သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မြို့အထွက်မှာ ရွှေ့ပြောင်းမြန်မာ ၂၄ ဦး ဖမ်းဆီးခံရ


မဲဆောက်အထွက်ဂိတ်မှာ တရားမဝင်ရွှေ့ပြောင်းမြန်မာများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ် (ဇန်နဝါရီ ၄၊ ၂၀၂၄)
မဲဆောက်အထွက်ဂိတ်မှာ တရားမဝင်ရွှေ့ပြောင်းမြန်မာများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ် (ဇန်နဝါရီ ၄၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ် တာ့ခရိုင်မဲဆောက်မြို့အထွက်စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားပေါ်မှာဝှက်ပြီး လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ဦး ကို ထိုင်းအာဏာပိုင်များက ဇန်နဝါရီလ ၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့အထွက်က စစ်ဆေးရေးဂိတ်ကြီးမှာ ကုန်တင်ကားနဲ့လူကုန်ကူးလာတဲ့ မြန်မာ၂၄ဦးကို ဖမ်းမိခဲ့ပါတယ်။ သူတို့နဲ့အတူ သူတို့ကိုလူကုန်ကူးလာတဲ့ထိုင်းနိုင်ငံသား ၂ ဦးကိုလည်းဖမ်းမိခဲ့တယ်လို့ မြန်မာပြည်သားများရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ဟွေ့ယအု စစ်ဆေးရေးဂိတ်ကြီးမှာ ၁၁နာရီဝန်းကျင်လောက်ကသီးနှံတွေတင်လာတဲ့ မသင်္ကာဖွယ်ယာဉ်တစီးကို စစ်ဆေးတယ်။ အဲဒီမှာပဲ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ၂၄ ဦးဖမ်းမိတယ် အမျိုးသားက ၁၇ဦး အမျိုးသမီးက ၇ဦးကိုဖမ်းမိတယ်၊ သူတို့နဲ့ ပူးတွဲပါလာတဲ့ထိုင်းလူမှောင်ခို ၂ဦးကိုလည်းလက်ရဖမ်းမိပါတယ်။ မနေ့ကပဲ ပထုံဌာနီခရိုင်ထဲမှာပဲ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့မြန်မာ ၉ဦးကိုဖမ်းမိခဲ့ပါတယ်"

ထိုင်းနိုင်ငံသားလူကုန်ကူးသူတွေကတော့အသက် ၂၃နှစ်အရွယ် စူရာပချ် အသက် ၂၁နှစ်အရွယ် ၀ရာပွန်း တို့ဖြစ်ကြပြီး သူတို့ရဲ့ဝန်ခံထွက်ဆိုချက်အရ မြန်မာရွှေပြောင်းအလုပ်သမားတွေကို ထိုင်းမြန်မာနယ်စပ်ချစ်ကြည်ရေးတံတားအနီးကနေ အစုလိုက်အပြုံလိုက်ခေါ်လာကြတာလို့ဆိုပါတယ် ။သူတို့တွေဆီကနေ ကားခ တယောက်ကို ဘတ်၃ထောင်နဲ့ ခေါ်လာတာဖြစ်ပြီးကမ်ဖယ်ဖက် ခရိုင်အထိပို့ဆောင်ပေးဖို့ဖြစ်တယ်လို့လည်း ဝန်ခံထွက်ဆိုကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မှု စီးပွားရေးခက်ခဲမှုတွေကြောင့် ထိုင်းမြန်မာနယ်စပ်တာ့ခရိုင်ထဲကို မြန်မာတွေအစုလိုက်အပြုံလိုက်နေ့စဉ်ဝင်ရောက်လာနေပြီးအခုလိုထိုင်းနိုင်ငံအတွင်းမှာအထောက်အထားပြုလုပ်ပေးတဲ့ကာလမှာပိုပြီးဝင်ရောက်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG