သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားသူ တရုတ်သရုပ်ဆောင် ပြန်လည်တွေ့ရှိ


ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးပြီး ပြန်လည်တွေ့ရှိခဲ့တဲ့ တရုတ် အမျိုးသား ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing
ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးပြီး ပြန်လည်တွေ့ရှိခဲ့တဲ့ တရုတ် အမျိုးသား ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing

ထိုင်းမြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ရက်တွေက ပျောက်ဆုံးသွားတဲ့ တရုတ် အမျိုးသား ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ကို ရှာဖွေတွေ့ရှိသွားပါပြီ။ မြန်မာနိုင်ငံ မြဝတီခရိုင် တိုင်းရင်းသားလက်နက်ကိုင် နယ်ခြားစောင့်တပ် BGF နယ်မြေမှာတွေ့ရပြီး ထိုင်းကိုခေါ်ဆောင်လာပြီလို့လည်း ထိုင်းရဲတပ်ဖွဲ့က ရဲချုပ် Thatchai Pitaneelabut က သတင်းထောက်တွေကိုပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့ တရုတ် အမျိုးသား ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ကို ရှာတွေ့ပြီဖြစ်လို့ထိုင်းဘက်ခြမ်းကို ပြန်လည်ခေါ်လာခဲ့ပြီလို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ပိုင်းလောက်မှာထိုင်းဘက်ကို ပြန်ရောက်လာတာဖြစ်ပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ်Pol. Gen. Thatchai Pitaneelabut, သပ်ချိုင်းပါတနီလဘတ် ကိုယ်တိုင် မဲဆောက်ကို အထူးလေယာဉ်နဲ့ လာရောက်ခဲ့ပြီး ဒီကနေ မွန်းလွဲပိုင်က သွားရောက်လက် ခံခေါ်ယူခဲ့ကြောင်း ထိုင်းဘာသာနဲ့သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။ သူပြောသွားတဲ့အထဲမှာ တရုတ် အမျိုးသား ရုပ်ရှင်သရုပ်ဆောင် Wang Xing ကိုမြန်မာဘက်ခြမ်း နယ်ခြားစောင့်တပ်ထိမ်းချုပ်ထားတဲ့ တိုင်းရင်းသားနယ်မြေမှာ တွေ့ခဲပြီး ထိုင်းဘက်ကိုပြန်ခေါ်ဖို့အတွက် မြန်မာဘက်က အာဏာပိုင်တွေနဲ့ညှိနှိုင်းခဲ့ကြောင်း ပြောဆိုသွားတာပါ။ သူဘယ်လိုတွေ့ကြုံခဲ့ရသလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

အသက် ၃၁ နှစ်အရွယ် တရုတ် ရုပ်ရှင် သရုပ်ဆောင် Shanghai Pudong လေဆိပ်ကနေ သောကြာနေ့ မနက် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်ကို ရောက်လာခဲ့တာပါ။ လေဆိပ်ကနေ မဲဆောက်မြို့ကိုသွားခဲ့ပြီး သောကြာနေ့ မနက် ၁၀ နာရီဝန်းကျင် နယ်စပ်မှာ သူ့ကိုနောက်ဆုံးတွေ့ခဲ့ပြီးနောက် ပျောက်ဆုံးသွားတာဖြစ်ပါတယ် ။ထိုင်းဘက်ကတော့သူ့ကို CCTV မှတ်တမ်းတွေနဲ့လိုက်လံရှာဖွေခဲ့ပြီးမဲဆောက်မြို့အနီး Ban Mae Kon Ken ကနေ မြန်မာနိုင်ငံထဲဝင်သွားတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ် ။

‌ထိုင်းဝန်ကြီးချု ပ် ပေထုန်တန် ရှင်နာဝပ် ကတော့ ဘန်ကောက်မှာဒီကနေ့ သတင်းစာရှင်းလင်ပဲွလုပ်ပြီး ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသား အမျိုသားသရုပ်ဆောင် ကို ထိုင်းမြန်မာနယ်စပ် ရှာဖွေ တွေရှိထားပြီးတာ့ခ်ခရိုင် မဲဆောက်မြို့မှာ အမှတ်(၆) ဒေသတာဝန်ရှိသူတွေသွားရောက် လက်ခံနေပြီလို့ပြောဆိုခဲ့ပါတယ် ။ အခုကိစနဲ့ပါတ်သက်ပြီး ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းကို ထိခိုက်စေမယ့်ကိစ္စရပ်မျိုးတွေကို ဆိုရှယ်မီဒီယာကဖေါ်ပြတာတွေမလုပ်ကြဖို့လည်းပြောကြားသွားခဲ့ပါတယ်။

တရုတ်နိုင်ငံသား အမျိုသားသရုပ်ဆောင် Xingxing ကို သရုပ်ဆောင်ဖို့ အဖွဲ့တဖွဲ့က ကမ်းလှမ်းခဲ့တာကြောင့် ထိုင်းနိုင်ငံကိုသွားရောက်တာဖြစ်ပြီး နယ်စပ်မှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတဲ့အကြောင်း သူ့ရဲ့ရည်းစားက အကူညီတောင်းခံပြီးတဲ့နောက် တရုတ်နိုင်ငံသတင်းတွေမှာကော ထိုင်းသတင်းတွေမှာပါ အကျယ်တဝင့်ဖြစ်ခဲ့ပါတယ်။

သူ့ကိုတော့ညတွင်းချင်းဘန်ကောက်ကိုပို့ဆောင်သွားမယ်လို့ထိုင်းရဲချုပ်ကပြောဆိုကြောင်းထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။

Forum

XS
SM
MD
LG