သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ၉ လအတွင်း စိတ်ကြွဆေးပြား သန်း ၅၀၀ ကျော် ဖမ်းမိ


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာဖမ်းဆီးရမိတဲ့ မူးယစ်စိတ်ကြွဆေးများ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာဖမ်းဆီးရမိတဲ့ မူးယစ်စိတ်ကြွဆေးများ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (NACC) ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ ၉ လအတွင်း ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးပြား သန်း ၅၀၀ ကျော်ဖမ်းမိကြောင်းနဲ့ ဖမ်းမိတဲ့စိတ်ကြွဆေးအများစုဟာ မြန်မာနယ်စပ်နဲ့ထိစပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုက ဇွန်လ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ကပ်လျက် ထိုင်းမြောက်ပိုင်းဒေသတခုတည်းမှာတင်ပဲ ၉ လအတွင်း စိတ်ကြွဆေးပြား သန်း ၂၅၀ ခန့်သိမ်းဆည်းရမိခဲ့ပြီး ၁၀၈ သန်းကျော်ကတော့ ချင်းမိုင်ခရိုင်တခုတည်းကနေ ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

ဒီစိတ်ကြွဆေးတွေဟာ အိမ်နီးနားချင်း နိုင်ငံတွေကနေ ခိုးသွင်းလာတဲ့စိတ်ကြွဆေးတွေဖြစ်တယ်လို့လည်း ဆိုပါတယ်
မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ကလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ် Samran Nuanma က အခုလိုပြောသွားပါတယ်။

"တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလတွေအတွင်း မူးယစ်ဆေး နှိမ်နင်းတိုက်ဖျ က်ခဲ့ရာမှာ တနိုင်ငံလုံး နေရာပေါင်း ၂,၂၇၆ နေရာကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့တရားခံပေါင်း ၂,၂၂၀ ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဖမ်းမိတာကတော့ ၉ လအတွင်းစိတ်ကြွဆေးပြား အလုံးရေသန်းပေါင်း ၅၀၀ ကျော်၊ ကာလတန်ဖိုးအားဖြင့် ဘတ်ငွေသန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာလို့လည်းပြောသွားပါတယ်။

ဒီရက်ပိုင်းမှာပဲ ထိုင်း-မြန်မာ နယ်စပ် ချင်းရိုင်ခရိုင် ဖန်မြို့နယ်မှာ နှစ်ရက်အတွင်း စိတ်ကြွဆေးပြား ခုနစ်သန်း၊ လေးသိန်းနဲ့ ဘိန်းဖြူ ၂၂၅ ကီလို ဖမ်းမိခဲ့ပါတယ်။ စိတ်ကြွဆေးအများအပြားဟာ ရွှေတြိဂံဒေသကနေတဆင့် ထိုင်း-မြန်မာနယ်စပ် ထိုင်းမြောက်ပိုင်းကနေ ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့အတွက် ထိုင်းအာဏာပိုင်နဲ့ မူးယစ်မှောင်ခိုသမားတွေဟာ နယ်စပ်တွေမှာ မကြာခဏ ပစ်ခတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်ရှင်။

Forum

XS
SM
MD
LG