မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိပ်မြို့ကနေ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ၂ ဂိတ်ကနေ ကားသုံးစီးနဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦး ကို လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး မြန်မာဘက်က ထိုင်းဘက်ကို တရားဝင် လွဲပြောင်းပေးခဲ့ပေမယ့် တနင်္သာရီတိုင်း ကော့သောင်းခရိုင်အတွင်း ဖမ်းမိတဲ့ ထိုင်ရေလုပ်သား ၄ ဦး မပါဝင်သေးဘူးလို့ ထိုင်းဘက်က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီဘ၀က လွတ်မြောက်ခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံသား ၁၅၁ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံချင်းရိုင်ခရိုင် မယ်ဆိုင် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ၂ ဂိတ်ကနေ ကားသုံးစီးနဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦး ကို ပြန်လွတ်လာတာပါ။ အမျိုးသား ၇၄ ဦး အမျိုးသမီး ၇၇ ဦးတို့ ပါဝင်တဲ့ ထိုင်းနိုင်ငံသားတွေဟာ တာချီလိတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကာစီနိုလောင်းကစားတွေမှာ ပါဝင်ပတ်သက်နေတာကြောင့် ပြီးခဲ့တဲ့နှစ်ဆန်းကတည်းက ထောင်ဒဏ်၂ နှစ် ကျခံနေရသူတွေ ဖြစ်ပါတယ်။
အခုလို လွတ်မြောက်လာကြတဲ့သူတွေကို ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် အာဏာပိုင်တွေနဲ့ နိုင်ငံတော်ရဲချုပ်တို့က ကြိုဆိုခဲ့ပါတယ်။
ထိုင်းဘုရင့် ရဲတပ်ဖွဲ့က အီလက်ထရောနစ် မူ့ခင်းဆိုင်ရာ စစ်ဆေးရေးမှူး ရဲချုပ် Pol. Gen. Thatchai Pitaneelabut သက်ချိုင်း ပီတာနီလာဘတ်ကတော့ ထိုင်းဘာသာနဲ့ အခုလို ပြောဆိုသွားပါတယ်။
သူ့အနေနဲ့ အခုလို ထိုင်းနိုင်ငံသားတွေ လွတ်မြောက်လာဖို့အတွက် နေပြည်တော်က ပြည်ထဲရေဝန်ကြီးနဲ့ ဆွေးနွေးညှိနိုင်း တောင်းဆိုခဲ့ပြီး အခုလို ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ် အခုလွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသားတွေကို ထိမ်းသိမ်းရေးစခန်းတွေမှာထားပြီး သူတို့ဟာ ရာဇဝတ် မူခင်းတွေနဲ့ ပတ်သက်မှု ရှိမရှိကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တနင်္သာရီတိုင်း ကော့သောင်းရေပိုင်နက်ထဲမှာ ငါးဝင်ဖမ်းလို့ ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သား ၄ ဦးက ပြန်မလွတ်လာသေးတဲ့အကြောင်း သူတို့ လွတ်မြောက်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ မြန်မာအစိုးရကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေတဲ့အကြောင်းတွေကိုလည်း ပြောဆိုသွားပါတယ်။
Forum