိုင်းရေပိုင်နက် အတွင်းကိုဝင်လာတဲ့ မြန်မာငါးဖမ်း စက်လှေတစီးနဲ့အတူ လှေပေါ်မှာလိုက်ပါလာသူ ၆ ဦးကို ထိုင်းရေတပ်က ဖမ်းဆီးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲက ဒူးပလာယာခရိုင်၊ ဝမ်းရေးမြို့နယ်တွေမှာ မတ်လ ၁ ရက်နေ့နဲ့ မတ်လ ၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ငထွေစုတ်ရွာမှာ စစ်ဘေးရှောင်နေသူတွေ သေဆုံးသလို တခြားရွာတွေက ရွာသားတွေလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချင်းရိုင်နဲ့ အယုဒ္ဓယခရိုင်တို့ကနေ ၂ ရက်တာအတွင်း စိတ်ကြွဆေးပြား ၁၃ သန်း ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာနိုင်ငံနယ်စပ်အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေး အစီအစဉ်တစိတ်တပိုင်း အဖြစ် ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ အင်တာနက်၊ စက်သုံးဆီအပြင် လူသုံးကုန်တွေပါ တင်ပို့မှုပိတ်ထားတဲ့ အမိန့်ကို ဖယ်ရှားဖို့ ထိုင်းလုပ်ငန်းရှင်တွေ ဒီကနေ့ပဲ တောင်းဆိုလိုက်ကြပါတယ်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ ပူလူတူစခန်းကို ကရင် အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ခိုက်နေကြပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ တန်ပြန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို ထိုင်းအာဏာပိုင်တွေလက်ကို မြန်မာဘက်က လွှဲပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ အတွင်းမှာ သီတင်းတပတ်နီးပါး အတွင်း ပြစ်မှုကျူးလွန်သူပေါင်း ၁ သောင်း နီးပါး ဖမ်းဆီးခဲ့တဲ့ အထဲမှာ မြန်မာက ထက်ဝက် နီးပါး ပါဝင်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
“ဆေးစစ်တဲ့အခါမှာ မွေးရာပါရောဂါတွေ ရှိမရှိစစ်ဆေးတယ်။ ပြီးတော့ စစ်မှုထမ်းဖို့ အသက်ပြည့် မပြည့်ကိုစစ်တယ်။ ချက်ချင်းကြီးတော့ ခလရ (၂၆၂) ကိုမခေါ်သေးဘူး။ ကော့သောင်းက မိုးလုံလေလုံ အားကစားရုံမှာထားပြီး ဆေးစစ်တယ်။ ပြီးတော့မှ ကော့သောင်းကခလရ (၂၆၂) ကိုခေါ်သွားတယ်။" (ဒေသခံ)
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်ထဲက ကလန်းမဲရူးဈေးကြီးကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မလေးရှား အာဏာပိုင်တွေက အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဝင်ရောက် စီးနင်းရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဖမ်းဆီးခံရပါတယ်။ အမှု ရင်ဆိုင်နေတဲ့ကာလမှာ နေရပ်ပြန်ပို့ဖို့အတွက် မြန်မာတွေကို လက်မှတ်ထိုးခိုင်းတာတွေ လုပ်လာပါတယ်။
ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ရွှေကုက္ကိုဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေ ထဲက တရုတ်နိုင်ငံသားတွေကို အိမ်နီးချင်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကနေ စတင်ပြန်ပို့နေပါပြီ။ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ပထမအသုတ်အဖြစ် တရုတ်အယောက် ၂၀၀ ကို စတင် ပို့ဆောင်တာ ဖြစ်ပါတယ်။ ထိုင
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က စုထိစန်နယ်မြေတွင်းမှာ ရှိတဲ့ ၈ ထပ်တိုက် တလုံးကို ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းမှု အတွင်း ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်း ခေါင်းဆောင်တွေ အပါအဝင် တရုတ်နိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှာရှိတဲ့ KTV ဆိုင်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသူ ၂ ဦးနဲ့ လာအိုနိုင်ငံသူ ၃ ဦးတို့ဟာ ထိုင်းဘက်ကို ပြန်ပြီးခိုးဝင်လာတုန်း ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ ထိုင်းစစ်တပ်ရဲ့လှည့်ကင်းက ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ်က အွန်လိုင်း ငွေလည်ဂိုဏ်းတွေကို ချေမှုန်းဖို့ ကျားဖြန့်လုပ်ငန်းနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးအဖွဲ့ကိုဖွဲ့စည်းပြီး နှိမ်နှင်းရေးလုပ်ငန်းတွေ စတင် အကောင်အထည်ဖော်နေပြီလို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က ပြောဆိုခဲ့ပြီးနောက် မြဝတီမှာ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးခဲ့ပါတယ်။
မြန်မာနိုင်ငံနယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ရာဇဝတ်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံထားရတဲ့ နိုင်ငံခြားသား ၂၆၀ ကျော်ကို ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးလိုက် ကြောင်း DKBA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။
“သူတို့က Target ရှိတယ်။ ဥပမာ တလကို ဒေါ်လာ ငါးသောင်းရှာရမယ်ဆိုပါတော့၊ အဲဒီမှာနေခဲ့ရတဲ့ သားကောင်တွေပြောပြတာပါ။ အဲဒီ Target ကိုမပြည့်ဘူးဆိုရင် ညှဥ်းပန်းနှိပ်စက်ခံရတယ်။ ပေးမအိပ်ဘူး၊ အဲဒါထက်ဆိုးတာက သုံးလလောက်ဆို အမှောင်ခန်းထဲမှာ ထားပြီး နှိပ်စက်ညှင်းပမ်းတာတွေရှိတယ်လို့ ပြောပြကြပါတယ်။” (ကူညီသူတဦး)
နောက်ထပ်ကြည့်ရှုရန်