ဆွေးနွေးပွဲ အပြီးမှာ နယ်စပ်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေ တည်းခိုသွားလာတာတွေကို မှတ်တမ်းကောက်ယူဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ မအေးအေးမာ သတင်းပို့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မြ၀တီခရိုင်ထဲက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဆီကို လိမ်လည် ဖြားယောင်း ပြီး ရောင်းစားခံရတဲ့ တရုတ်သရုပ်ဆောင် ဝမ်ရှင်းရဲ့ဖြစ်ရပ်အပြီး ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသားတွေအတွက် မိသားစုတွေက ထိုင်းရဲကို ကူညီရှာပေးဖို့ တောင်းဆိုမှုတွေဖြစ်လာခဲ့ပါတယ်။ ဒီလိုကိစ္စတွေဖြစ်ပေါ် အပြီးမှာ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေ အတွက် လုံခြုံရေးအာမခံနိုင်မှုကို မေးခွန်းထုတ်မှုတွေရှိလာပါတယ်။
ဒီအတွက် ထိုင်းရဲချုပ် Pol. Gen. Thatchai Pitaneelabut (ထပ်ချိုင်း ပတနီလာဘတ်) ဟာ ထိုင်းမြန်မာနယ်စပ်ကို ရောက်ရှိလာပြီး တာ့ခ်ခရိုင်အာဏာပိုင်တွေနဲ့အစည်းဝေးပြုလုပ်ခဲ့ပါတယ်။
ထိုင်းရဲချုပ် Thatchai Pitaneelabut နဲ့ အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြိုပိုင် ရဲတပ်ဖွဲ့၊ နယ်ခြား စောင့်နဲ့ လူကုန်ကူး တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ အားလုံးကိုခေါ်ပြီး အရေးပေါ် အစည်း ဝေးပြုလုပ်ခဲ့ ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အစည်းအဝေးမှာ အဓိက ဆွေးေနွးခဲ့ကြတဲ့ အကြောင်းအရာကတော့ ထိုင်းမြန်မာ နယ်စပ် ကို လာရောက်လည်ပါတ်ကြတဲ့ နိုင်ငံခြား သားတွေရဲ လုံခြုံရေး နဲ့ နယ်စပ်ဒေသမှာ ကျားဖြန့်ဂိုဏ်း တွေ ဖြားယောင်း သွေးဆောင်ခေါ်သွားတာ မခံရဖို့အတွက် စီမံရမယ့်အကြောင်းအရာတွေပါဝင်ပါတယ်။
အစည်းအဝေး ဆုံးဖြတ် ချက်အရ နယ်စပ်ကိုရောက်ရှိ လာတဲ့ နိုင်ငံခြား သားတွေကို သွားမယ့်နေရာ တွေ တည်းခိုနေရာတဲ့ နေရာတွေကို မှတ်တမ်း အတိအကျ ကောက်ယူရမယ်လို့လည်း ညွန်ကြားထားပါတယ်။
မဲဆောက် နိုင်ငံတကာ လေဆိပ်မှာလည်း ခရီးသည်မှတ်တမ်းတွေ ကို စကင်ဖတ်ယူရမှာဖြစ်သလို တကယ်လို့ နယ်စပ်ကိုရောက်ရှိလာတဲ့ အကြောင်း အရင်းတွေထဲမှာ မသင်္ကာ စရာတွေ့မယ် ဆိုရင် သက်ဆိုင်ရာသံရုံးကို အသိပေး အကြောင်းကြားမှာဖြစ်တယ်လို့ဆိုပါတယ် ။
ရဲချုပ်နဲ့အဖဲွ့ဟာ အစည်းအဝေးပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်တဲ့ တံတားကိုလည်း သွားရောက်စစ်ဆေးခဲ့ ပါတယ်။
အခုလို လုံခြုံရေး တင်းကျပ် ရတာက ထိုင်း-မြန်မာ နစ်နိုင်ငံ နယ်စပ်ဒေသမှာ ပြည်သူ တွေလုံခြုံရေးအတွက်ရော ထိုင်းနိုင်ငံ ဟာ နိုင်ငံတကာခရီသွားပြည်သူတွေအတွက် ကာကွယ် ပေးနိုင်တာကို သက်သေပြဘို့ လုပ်ဆောင်ကြတာဖြစ်ပါတယ်" လို့ Tak (တာ့ခ်) ခရိုင် အုပ်ချုပ်ရေးမှူး ချိုခရစ် ဖုန်ချိုင်း (Chukhip Phongchai, Governor of Tak Province) က ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မြ၀တီခရိုင်၊ ရွှေကုက္ကိုလ်မှာ ရောင်းစားခံရတဲ့ တရုတ်သရုပ်ဆောင်ဝမ်ရှင်းနဲ့ ရှေ့ဆင့်နောက်ဆင့် ပျောက်ဆုံးခဲ့တဲ့ တရုတ် မော်ဒယ် တဦးကိုတော့ ကယ်ဆယ်ပြီး တရုတ်နိုင်ငံဆီ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။
အလားတူ တချို့ရောင်းစားခံရတဲ့ တရုတ်နိုင်ငံသားတွေကိုလည်း မိသားစုဝင်တွေက ဘတ်ငွေ သိန်းနဲ့ချီပြီး ရွေးထုတ်ခဲ့ရတာတွေလည်းရှိနေပါတယ် ။တချို့ကတော့ဘတ်ငွေတသန်းကျော်နဲ့ ရွေးထုတ်ခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
တရုတ် ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်နေ့မှာပဲ တရုတ်မော်ဒယ်အတူ နောက်ထပ် တရုတ်နိုင်ငံသားတချို့ကို ကယ်ဆယ်ပြီး နေရပ်ပြန်လည် ခေါ်ယူနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
သံသယရှိသူ တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေအပါအဝင် ၁၂ ဦးကို ထိုင်းနဲ့တရုတ် နှစ်နိုင်ငံ ရဲတပ်ဖွဲ့တွေ ပူးပေါင်း ဖမ်းဆီးထားကြောင်း တရုတ် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Forum