သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ကူးကာလ ထိုင်းနယ်ခြား မူးယစ်ဆေး ကုန်ကူးမှု ပိုတိုးလာ

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ကအထွက် Huai Ya-U စစ်ဆေးရေးဂိတ်မှာဖမ်းမိတဲ့  ထိုင်းဘတ်ငွေ သန်းပေါင်း ၁,၀၀၀ ကျော် တန်ဘိုးရှိတဲ့ မူးယစ်ဆေးတတန်ကျော်ကို သိမ်းဆည်းနေစဥ်။ (စက်တင်ဘာ ၉၊ ၂၀၂၄/Photo: Thai Police)
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ကအထွက် Huai Ya-U စစ်ဆေးရေးဂိတ်မှာဖမ်းမိတဲ့ ထိုင်းဘတ်ငွေ သန်းပေါင်း ၁,၀၀၀ ကျော် တန်ဘိုးရှိတဲ့ မူးယစ်ဆေးတတန်ကျော်ကို သိမ်းဆည်းနေစဥ်။ (စက်တင်ဘာ ၉၊ ၂၀၂၄/Photo: Thai Police)

နှစ်သစ်ကူး မတိုင်ခင်ကာလ ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူတွေ လမ်းကြောင်းပြောင်းပြီး ပုံစံအမျိုးမျိုးနဲ့ သယ်ယူနေတဲ့အတွက် ထိုင်း မြန်မာနယ်စပ် Take နဲ့ Mae Hong Son ခရိုင်တွေမှာ ထိုင်းစစ်တပ်က လုံခြုံရေးတိုးချပြီး စစ်ဆေးနေပါတယ်။ ကုန်ပစ္စည်း အထုပ်အပိုးပုံစံ- စိုက်ပျိုးရေးထွက်ကုန်တွေထဲမှာ ဝှက်တာမျိုး၊ ကားတွေကို ပြုပြင်ပြောင်းလဲပြီး ဝှက်သယ်တာမျိုးတွေ လုပ်နေတဲအ့ကြောင်း ထိုင်း အမှတ် ၃၅ ခြေမြန်တပ်မ ဌာနချုပ် ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး Somjing Koree ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။ နယ်ခြားက ပုံမှန် မူးယစ်ဆေးသယ်တဲ့ လမ်းကြောင်းတွေကို ချင်းမိုင် Fang နဲ့ Mae Ai ခရိုင်တွေနဲ့ တခြား နေရာတွေကို လမ်းကြောင်းပြောင်းပြီး သယ်ယူနေတယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၆ ရက်နေ့အတွင်း ထိုင်းမြန်မာ နယ်စပ်မှာ မူးယစ်ဆေး အကြိမ် ၄၄ ကြိမ် ဖမ်းဆီးမိပြီး မီသိုင်းအမ်ဖာတမင်း စိတ်ကြွဆေးပြား ၄၇ သန်း ဖမ်းဆီးရမိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အခုလို နှစ်သစ်ကူးရာသီက ဖမ်းဆီးမိတဲ့ အရေအတွက်ထက် စိတ်ကြွဆေးပြား ၁၁ သန်းပိုပြီး၊ ၂၃ ဒသမ ၉၅ ရာခိုင်နှုန်း ပိုများလာတာဖြစ်ပါတယ်။

တချိန်တည်းမှာ Crystal မီသိုင်းအမ်ဖာတမင်း၊၊ Ice နဲ့ ဟီးရိုးအင်းနဲ့ ketamine မူးယ်စဆေးတွေလည်း ဖမ်းဆီးမိခဲ့ပါတယ်။ အရှေ့မြောက်ပိုင်း Nakhon Phanom အရပ် မဲခေါင်မြစ်ထဲမှာ လီတာ ၃၀ ဆန့် ဆီပိုင်းတွေ မျောပါနေပြီး ဆီပိုင်းတွေထဲမှာ စိတ်ကြွဆေးပြားတွေ သိန်းချီ ထည့်ထားတာကို သိမ်းဆည်းရမိတဲ့အကြောင်းလည်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။

နှစ်ကူးကာလ ထိုင်းနယ်ခြား မူးယစ်ဆေး ကုန်ကူးမှု ပိုတိုးလာ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG