ထိုင်းမြန်မာနယ်စပ်တလျှောက် မြန်မာနဲ့ထိစပ်နေတဲ့ နေရာတွေမှာ မြ၀တီဘက်က ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းကသွားလာနေတဲ့ နေရာတွေကို ထိုင်းဘက်က သံဆူးကြိုးကာရံတာ သွတ်ပြားကာရံတာတွေလုပ်ပြီး နယ်စပ်လုံခြုံရေးကိုကာကွယ်နေပါတယ်။
အွန်လိုင်းလိမ်လည်ဂိုဏ်းမှာအလုပ်လုပ်ခဲ့တဲ့ အင်ဒို ၃၂ ဦးကို ထိုင်းဖမ်းဆီးမိခဲ့ပါတယ်။
အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းတွေရဲ့ ဖြားယောင်း သွေးဆောင်ပြီး ရောင်းစားမှု ကြုံနေကြရတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ထိုင်းရဲချုပ် ကိုယ်တိုင်လာရောက်ပြီး တာ့ခ်ခရိုင် အာဏာပိုင်တွေနဲ့ နယ်စပ်လုံခြုံရေး အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်၊ မယ်လမ၊ အုန်းဖန်၊ ထာ့ဆောင်ရမ်း၊ ဖွတ်ဖရ စတဲ့မြို့နယ် ၅နေရာက နယ်စပ် ခိုးဝင်တဲ့လမ်းတွေ သဘာ၀တောလမ်းတွေနေရာကို ထိုင်း စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားပြီးတချို့နေရာတွေကို သံဆူးကြိုးတွေကာရံချထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကဖမ်းဆီးပြီး အဓမ္မခိုင်းစေခံနေရတဲ့ ဟောင်ကောင်ဒေသခံတွေကို ကယ်တင်နိုင်ဖို့ လာရောက်ဆွေးနွေးတဲ့ ဟောင် ကောင်ကိုယ်စားလှယ်အဖွဲ့ကို ထိုင်းရဲချုပ် ထပ်ချိုင်း ပတ်ထနီလာဘတ် (Pol. Gen. Thachatchai Pitaneelabut ) က ဒီနေ့တွေ့ဆုံဆွေးနွေးပါတယ်။ န
မြန်မာ နယ်စပ်နဲ့ မီတာ ၆၀၀ သာကွာဝေးတဲ့ တောင်ကြားမှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ လက်နက်ကိုင် ၂၀ ဦးနဲ့ ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့အကြားဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ တဘက်နဲ့တဘက် နာရီဝက် ခန့် အပြန်အလှန် ပစ်ခတ်ခဲ့တာပါ။
ထိုင်း-မြန်မာ နယ်စပ်တာ့ခရိုင်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါကို မြန်မာနိုင်ငံသား နစ်ဦး ထံကနေ နောက်ထပ်တွေ့ရတဲ့အတွက် ထိုင်းဘက်ခြမ်းမှာ ရောဂါကာကွယ်တာဆီးရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး သတိပေးချက်တွေကို ထုတ်ပြန်နေပါတယ်။
ကရင်ပြည် ကော့ကရိတ်-မြဝတီ အတွင်းက ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ပိတ်ထားတဲ့အာရှလမ်းပြန်ဖွင့်နိုင်ရေး ကုန်သွယ်ရေးဇုန်ထိရောက်စွာအလုပ်လုပ်ကိုင်နိုင်ရေးအတွက်စစ်ကောင်စီဘက်ကတပ်အင်းအားအလုံးအရင်းနဲ့ ကော့ကရိတ်ဘက်ကိုတက်လာပြီးအင်အားဖြည့်တင်းတာတွေ စစ်ရေးအတွက်ပြင်ဆင်တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကိုအလည်ခရီးရောက်လာသူ တရုတ်အမျိုးသားနှစ်ဦးကို အွန်လိုင်းငွေလိမ်ဂိုဏ်းသားတွေက လှည့်ဖျားခေါ်ဆောင်သွားခဲ့တာကို တာ့ခရိုင်ထဲမှာ ထိုင်းအာဏာပိုင်တွေက အချိန်မီကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ရဲမှူးကြီးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ နယ်ထဲမှာရှိတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့မူသယ်စခန်းကို ကရင်အမျိုးသားများ ကာကွယ်ရေး တပ်-KNDO နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ ကေအန်ယူ ဘက်က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခရိုင်မဲဆောက်မြို့အထွက်စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားပေါ်မှာဝှက်ပြီး လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ဦး ကို ထိုင်းအာဏာပိုင်များက ဇန်နဝါရီလ ၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်းနိုင်ငံသား ၁၅၁ ဦး ကို လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး မြန်မာဘက်က ထိုင်းဘက်ကို တရားဝင် လွဲပြောင်းပေးခဲ့ပေမယ့် တနင်္သာရီတိုင်း ကော့သောင်းခရိုင်အတွင်း ဖမ်းမိတဲ့ ထိုင်ရေလုပ်သား ၄ ဦး မပါဝင်သေးဘူးလို့ ထိုင်းဘက်က ပြောပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အကျဉ်းချထားပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မူ့တွေကြောင့် ၂၀၂၄ခုနှစ်တနှစ်ထဲမှာပဲ သေဆုံးသူ ၉ဦး ရှိခဲ့ပြီး နှိပ်စက်ညှင်းပမ်းခံရသူ ၁၅၀ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဒီဇင်ဘာလ ၃၁ရက်နေ့မှာ နှစ်ချုပ်စာရင်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စားနပ်ရိက္ခာပြတ်လတ်တာဝမ်းပျက်ဝမ်းလျောရောဂါတွေနဲ့ ကျန်းမာရေးဆိုးဝါးလာတာကြောင့် လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားဦးရေ ၂၀ လောက်ထိရှိလာပြီလို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောပါတယ် ။
ထိုင်းနိုင်ငံမြောက်ပိုင်း Phetchabun ဖက်ချဘွန်းခရိုင် ထဲမှာ ဒီဇင်ဘာလ၂၆ ရက်နေ့ ညနေက ရဲစစ်ဆေးရေး ဂိတ်တွေကို ဖြတ်ကျော်မောင်းနှင်ခဲ့တဲ့ ကား ၂ စင်းကို ထိုင်းရဲက လိုက်လံဖမ်းဆီးရာမှာ အထောက်ထားမဲ့ ဝင်လာတဲ့ မြန်မာ ၃၆ ဦးကို ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရွှေက္ကိုလ်မှာ တရုတ်နိုင်ငံသားတွေကတဆင့် ကာလဝမ်းရောဂါ ဖြစ်ပွားနေတာကြောင့် လူနာတချို့ကို ထိုင်းဘက်က တာ့ခရိုင်ထဲကမယ်လမ၊ မဲဆောက် ဆေးရုံတွေကိုပို့ပြီးကုသနေရပါတယ်
ထိုင်းနိင်ငံ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းမှာ ပြစ်ဒဏ်ကျခံပြီးနောက် ဌာနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက အမျိုးသားတွေ စစ်သားစုဆောင်းခံရကြောင်း မိသားစုဝင်တွေက ပြောကြပါတယ်။
မြန်မာအလုပ်သမား ၃၀ဆန္ဒပြတောင်းဆိုခဲ့ရာမှာ အလုပ်ရှင်ဘက်က ထိုင်းရဲတွေ လုံခြုံရေးတွေ ခေါ် တားဆီးရိုက်နှက်ပြီး ဦးဆောင်သူလို့ ယူဆသူလေးဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
မြန်မာနိုင်ငံကိုပြန်လို့မရတဲ့တက်ကြွလှုပ်ရှားသူတွေကိုတော့ G1-99 ဗီဇာတွေဆက်ပြီးနေထိုင်ခွင့်ပေးတဲ့အတွက် တောင်ကိုရီးယားမှာနေထိုင်ခွင့်တော့ဆက်ရရှိနေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။
“မာနယ်ပလောနဲ့တဆက်တစပ်တည်း အဲဒီစခန်းက မနေ့က KNLA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာပါ။ နှစ် ၃၀ ကျော်သူတို့တပ်စွဲထားတာပါ။ KNU ပြိုကွဲချိန်က စစ်တပ်နဲ့ DKBA ပေါင်းပြီး ထိုင်ထားတဲ့ စခန်းပေါ့။ အခုချိန်မှာတော့ ကျနော်တို့ဘက်က ထိုးစစ်ဆင်ပြီး အဲဒီစခန်းကိုပြန်သိမ်းလိုက်တာပါ။” (ပူးပေါင်းတပ်ဖွဲ့ခေါင်းဆောင်)
နောက်ထပ်ကြည့်ရှုရန်