သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် ကော့ကရိတ်မှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်း


အာရှလမ်းမကြီးပေါ်မှာတွေ့ရတဲ့ BGF တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)
အာရှလမ်းမကြီးပေါ်မှာတွေ့ရတဲ့ BGF တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)

ကရင်ပြည် ကော့ကရိတ်-မြဝတီ အတွင်းက ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ပိတ်ထားတဲ့အာရှလမ်းပြန်ဖွင့်နိုင်ရေး ကုန်သွယ်ရေးဇုန်ထိရောက်စွာအလုပ်လုပ်ကိုင်နိုင်ရေးအတွက်စစ်ကောင်စီဘက်ကတပ်အင်းအားအလုံးအရင်းနဲ့ ကော့ကရိတ်ဘက်ကိုတက်လာပြီးအင်အားဖြည့်တင်းတာတွေ စစ်ရေးအတွက်ပြင်ဆင်တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ကရင်ပြည်နယ် ကော့ကရိတ် မြ၀တီအတွင်းက အာရှလမ်းပြန်ဖွင့်နိုင်ရေးအတွက် မြန်မာစစ်ကောင်စီဘက်ကတပ်အင်အားအလုံးအရင်းနဲ့ဒီရက်ပိုင်းအတွင်းအင်အားဖြည့်တင်းလာနေကြောင်း မကြာခင်မှာတော့တိုက်ပွဲတွေပြင်းထန်လာဖွယ်ရှိတယ်လို့ KNLA/PDF စတဲ့ပူးပေါင်းတပ်တွေဘက်ကဆိုပါတယ်။ တင်အင်အားတွေကတော့စစ်မှုထမ်းဥဒေနဲ့ စုဆောင်းထားတဲ့တပ်သားသစ်တွေများတယ်လို့လည်းဆိုပါတယ် ခန့်မှန်းအင်အား ၅၀၀ထက်မနည်းတက်လာတယ်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကခေါင်းဆောင်တဦးက VOA ကို ပြောပြပါတယ်။

"ခန့်မှန်းအင်အားက ၅၀၀လောက်ရှိတယ် ကားအစီး ၃၀ကျော်နဲ့တက်လာတယ်လို့သိရပါတယ်၊ ဘားအံကနေစတက်လာတယ် ကော့ကရိတ်အထိတက်လာပါတယ် ကော့ကရိတ်မှာအင်အားစုဖဲွ့မူ့တွေလုပ်ပြီးတော့ အောင်ဇေယျစစ်ကြောင်းနဲ့ မြ၀တီကိုပြန်ပြီးထိမ်းချုပ်နိုင်ဖို့ နဲ့ အာရှလမ်းကို ပြန်ဖွင့်နိုင်ဖို့ကြိုစားနေတယ် အာရှလမ်းကိုပြန်ဖွင့်နိုင်ဖို့ ကုန်သွယ်ရေးဇုန်ကို ထိရောက်စွာထိမ်းချုပ်နိုင်ဖို့ဖြစ်တယ်"

လတ်တလော တိုက်ပွဲတွေမပြင်းထန်သေးပေမယ့် နေစဉ်တော့တိုက်ပွဲတွေရှိနေကြောင်း အခု တက်လာတဲ့ စစ်ကောင်စီရဲ့တပ်သားသစ်တွေဟာ အတင်းအကြပ်စုဆောင်းလာတဲ့တပ်အင်အားတွေနဲ့တက်လာဖြစ်တယ်လို့ဆိုပါတယ်။

"အခုလောလောဆယ်အထိကတော့ ကြီးမားတဲ့တိုက်ပွဲမရှိသေးဘူး ကြိုးကြား တိုက်ပဲွတွေတော့ရှိပါတယ်၊ နဂိုကတည်းက အထိုင်စခန်းတွေတော့ရှိတယ် ဒီထက်ကြီးမားတဲ့အင်အားနဲ့ လည်းတက်လာတာရှိတယ် ဒါပေမယ့် လန်ထွက်သွားတယ်သူတို့ ထိုးစစ်မဆင်နိုင်ဘူးကျနော်တို့ဘက်က ချေမှုန်းခဲ့တယ် သူတို့ပြန်ဆုတ်သွားတယ်၊ အခုတဖန်ပြန်လာတဲ့အင်အားတွေက စစ်မှုထမ်းဥပဒေနဲ့ ဖွဲ့စည်းထားတဲ့အင်အားရဲဘော်သစ်တွေမြောက်များစွာပါတယ် အသက်မပြည့်သေးတဲ့ကလေးတွေလည်းပါတယ် အဲဒီအတွက် ကျနော်တို့ဘက်က စိုးရိမ်စရာမရှိဘူး ကျနော်တို့မှာပွင့်လင်းရာသီအတွက်ပြင်ဆင်ထားတာရှိတော့ ကျနော်တို့ဒီအင်အားကို အချိန်မရွေးချေမှုန်းနိုင်တယ်"

ရင်ကွဲတောင်ရေပူ ကော့ကရိတ် ဘက်မှာတိုက်ပွဲတွေနေ့စဉ်ဖြစ်နေပြီး စစ်ကောင်စီရဲ့ဌာနဆိုင်ရာအတော်များများကတော့ပိတ်ထားရပြီး စစ်စခန်းချရာနေရာတွေမှာ ဌာနဆိုင်ရာလုပ်ငန်းတွေကိုလုပ်ကိုင်နေရပါတယ် ။ ဒေသခံတွေကတော့ တိုက်ပွဲအပြင်းအထန်ဖြစ်နိုင်တယ်ဆိုပြီး တိမ်းရှောင်သူတွေလည်းများလာပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီးဖွင့်ထားတဲ့ ကော့ကရိတ်မြ၀တီအာရှလမ်းဟာ ၂၀၂၃ခုနှစ်နိုဝင်ဘာလကစပြီး အရပ်သားခရီးသွားတွေကိုပါသွားလာခွင့်မပြုပဲ ပိတ်ထားခဲ့တာပါ။ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်တိုက်ပဲွတွေပြန်ဖြစ်လာသလို စစ်ရေးအရကော ကုန်သွယ်ရေးအရပါ အရေးပါတဲ့ အာရှလမ်းကိုလည်း KNU ဘက်က ပိတ်ပင်ထားတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG