သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်မှုကြောင့် ထိုင်းနယ်စပ် တလပိတ်


ယခင်မှတ်တမ်းရုပ်ပုံ | မြန်မာနိုင်ငံတွင်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကိုကူးလာကြသူ မြန်မာဒုက္ခသည်များ
ယခင်မှတ်တမ်းရုပ်ပုံ | မြန်မာနိုင်ငံတွင်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကိုကူးလာကြသူ မြန်မာဒုက္ခသည်များ

မြန်မာနိုင်ငံနယ်စပ် ရွှေကုက္ကိုမြို့မှာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် မဲဆောက်အနီး Tak ခရိုင်အတွင်း နယ်စပ်ဖြတ်သန်းခွင့် တလ တိတိ ပိတ်ပင်မယ့်အကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးချုပ်လည်းဖြစ် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ Phumtham Wechayachai က ကြေညာပါတယ်။

ထိုင်းစစ်တပ်နဲ့ ကျန်းမာရေးဌာန အရာရှိတွေ ပူးပေါင်းပြီး စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်မှာဖြစ်သလို ရောဂါကူးစက်သူတွေကို သီးခြားခွဲထားတဲ့နေရာတွေ ဖွင့်လှစ်မှာ ဖြစ်တဲ့အကြောင်း သတင်းဌာနတွေကို ဒီနေ့ ပြောကြားပါတယ်။

ဒေသခံ ကျန်းမာရေးအရာရှိတွေကလည်း လူတွေကို နှာခေါင်းစွပ်တွေ တပ်ဖို့၊ လက်အိပ်တွေသုံးဖို့နဲ့ တကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်ဖို့ ပညာပေးအစီအစဉ်တွေ သတိပေးတာတွေ လုပ်ဆောင်နေပါတယ်။ နယ်ခြားမှာ တာဝန်ယူရမယ့် ဝန်ထမ်းအားလုံး နှာခေါင်းစည်းတပ်ရမယ်လို့လည်း ထိုင်း ကာကွယ်ရေးဝန်ကြီးက အမိန့်ပေးထားပါတယ်။

မြန်မာနိုင်ငံဘက် Tak ခရိုင်အနီး ရွေကုက္ကိုလ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လူ ၃၀၀ လောက် ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပြီး နှစ်ဦး သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံ Tak ခရိုင်အတွင်းက Mae Sot (မဲဆောက်) နဲ့ Mae Ramat ဆေးရုံတွေမှာလည်း ရောဂါကူးစက်တယ်လို့ သံသယဖြစ်တဲ့ လူနာနှစ်ဦး တွေ့ထားတာကြောင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ရွှေကုက္ကိုလ်နဲ့ တဖက်ခြမ်း ထိုင်းနိုင်ငံက Mae Ramat နဲ့ Mae Sot (မဲဆောက်) မြို့တွေမှာ စက်ရုံအလုပ်ရုံတွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ အများအပြား ရှိနေတာကြောင့် ကူးစက်မှု အန္တရာယ်များတဲ့အကြောင်း ထိုင်းကျန်းမာရေးဌာန အရာရှိတွေက ပြောဆိုပါတယ်။

ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်မှုကြောင့် ထိုင်းနယ်စပ် တလပိတ်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံနယ်စပ် ရွေကုက္ကိုမြို့မှာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် မဲဆောက်အနီး Tak ခရိုင်အတွင်း နယ်စပ်ဖြတ်သန်းခွင့် တလ တိတိ ပိတ်ပင်မယ့်အကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးချုပ်လည်းဖြစ် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ Phumtham Wechayachai က ကြေညာပါတယ်။

Forum

XS
SM
MD
LG