သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ပြီလို့ ထိုင်းကြေညာ


မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၁) (ဓာတ်ပုံ-ဗွီအိုအေ)
မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၁) (ဓာတ်ပုံ-ဗွီအိုအေ)

မြန်မာနိုင်ငံနယ်စပ် ရွှေကုက္ကိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အကြောင်း ထိုင်း ကျန်းမာရေးအရာရှိဌာန တာဝန်ရှိသူတွေ ပြောဆိုတာကို မနေ့က ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

မြန်မာနဲ့ ထိုင်းနိုင်ငံသား လူနာ တချို့မှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါလို့ သတ်မှတ်နိုင်တဲ့ လက္ခဏာ ဖြစ်ပွားခဲ့ပြီး အားလုံးကို ကုသပေးပြီးသွားပြီလို့ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံ ညွှန်ကြားရေးမှူး Dr Ramet Wongwilairat က ပြောပါတယ်။ ရွှေကုက္ကိုမြို့ဘက်မှာလည်း ရောဂါဖြစ်ပွားမှုတွေ ကျဆင်းသွားပြီလို့ သူက ပြောပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ပွားတာကို ထိုင်းနိုင်ငံအတွင်း ကူးစက်ရောဂါ ၅၇ မျိုးမှာ စောင့်ကြည့်ရောဂါ အဆင့် ၅၃ သတ်မှတ်ထားပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံဘက် Tak ခရိုင်အနီး ရွှေကုက္ကိုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၇၆၁ ယောက်ရှိခဲ့တဲ့အကြောင်း အမည်မဖေါ်လိုသူ နယ်စပ် အရာရှိတယောက်က ပြောပါတယ်။ လူ နှစ်ဦး သေဆုံးခဲ့တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ တနင်္လာနေ့ကပဲ ထိုင်းကျန်းမာရေးအရာရှိတွေရဲ့ အဖွဲ့တဖွဲ့ ရွှေကုက္ကိုမြို့ကို သွားရောက်ပြီး ရောဂါထိန်းချုပ်ရေး လိုအပ်တဲ့ ဆေးဝါးတွေ ကူညီပေးအပ်ခဲ့ပါတယ်။

Forum

XS
SM
MD
LG