သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး တရုတ်ရုပ်ရှင်သရုပ်ဆောင်ကို ထိုင်းရဲချုပ်သွားခေါ်


ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးပြီး ပြန်လည်တွေ့ရှိခဲ့တဲ့ တရုတ် အမျိုးသား ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing
ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးပြီး ပြန်လည်တွေ့ရှိခဲ့တဲ့ တရုတ် အမျိုးသား ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing

ထိုင်းမြန်မာနယ်ခြားမှာ ပျောက်ဆုံးနေတဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ကို ရှာတွေ့ပြီဖြစ်ပြီး ထိုင်းရဲချုပ် Thatchai Pitaneelabutr ကိုယ်တိုင်သွားခေါ်တဲ့အကြောင်း ထိုင်းနိုင်ငံထုတ် Khaosod သတင်းမှာ ဖေါ်ပြပါတယ်။

ဆံပင်ရိပ်ထားတဲ့ Xingxing ရဲ့ ပုံနဲ့အတူ ဖေါ်ပြထားပေမဲ့ ဘယ်နေရာမှာ ရှာတွေ့တယ်၊ ဘယ်ကို ခေါ်လာတယ်၊ ဘယ်လို ပျောက်ဆုံးခဲ့တယ်ဆိုတာတွေ အသေးစိတ်ကိုတော့ သတင်းမှာ ဖေါ်ပြခြင်း မရှိပါဘူး။ Xingxing ဟာ မြန်မာနိုင်ငံနယ်ထဲကို ဝင်သွားပြီး ပျောက်ဆုံးသွားတာလို့ ထိုင်းနိုင်ငံ Tak ခရိုင် အာဏာပိုင်တွေ အတည်ပြု ပြောဆိုတာကို ဒီနေ့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးထားပါတယ်။

CCTV လုံခြုံရေးကင်မရာမှတ်တမ်းတွေအရ မဲဆောက်မြို့အနီး Ban Mae Kon Ken ကနေ မြန်မာနိုင်ငံထဲဝင်သွားတာကိုတွေ့ရပြီး မြန်မာဘက်က တာဝန်ရှိသူတွေလည်း Xingxing ကို ရှာပေးဖို့ အကူအညီတောင်းထားတဲ့အကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် တရုတ် ရုပ်ရှင် သရုပ်ဆောင် ဟာ Shanghai Pudong လေဆိပ်ကနေ သောကြာနေ့ မနက် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်ကို ရောက်လာခဲ့တာပါ။ လေဆိပ်ကနေ မဲဆောက်မြို့ကိုသွားခဲ့ပြီး သောကြာနေ့ မနက် ၁၀ နာရီဝန်းကျင် နယ်စပ်မှာ နောက်ဆုံးတွေ့ခဲ့တဲ့အကြောင်း သတင်းစာမှာ ဖေါ်ပြပါတယ်။

Xingxing ကို သရုပ်ဆောင်ဖို့ အဖွဲ့တဖွဲ့က ကမ်းလှမ်းခဲ့တာကြောင့် ထိုင်းနိုင်ငံကိုသွားရောက်တာဖြစ်ပြီး နယ်စပ်မှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတဲ့အကြောင်း သူ့ရဲ့ရည်းစား Jia Jia က အကူအညီတောင်းထားတာကို တရုတ်နိုင်ငံထုတ် သတင်းစာတွေနဲ့ လူမှုကွန်ယက်တွေမှာ မနေ့က ရေးသားပါတယ်။

ပျောက်ဆုံး တရုတ်ရုပ်ရှင်သရုပ်ဆောင်ကို ထိုင်းရဲချုပ်သွားခေါ်
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG