သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူးယစ္ေမွာင္ခို သမားေတြနဲ႔ ထိုင္းနယ္ျခားေစာင့္တပ္တိုက္ပြဲျဖစ္


မူးယစ္ေမွာင္ခို သမားေတြနဲ႔ ထိုင္းနယ္ျခားေစာင့္တပ္တိုက္ပြဲျဖစ္ ဇန်နဝါရီလ ၁၀ ၊ ၂၀၂၃

ထိုင္း- ျမန္မာ နယ္စပ္ ခ်င္းမိုင္ ျပည္နယ္ ဖန္ၿမိဳ႕နယ္ထဲမွာ ဇန္နဝါရီလ ၉ ရက္ေန႔ မနက္အေစာပိုင္းမွာ ထိုင္းနယ္ျခားေစာင့္တပ္နဲ႔ မူးယစ္ေမွာင္ခိုေတြၾကား အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ၿပီး ေခတမင္ မူးယစ္ေဆးဝါး ကီလို ၂၀၀ နဲ႔ အတူ မူးယစ္ ေမွာင္ခို သမား ၆ ဦး ေသဆုံးခဲ့ေၾကာင္း ထိုင္း နယ္ျခားေစာင့္တပ္က သတင္းထုတ္ပါတယ္။ မူးယစ္ေမွာင္ခို သမား ၆ ဦးနဲ႔ အတူ မူးယစ္ေမွာင္ခိုေတြ စြန႔္ပစ္သြားတဲ့ ေက်ာပိုးအိတ္ ၁၉ လုံး အတြင္းက ကာလ တန္ဖိုး ဘတ္သန္းေပါင္း ၅၇၀ တန္ဖိုးရွိတဲ့ ေခတမင္ မူးယစ္ေဆး ကီလို ၂၀၀ သိမ္းဆည္းမိေၾကာင္းနဲ႔ နယ္ေျမရွင္းလင္းေရး ဆက္လုပ္ဖို႔ ၫႊန္ၾကားထားေၾကာင္း ထိုင္း ေျမာက္ပိုင္း နယ္ျခားေစာင့္တပ္က ဗိုလ္ခ်ဳပ္ Suparerk က ေျပာဆိုခဲ့ပါတယ္။ ခ်င္းမိုင္ ျပည္နယ္ ဖန္ၿမိဳ႕နယ္ အတြင္းက မြန္ပင္း ေက်း႐ြာ အနီးမွာ ထိုင္း နယ္ျခားေစာင့္တပ္ေတြ ကင္းလွည့္ေနခ်ိန္ ျမန္မာ နယ္စပ္နဲ႔ ၂ ကီလိုမီတာေလာက္ အကြာမွာ လူ ၂၀ ေလာက္ ပါတဲ့ မူးယစ္ေမွာင္ခို သမား လက္နက္ကိုင္ေတြနဲ႔ တိုက္ပြဲ ျဖစ္ခဲ့တာပါ။ တိုက္ပြဲ ျဖစ္ခ်ိန္ ၁၅ မိနစ္ေလာက္ အၾကာမွာေတာ့ မူးယစ္ ေမွာင္ခို လက္နက္ကိုင္ အဖြဲ႕ဝင္ေတြ ဒဏ္ရာရၿပီး ျပန္ၿပီး ဆုတ္ခြာသြားခဲ့ေၾကာင္း ၊ အုပ္စုကြဲသြားတဲ့ မူးယစ္ ေမွာင္ခို လက္နက္ကိုင္ေတြနဲ႔ ထိုင္း စစ္တပ္တို႔ ေနရာ ၃ ခုမွာ မနက္ ၃ နာရီ ကေန မနက္ ၇ နာရီေလာက္ထိ ဆက္ၿပီး တိုက္ပြဲ ျဖစ္ခဲ့ေၾကာင္းလည္း နယ္ျခားေစာင့္တပ္က ေျပာပါတယ္။ ထိုင္းစစ္တပ္ဘက္ကေတာ့ အက်အဆုံး ဒဏ္ရာရသူ မရွိေၾကာင္းလည္း ေျပာပါတယ္။ အခု ေသဆုံးသြားတဲ့ မူးယစ္ ေမွာင္ခို လက္နက္ကိုင္ အဖြဲ႕ဝင္ ၆ ဦးကေတာ့ မူးယစ္ေမွာင္ခို သမားေတြ ငွားယမ္းလာတဲ့ နယ္စပ္ ေက်း႐ြာေတြမွာ ေနထိုင္ၾကတဲ့ တိုင္းရင္းသားေတြ ျဖစ္ေၾကာင္းလည္း နယ္စပ္ သတင္းေတြက ေဖာ္ျပၾကပါတယ္။

{Unicode}

မူးယစ်မှောင်ခို သမားတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တိုက်ပွဲဖြစ်


ထိုင်း- မြန်မာ နယ်စပ် ချင်းမိုင် ပြည်နယ် ဖန်မြို့နယ်ထဲမှာ ဇန်နဝါရီလ ၉ ရက်နေ့ မနက်အစောပိုင်းမှာ ထိုင်းနယ်ခြားစောင့်တပ်နဲ့ မူးယစ်မှောင်ခိုတွေကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီး ခေတမင် မူးယစ်ဆေးဝါး ကီလို ၂၀၀ နဲ့ အတူ မူးယစ် မှောင်ခို သမား ၆ ဦး သေဆုံးခဲ့ကြောင်း ထိုင်း နယ်ခြားစောင့်တပ်က သတင်းထုတ်ပါတယ်။ မူးယစ်မှောင်ခို သမား ၆ ဦးနဲ့ အတူ မူးယစ်မှောင်ခိုတွေ စွန့်ပစ်သွားတဲ့ ကျောပိုးအိတ် ၁၉ လုံး အတွင်းက ကာလ တန်ဖိုး ဘတ်သန်းပေါင်း ၅၇၀ တန်ဖိုးရှိတဲ့ ခေတမင် မူးယစ်ဆေး ကီလို ၂၀၀ သိမ်းဆည်းမိကြောင်းနဲ့ နယ်မြေရှင်းလင်းရေး ဆက်လုပ်ဖို့ ညွှန်ကြားထားကြောင်း ထိုင်း မြောက်ပိုင်း နယ်ခြားစောင့်တပ်က ဗိုလ်ချုပ် Suparerk က ပြောဆိုခဲ့ပါတယ်။ ချင်းမိုင် ပြည်နယ် ဖန်မြို့နယ် အတွင်းက မွန်ပင်း ကျေးရွာ အနီးမှာ ထိုင်း နယ်ခြားစောင့်တပ်တွေ ကင်းလှည့်နေချိန် မြန်မာ နယ်စပ်နဲ့ ၂ ကီလိုမီတာလောက် အကွာမှာ လူ ၂၀ လောက် ပါတဲ့ မူးယစ်မှောင်ခို သမား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တာပါ။ တိုက်ပွဲ ဖြစ်ချိန် ၁၅ မိနစ်လောက် အကြာမှာတော့ မူးယစ် မှောင်ခို လက်နက်ကိုင် အဖွဲ့ဝင်တွေ ဒဏ်ရာရပြီး ပြန်ပြီး ဆုတ်ခွာသွားခဲ့ကြောင်း ၊ အုပ်စုကွဲသွားတဲ့ မူးယစ် မှောင်ခို လက်နက်ကိုင်တွေနဲ့ ထိုင်း စစ်တပ်တို့ နေရာ ၃ ခုမှာ မနက် ၃ နာရီ ကနေ မနက် ၇ နာရီလောက်ထိ ဆက်ပြီး တိုက်ပွဲ ဖြစ်ခဲ့ကြောင်းလည်း နယ်ခြားစောင့်တပ်က ပြောပါတယ်။ ထိုင်းစစ်တပ်ဘက်ကတော့ အကျအဆုံး ဒဏ်ရာရသူ မရှိကြောင်းလည်း ပြောပါတယ်။ အခု သေဆုံးသွားတဲ့ မူးယစ် မှောင်ခို လက်နက်ကိုင် အဖွဲ့ဝင် ၆ ဦးကတော့ မူးယစ်မှောင်ခို သမားတွေ ငှားယမ်းလာတဲ့ နယ်စပ် ကျေးရွာတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ဖြစ်ကြောင်းလည်း နယ်စပ် သတင်းတွေက ဖော်ပြကြပါတယ်။

XS
SM
MD
LG