သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊႀတိဂံမူးယစ္ေဆးအမ်ားအျပား နဲ႔ မူးယစ္ဂိုဏ္းဝင္ ၆ ဦး ထိုင္းမွာဖမ္းမိ


THAI ARRESTED DRUG AT THE BORDER

ထိုင္း ျမန္မာ လာအို ၃ ႏိုင္ငံဆံုရာ ေရႊႀတိဂံေဒသထုတ္မူးယစ္ေဆး၀ါး ၄သန္းေက်ာ္နဲ့ Ice မူးယစ္ေဆးကီလို ၁၃၀ နဲ႔ လက္နက္ခဲယမ္းေတြနဲ့အတူ မူးယစ္ဂိုဏ္း ၂ခုက အဖဲြ ့၀င္ ၆ဦး ကုိ ခ်င္းရိုင္ျပည္နယ္နဲ့ အယုဒၵယျပည္နယ္ ၂ခုမွာ ဖမ္းမိခဲ့ပါတယ္

Zawgyi/ Unicode

Zawgyi

ထိုင္း ျမန္မာ လာအို ၃ ႏိုင္ငံဆံုရာ ေရႊႀတိဂံေဒသထုတ္မူးယစ္ေဆး၀ါး ၄သန္းေက်ာ္နဲ့ Ice မူးယစ္ေဆးကီလို ၁၃၀ နဲ႔ လက္နက္ခဲယမ္းေတြနဲ့အတူ မူးယစ္ဂိုဏ္း ၂ခုက အဖဲြ ့၀င္ ၆ဦး ကုိ ခ်င္းရိုင္ျပည္နယ္နဲ့ အယုဒၵယျပည္နယ္ ၂ခုမွာ ဖမ္းမိေႀကာင္း ထိုင္းႏို္င္ငံမူးယစ္ႏွိမ္နင္းေရးဗ်ဴရိုက သတင္းစာရွင္းလင္းပဲြလုပ္ခဲ့ပါတယ္

ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္

ထိုင္းႏို္င္ငံ မူးယစ္ႏွိမ္နင္းေရးဗ်ဴရိုက ေအာက္တိုဘာလ ၄ရက္ေန့က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာေရႊႀတိဂံေဒသထုတ္ စိတ္ၾကြေဆးျပားေပါင္း ၄သန္း ေက်ာ္ နဲ့အတူ Ice မူးယစ္ေဆး၀ါး ကီလို ၁၃၀ လက္နက္ခဲယမ္းမ်ား နဲ့ အေရးပါတဲ့ မူးယစ္ဂိုဏ္း၂ခုက လူ၆ဦးကို ဖမ္းမိတယ္လို့ ေျပာၾကားခဲ့ပါတယ္။

ထိုင္းျမန္မာနယ္စပ္ ခ်င္းရိုင္ျပည္နယ္ထဲမွာ ေက်းရြာသူႀကီး တဦးနဲ့ပတ္သက္တဲ့ ကားတစီးကို နယ္ျခားေစာင့္ရဲတပ္ဖြဲ့က ေနာက္ကေန လိုုက္လံဖမ္းဆီးခဲ့ရာမွွာ စိတ္ၾကြေဆးျပား ေလးသန္းသံုးသိန္းကို ဖမ္းမိခဲ့တာျဖစ္ပါတယ္။

အယုုဒၵယျပည္နယ္ ၀မ္နိုင္းျမိဳ ့က ေနအိမ္တခုမွာေတာ့ မူးယစ္ဂိုဏ္း၀င္သံုးဦ းနဲ့အတူ Ice မူးယစ္ေဆး ၁၃၀ ကီလိုနဲ့ လက္နက္ခဲယမ္းေတြပါ သိမ္းဆီးနိုုင္ခဲ့ျပီး ခ်င္းရိုင္းျပည္နယ္ဘက္မွာေတာ့ ရြာသူႀကီး တဦးအပါအ၀င္ ၃ဦးကို ဖမ္းမိခဲ့တယ္လို့ဆိုပါတယ္။ အခုဖမ္းမိတဲ့ မူးယစ္ဂိုုဏ္း ၂ ခုဟာ ေရႊၾတီဂံေဒသကလာတဲ့ မူးယစ္ေဆးေတြကို နယ္ေျမအတြင္းမွ ာအဓိကျဖန္ ့ခ်ီေပးေနသူေတြျဖစ္ေႀကာင္း သတင္းစာရွင္းပြဲမွာ
ဒုရဲခ်ဳပ္ Sarayuth Sanguanphokaiကေျပာသြားပါတယ္ ။

သူေျပာသြားတဲ့အထဲမွာေတာ့ မူယစ္ေဆး၀ါးသမားေတြက လူသစ္တန္းေတြမ်ားလာတယ္။ မူယစ္ေဆး၀ါးနဲ့ပတ္သက္လုိ့ လုိက္လံစံုစမ္းဖုိ့က အင္အားေတြ ပိုသံုးလာရတယ္ လို့လည္းေျပာသြားပါတယ္ ။ အခုဖမ္းမိတဲ့ မူးယစ္ေဆး၀ါးေတြရဲ့ကာလတန္ဖိုးက ဘတ္ေငြ သန္းေပါင္း တေထာင္ေက်ာ္တန္ဖိုးရွိတယ္ လို့ဆုိပါတယ္။

ထိုင္းအစိုးရအအေနနဲ့ တႏွစ္အတြင္း ေရႊၾတိဂံေဒသထုတ္ စိတ္ၾကြေဆး သန္းေပါင္း ၆၀ ဖမ္းဆီးနိုင္ခဲ့ျပီး မူးယစ္တရားခံ ၆၄၁ ဦး နဲ့အတူ ပိုုင္ဆိုုင္မွုု တန္ဘိုး ဘတ္သန္ း၆၀၀ ကို နိုု္င္ငံေတာ္ပိုင္သိမ္းယူခဲ့ေၾကာင္း ထိုင္းႏိုင္ငံေျမာက္ပိုုင္းက မူးယစ္ႏွိမ္နင္းေရး တာ၀န္ရွိသူမ်ားကလည္း မႀကာေသးခင္ကပဲ သတင္းထုတ္ျပန္ခဲ့ပါတယ္ရွင္ ။

Unicode

ထိုင်း မြန်မာ လာအို ၃ နိုင်ငံဆုံရာ ရွှေတြိဂံဒေသထုတ်မူးယစ်ဆေးဝါး ၄သန်းကျော်နဲ့ Ice မူးယစ်ဆေးကီလို ၁၃၀ နဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ မူးယစ်ဂိုဏ်း ၂ခုက အဖွဲ့ဝင် ၆ဦး ကို ချင်းရိုင်ပြည်နယ်နဲ့ အယုဒ္ဒယပြည်နယ် ၂ခုမှာ ဖမ်းမိကြောင်း ထိုင်းနိုင်ငံမူးယစ်နှိမ်နင်းရေးဗျူရိုက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်

ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်

ထိုင်းနိုင်ငံ မူးယစ်နှိမ်နင်းရေးဗျူရိုက အောက်တိုဘာလ ၄ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြားပေါင်း ၄သန်း ကျော် နဲ့အတူ Ice မူးယစ်ဆေးဝါး ကီလို ၁၃၀ လက်နက်ခဲယမ်းများ နဲ့ အရေးပါတဲ့ မူးယစ်ဂိုဏ်း၂ခုက လူ၆ဦးကို ဖမ်းမိတယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ထဲမှာ ကျေးရွာသူကြီး တဦးနဲ့ပတ်သက်တဲ့ ကားတစီးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က နောက်ကနေ လိုက်လံဖမ်းဆီးခဲ့ရာမှာ စိတ်ကြွဆေးပြား လေးသန်းသုံးသိန်းကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အယုဒ္ဒယပြည်နယ် ဝမ်နိုင်းမြို့က နေအိမ်တခုမှာတော့ မူးယစ်ဂိုဏ်းဝင်သုံးဦ းနဲ့အတူ Ice မူးယစ်ဆေး ၁၃၀ ကီလိုနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆီးနိုင်ခဲ့ပြီး ချင်းရိုင်းပြည်နယ်ဘက်မှာတော့ ရွာသူကြီး တဦးအပါအဝင် ၃ဦးကို ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ အခုဖမ်းမိတဲ့ မူးယစ်ဂိုဏ်း ၂ ခုဟာ ရွှေတြီဂံဒေသကလာတဲ့ မူးယစ်ဆေးတွေကို နယ်မြေအတွင်းမှ ာအဓိကဖြန့်ချီပေးနေသူတွေဖြစ်ကြောင်း သတင်းစာရှင်းပွဲမှာ
ဒုရဲချုပ် Sarayuth Sanguanphokai ကပြောသွားပါတယ် ။

သူပြောသွားတဲ့အထဲမှာတော့ မူယစ်ဆေးဝါးသမားတွေက လူသစ်တန်းတွေများလာတယ်။ မူယစ်ဆေးဝါးနဲ့ပတ်သက်လို့ လိုက်လံစုံစမ်းဖို့က အင်အားတွေ ပိုသုံးလာရတယ် လို့လည်းပြောသွားပါတယ် ။ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ကာလတန်ဖိုးက ဘတ်ငွေ သန်းပေါင်း တထောင်ကျော်တန်ဖိုးရှိတယ် လို့ဆိုပါတယ်။

ထိုင်းအစိုးရအအနေနဲ့ တနှစ်အတွင်း ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး သန်းပေါင်း ၆၀ ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်တရားခံ ၆၄၁ ဦး နဲ့အတူ ပိုင်ဆိုင်မှု တန်ဘိုး ဘတ်သန် း၆၀၀ ကို နိုင်ငံတော်ပိုင်သိမ်းယူခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းက မူးယစ်နှိမ်နင်းရေး တာဝန်ရှိသူများကလည်း မကြာသေးခင်ကပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင် ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG