သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မြို့အနီး မူးယစ်ဆေးသယ်လာသူ မြန်မာအမျိုးသမီးတဦး ဖမ်းဆီးခံရ


ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ သောင်ရင်းမြစ်အနီး ထဆိုင်လုဝပ် ကျေးရွာနားမှာ မြန်မာအမျိုးသမီးတဦးဆီကနေ ဖမ်းဆီးရမိတဲ့  စိတ်ကြွဆေးပြား ၉ သောင်း။ (ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်/နိုဝင်ဘာ ၂၁၊ ၂၀၂၄)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ သောင်ရင်းမြစ်အနီး ထဆိုင်လုဝပ် ကျေးရွာနားမှာ မြန်မာအမျိုးသမီးတဦးဆီကနေ ဖမ်းဆီးရမိတဲ့  စိတ်ကြွဆေးပြား ၉ သောင်း။ (ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်/နိုဝင်ဘာ ၂၁၊ ၂၀၂၄)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ သောင်ရင်းမြစ်အနီး ထဆိုင်လုဝပ် ကျေးရွာနားမှာ နိုဝင်ဘာ ၂၁ ရက်က စိတ်ကြွဆေးပြား ၉ သောင်းနီးပါးနဲ့ ICE မူးယစ်ဆေး ၁ ကီလိုဂရမ် သယ်ဆောင်လာတဲ့ မြန်မာ အမျိုးသမီးတဦးကိုထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့မနက်ပိုင်းက Rajamanu Task Force ထိုင်းရချမနူ နယ်ခြားစောင့် တပ်ဖွဲ့၀င် တွေဟာ နယ်ခြားမြစ်မိုးရေးလို့ခေါ်တဲ့သောင်ရင်းမြစ်တလျောက် ကင်းလှည့်နေချိန် ထဆိုင်လုဝပ် အမှတ် (၃) ကျေးရွာအုပ်စုအနီးမှာ မြန်မာဘက်ကမ်းကနေ ကျောပိုးအိတ်တွေနဲ့လာတဲ့လူ ၃ ဦးကို စစ်ဆေးဖို့ရပ်တန့်ခိုင်းခဲ့တာပါ။

အဲဒီထဲကအမျိုးသား ၂ ဦးကတော့ နယ်ခြားစောင့်တပ်ကိုမြင်တာနဲ့ထွက်ပြေးသွားခဲ့ပြီး မြန်မာ အမျိုးသမီးတဦးကိုပဲ ဖမ်းဆီးခဲ့ရာမှာ သူတို့ သယ်ဆောင်လာတဲ့ ကျောပိုးအိတ်ထဲမှာ R တံဆိပ် ရိုက်ထားတဲ့ ပန်းရောင်စိတ်ကြွဆေးပြားအလုံးရေ ကိုးသောင်း (၉၀,၀၀၀) နဲ့ Ice မူးယစ်ဆေးတစ်ကီလို ကို ဖမ်းဆီးနိုင်ခဲ့တာပါလို့ ရချမနူ နယ်ခြားစောင့်တပ်ကသတင်းစာရှင်းလင်းခဲ့ပါတယ်။

ထိုင်းနယ်ခြား စောင့်တပ်မှူး ရတဖွန် လွမ်မစ် က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“အခုဖမ်းမိတဲ့ R တံဆိပ် စိတ်ကြွဆေးပြားတွေဟာ မဲဆောက်မြို့မှာ ပထဆုံးဖမ်းမိတဲ့ စိတ်ကြွဆေး ပြားအသစ်တွေဖြစ်ပါတယ်။ ဒီမူးယစ်ဆေးပြားတွေဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကတဆင့် မန္တလေး ဘက်ကိုဖြတ်ပြီး သယ်ယူလာကြတာဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသူကတော့ မူးယစ် ဂိုဏ်းဝင်တွေက အခကြေးငွေပေးပြီး ငှားလာလို့ သယ်ဆောင်လာတာ။”

ဒါ့ပြင် ထိုင်းဘက်ကနေ သူတို့ဆီကသယ်ဆောင်လာတဲ့မူးယစ်ဆေးဝါးတွေကို လာရောက်လက်ခံမယ့်အနက်ရောင် ပစ်ကပ်ကားတစီးကိုလည်း CCTV မှတ်တမ်းတွေနဲ့စစ်ဆေးပြီး လိုက်လံ ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့တနေ့တည်းမှာပဲ ထိုင်း-မြန်မာနယ်စပ် မဲဆိုင်မြို့မှာလည်း မြန်မာနွယ်ဖွား တိုင်းရင်းသားတဦးဆီးကနေ စိတ်ကြွဆေးပြားအလုံးရေ တသိန်းကို ပါဆယ်နဲ့ပို့ဆောင်ဖို့လုပ်တုန်း ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG