သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံဒေသထုတ် မူးယစ်ဆေးတန်ဖိုးသန်း ၆၀၀ ကျော် ထိုင်းဖမ်းဆီး


ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်မှာ ဖမ်းမိတဲ့ ဘတ်ငွေ သန်း ၆၀၀ ကျော် တန်ဘိုးရှိတဲ့ ရွှေတြိဂံဒေသထုတ်စိတ်ကြွဆေးပြား (၆) သန်းနဲ့ Ice မူးယစ်ဆေး ၃၆၅ ကီလို။ (သြဂုတ်လ ၄၊ ၂၀၂၄/Crd: Thai Police)
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်မှာ ဖမ်းမိတဲ့ ဘတ်ငွေ သန်း ၆၀၀ ကျော် တန်ဘိုးရှိတဲ့ ရွှေတြိဂံဒေသထုတ်စိတ်ကြွဆေးပြား (၆) သန်းနဲ့ Ice မူးယစ်ဆေး ၃၆၅ ကီလို။ (သြဂုတ်လ ၄၊ ၂၀၂၄/Crd: Thai Police)

ထိုင်း ဘတ်ငွေ သန်း ၆၀၀ ကျော် တန်ဘိုးရှိတဲ့ ရွှေတြိဂံဒေသထုတ်စိတ်ကြွဆေးပြား (၆) သန်းနဲ့ Ice မူးယစ်ဆေး ၃၆၅ ကီလိုကို ပထုံဌာနီခရိုင်မှာဖမ်းမိခဲ့တယ်လို့ ဩဂုတ်လ ၄ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ဘက်ကနေ ကားသုံးစီးနဲ့ ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတဲ့ ရွှေတြိဂံဒေသ ထုတ် မူးယစ်ဆေးဝါးတွေကို ထိုင်းရဲတပ်ဖွဲ့တွေက ကြိုတင်သတင်းရထားတာကြောင့် နောက်ယောင်ခံလိုက်ပြီး ဖမ်းဆီးခဲ့တာပါ။ ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ ပထုံဌာနီခရိုင်အရောက်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၆ ဦး စားသောက်ဆိုင်မှာ တထောက်နားပြီး စားသောက်နေချိန်မှာ ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စိတ်ကြွဆေးအမြောက်အများကိုဖမ်ဆီးမိခဲ့ကြောင်း ထိုင်း ဒုရဲချုပ် ဆမ်ရမ် နွမ်မာ ကသတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ အခုလိုပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ထိုင်းနယ်စပ်တွေက ထိုင်းနိုင်ငံအတွင်းပိုင်း ၀င်ရောက်လာနေတဲ့ မူးယစ်ဆေး၀ါးတွေ ကို ပိုမိုတင်းကြပ်စောင့်ကြည့်ပြီး ဖမ်းဆီးနေပါတယ်။ ဒီလို ဖမ်းဆီးရုံသာမက သူတို့တွေနဲ့ ဆက်စပ်နေတဲ့ အရေးကြီးတဲ့ မူးယစ်ကွန်ရက်တွေကို လိုက်လံ ဖော်ထုတ်ဖမ်းဆီးနေတာဖြစ်ပါတယ်။ အခုဆိုရင် မူးယစ် ကွန်ရက်တွေရှိတဲ့ခရိုင်တွေက တရားခံတွေနဲ့ဆက်စပ်သူတွေကိုလည်း ဆက်ပြီးအရေးယူသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

ရွှေတြိဂံဒေသထုတ်စိတ်ကြွဆေးပြား (၆) သန်းနဲ့ Ice မူးယစ်ဆေး ၃၆၅ ကီလိုကို ပထုံဌာနီခရိုင်မှာဖမ်းမိခဲ့တာပါ။ မူးယစ်သယ်ဆောင်လာသူတွေရဲ့ဝန်ခံချက်အရ မူးယစ်ဆေးဝါးတွေကို ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ့်ဖါလွမ်ဒေသက သယ်ဆောင်လာကြတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့အတွင်းပိုင်းကို ထပ်မံဖြန့်ချီဖို့ဖြစ်ကြောင်း ထွက်ဆိုတယ်လို့လည်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ပွဲတွေဖြစ်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက မူးယစ်ဆေး၀ါးများ ထိုင်းနိုင်ငံ အတွင်း ပိုမိုထုတ်လုပ်ပြီး သယ်ဆောင်လာနေတယ်လို့ ထိုင်းဖမောင့်တပ်ရင်းတာ၀န်ရှိသူ ဗိုလ်မှူးကြီးကလည်း ဇူလိုင်လအတွင်းကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

(၈) လအတွင်း သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပြားတွေရဲ့စုစုပေါင်းတန်ဖိုးဟာ ဘတ်ငွေ သန်း ၂၀,၀၀၀ ကျော် ရှိပြီး ဆေးပြား ၁၅၁ သန်းကျော်အထိဖမ်းမိခဲ့တယ်လို့ ပြီးခဲ့တဲ့လကပဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အခုလိုဖမ်းမိတဲ့ပမာဏဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်ဒေသအတွင်းမနက်ကထက် အများဆုံးစံချိန်တင်ဖမ်းမိခဲ့တာလို့လည်း ပြောဆိုပါတယ်ရှင်။

Forum

XS
SM
MD
LG