ထိုင်း-မြန်မာနယ်စပ်မှာ ကင်းလှည့်နေတဲ့ ထိုင်း နယ်ခြားစောင့်တပ်နဲ့ မြန်မာဘက်ကဝင်လာတဲ့ မူးယစ်မှောင်ခို လက်နက်ကိုင်တွေကြား တိုက်ပွဲအတွင်း မူးယစ်ဆေးဝါး သယ်ဆောင်သူ ၄ ဦး သေဆုံးပြီး ICE မူးယစ်ဆေး ကီလို ၂၀၀ နီးပါး၊ စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်တို့က သတင်းထုတ်ပြန်ပါတယ်။
ထိုင်းမြန်မာနယ်စပ် မြဝတီ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ညွန်ကြားခိုင်းစေနေတယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား နှစ်ဦး နေထိုင် နေတဲ့ ဘန်ကောက်မြို့က နေအိမ်ကို ထိုင်း မှုခင်းရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၆ ရက်က ဝင်ရောက်စီးနင်းခဲ့ကာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက် ရပ်ချမနူ နယ်ခြားစောင့်တပ်နဲ့ ဖွတ်ဖရ (Phop Phra) ရဲစခန်းက ရဲအရာရှိတွေက ဖွတ်ဖရမြို့နယ်ထဲမှာ လုံခြုံရေးဂိတ် ၃နေရာချပြီး စစ်ဆေးနေရာမှာ မြန်မာနိုင်ငံဘက်ကို တင်ပို့ဖို့ လုပ်ထားတဲ့ လောင်စာဆီ လီတာ ၆၀၀ကို ဖေဖေါ်ဝါရီလ ၇ရက်နေ့ညက ဖမ်းဆီးလိုက်ပါတယ်။ေ
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီခရိုင် ရွှေကုက္ကိုဒေသက အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ တရုတ်နိုင်ငံသား ၃၉ ဦး အပါအဝင် နိုင်ငံခြားသား ၆၁ ဦးကို ဒီကနေ့ နေ့လယ် ၁၂ နာရီ ကျော်မှာ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား (၂) ကနေ နယ်ခြားစောင့်တပ် BGF က ထိုင်းဘက်ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
"ထိုင်းဗီဇာတွေ၊ ပတ်စပို့တွေနဲ့လာတာဖြစ်လို့ ထိုင်းဘက်က အပ်ရင် ပိုပြီးချောမွေ့တယ်ပေါ့၊ မြန်မာထဲမှာဆို နိုင်ငံခိုးဝင်မှုတွေနဲ့ ရက်ပေါင်း ၃၀ လား၊ ၆၀ လား ချုပ်ထားမှာတွေက ရှိတယ်။ သူလာရာလမ်းကိုပြန်တာကောင်းတယ်ဆိုပြီး ထိုင်းကိုအပ်နှံပေးတာ လူ ရာဂဏန်းနဲ့ကိုရှိနေပါပြီ။" (ဗိုလ်ချုပ်ဆန်းအောင် -DKBA)
“ အခု တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသကလူတွေ လိမ်လည်ခံနေရတဲ့ကိစ္စမှာလည်း သက်ဆိုင်ရာသံရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ တကယ်တော့ ထိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံထဲကိုဝင်သွားခဲ့ ကြတာဆိုတော့ ထိုင်းနိုင်ငံအနေနဲ့ တာဝန်ရှိနေပါတယ်။” (ထိုင်းတရားသူကြီးPol. Col. Thawee Sodsong)
“မြန်မာပြည်က သက်ဆိုင်ရာကပို့လာတဲ့ သတင်းအချက်အလက်တွေကို သေချာစိစစ်တဲ့အခါမှာမြန်မာဘက်ကို ပို့နေတဲ့လျှပ်စစ်မီးတွေက မြ၀တီက ကျားဖြန့်ဂိုဏ်းတွေကနေ အကျိုးစီးပွားအတွက်သုံးနေတာ တွေ့ ရပါတယ်။ ရွှေကုက္ကိုနဲ့ KK Park နေရာကအသုံးပြုနေတဲ့အတွက် အဲဒီနေရာတွေကိုမီးဖြတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ " (ထိုင်း ဒု-ကာကွယ်ရေးဝန်ကြီး)
ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့က သယ်လာတဲ့ ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရဲ့ ဆက်သွယ်ရေး လုပ်ငန်းသုံး ပစ္စည်းတချို့ကို ထိုင်းဘက်ခြမ်း တာ့ခရိုင် မဲဆောက် မြို့နယ်ထဲမှာ ထိုင်းနယ်ခြားစောင့်တပ်တွေက ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီး သိမ်းယူခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေထံ ရောက်နေတဲ့ တရုတ်နိုင်ငံသား ၅ ဦးဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဘက်ကို ဇန်နဝါရီ ၃၀ရက်နေ့က ထွက်ပြေးလာတုန်း ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့ပါတယ်။ မဲဆောက် လဝကမှာ ထိန်းသိမ်းထားပြီး နေရပ်နိုင်ငံကို ပြန်ပို့မယ်လို့ ထိုင်းဘက်ကဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ကွီလုံတိုင်ကျေးရွာအနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကို ကလေးတွေဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားလို့ ကလေး ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းဖို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံ ရေး လက်ထောက်ဝန်ကြီး Mr. Liu Zhongyi ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့ပဲ ထိုင်းနယ်စပ် မဲဆောက်မြို့ကိုသွားရောက်ခဲ့သလို ထိုင်းအာဏာပိုင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်အပါအဝင်ထိုင်းနယ်စပ်တလျှောက်မှာလှုပ်ရှားနေတဲ့ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းပေါင်း ၃၆ ဂိုဏ်းကို ထိုင်းနဲ့ တရုတ်နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းရေးအတွက် အဖွဲ့ဝင် ၁၅ ဦး ပါတဲ့ တရုတ်နိုင်ငံက အာဏာပိုင် အဖွဲ့ဟာ ထိုင်းကိုရောက်ရှိလာခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump သမ္မတတာဝန်လိုက်အပြီးမှာပဲ နိုင်ငံတကာအကူအညီတွေရပ်ဆိုင်းဖို့ လက်မှတ်ထိုးအမိန့် ထုတ်လိုက်ပြီးနောက် အမေရိကန် အကူညီတွေ ရယူထားတဲ့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေလည်းဇန်နဝါရီလ ၂၇ ရက်နေ့က စပြီးရပ်နားထားလိုက်ရပါတယ်။
မလေးရှား နိုင်ငံ မြို့တော် ကွာလာလမ်ပူ အပါအဝင် ပြည်နယ်စုံမှာ ဒီရက်ပိုင်း အတွင်း အထောက်အထားမဲ့ မြန်မာ ရာနဲ့ချီ ဖမ်းခံရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ စလို့ ၃ ရက်တာ အတွင်း မြန်မာ ၂၀၀ လောက် မလေးရှားရဲ့ ပြည်နယ်စုံမှာ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရတယ်လို့ မြန်မာ့ အရေး လှုပ်ရှားသူ ဦးစိုးထက်သိမ်းက ပြောပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) အခြေစိုက် လှုပ်ရှားနေတဲ့ ထိမ်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီ တပ်စခန်းတခုကို မကြာသေးခင်ကပဲ KNLA နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Donald Trump တက်လာခဲ့ပြီးနောက် ဒုက္ခသည်အဖြစ် လက်ခံတာ၊ လျှောက်ထားတာ အားလုံးကို ရပ်ဆိုင်းလိုက်တဲ့အတွက် မြန်မာဒုက္ခသည်တချို့ အမေရိကန်သွားခါနီးမှ ခရီးစဉ်ဖျက်လိုက်ရပါတယ်။
မဲဆောက် အပါအဝင် မြို့နယ် ၅ ခုအတွင်း ဝင်လာတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးနေပြီး နိုင်ငံခြားသားတွေ တည်းခိုနိုင်တဲ့ ဟိုတယ်၊ မိုတယ်တွေ အပါအဝင် နေရာပေါင်း ၁၃၀ ကျော်ကို ရှောင်တခင် စစ်ဆေးရာမှာတော့ မြန်မာ၊ တရုတ် အပါအဝင် နိုင်ငံခြားသား ၄၉ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်တဲ့အကြောင်း အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် ဆယ်စုနှစ် ၂စုကျော်ထိ ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းမှာနေထိုင်နေကြရတဲ့ဒုက္ခသည်တွေအတွက်မျှော်လင့်ချက်မဲ့သလိုတွေဖြစ်သွားရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေ အများစုပါတဲ့ ရိုဟင်ဂျာ ၅၀ နီးပါး ဒီကနေ့ပဲ ရေကြောင်းကနေ ရောက်ရှိလာကြောင်း အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်