သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းလိမ်လည်ဂိုဏ်းတွေအသုံးပြုတဲ့ မြန်မာနယ်စပ်ကို ထိုင်းစည်းရိုးခတ်


ထိုင်းမြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတွေ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ဖျားယောင်းပြီး ရောင်စားခံရပြီးနောက် ထိုင်းဘက်က လုံခြုံရေးကို တင်းကျပ်ထားပါတယ်။ (Photo: C J)
ထိုင်းမြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတွေ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ဖျားယောင်းပြီး ရောင်စားခံရပြီးနောက် ထိုင်းဘက်က လုံခြုံရေးကို တင်းကျပ်ထားပါတယ်။ (Photo: C J)

ထိုင်းမြန်မာနယ်စပ်တလျှောက် မြန်မာနဲ့ထိစပ်နေတဲ့ နေရာတွေမှာ မြ၀တီဘက်က ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းကသွားလာနေတဲ့ နေရာတွေကို ထိုင်းဘက်က သံဆူးကြိုးကာရံတာ သွတ်ပြားကာရံတာတွေလုပ်ပြီး နယ်စပ်လုံခြုံရေးကိုကာကွယ်နေပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


ထိုင်းမြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတွေ ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေက ဖျားယောင်းသွေးဆောင်ပြီး ရောင်စားခံရတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းဘက်က လုံခြုံရေးကို တင်းကျပ်လိုက်ပါတယ်။ အခုဆိုရင် မဲဆောက်မယ်လမ ဖွတ်ဖရမြို့နယ်တွေဘက်မှာ သွပ်ဆူးကြိုးတွေ သွပ်ပြားတွေ ကာရံပြီး လမ်းတွေကို ပိတ်ထားတာတွေလုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

" သံဆူးကြိုးတွေ ကာတာက သောင်းရင်းမြစ်တလျှောက် အဝင်အထွက် မြန်မာနိုင်ငံသားတွေ အဝင်အထွက်လုပ်တဲ့နေရာတွေကို ပိတ်ထားတယ် ကာတာက သွပ်ဆူးကြိုး ဘလိပ်ဓါးလိုမျိုး သွပ်ဆူးကြိုးတွေ ကာထားတယ်။ ကင်းပုန်းတွေလည်း ချထားတယ်။ သွပ်ဆူးကြိုးတွေကော သွပ်ပြားနဲ့ကာတာကတော့ အဝင်အထွက်ကားတွေ အဝင်အထွက်လုပ်တဲ့နေရာတွေမှာ ကာထားတယ် ၊ မဲဆောက်က တန်ဆောင်ရမ်း မယ်လမတို့ ဖွတ်ဖရမဲဆောက် ဖွတ်ဖရ အစပ်အုန်းဖြန်ဘက်အထိ ကာရံကြတယ်။ "


ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင် ရွှေကုက္ကိုလ်မှာ ရောင်းစားခံရတဲ့ တရုတ်သရုပ်ဆောင်ဝ မ်ရှင်းဖြစ်ရပ်က အကျယ်တဝင့် ဖြစ်ခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံသားတချို့ ပျောက်ဆုံးတာတွေအတွက် မိသားစုဝင်တွေက တရုတ်အစိုးရနဲ့ ထိုင်းရဲတွေကို အပူတပြင်း ရှာဖွေခိုင်းတာတွေ ရှိလာပါတယ်။

ဒီပျောက်ဆုံးသွားသူတွေဟာ ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်နဲ့ ဖွတ်ဖရ စတဲ့နေရာတွေမှာ ပျောက်ဆုံးသွားတာတွေဖြစ်တဲ့အတွက် မြန်မာပြည် မြ၀တီခရိုင်ထဲက ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအတွက်ထိုင်းအာဏာပိုင်တွေက နယ်စပ်တလျှောက်မှာ လိမ်လည်ဂိုဏ်းရဲ့သားကောင်းမဖြစ်စေဖို့ သတိပေးကြော်ငြာဆိုင်းဘုတ်ကြီးတွေ နယ်စပ်တလျှောက် ချိတ်ဆဲွထားသလို အခုလည်း သံဆူးကြိုးတွေကို နေရာအတော်များများထိ ကာရံတာတွေကိုလည်း လုပ်လာတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG