သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခရီးသည်တွေစိုးရိမ်မှုကြောင့် ထိုင်းအစုရှယ်ယာဈေးတွေကျ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့

နယ်စပ် အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ကျားဖြန့် ဂိုဏ်းတွေ ဖြားယောင်းခေါ်ယူတဲ့ရန်ကို စိုးရိမ်ပြီး တရုတ်ခရီးသည်တော်တော်များများ ထိုင်းနိုင်ငံကို လာရောက်မယ့် ခရီးစဉ်တွေ ပယ်ဖျက်နေတာကြောင့် ထိုင်းနိုင်ငံ ဟော်တယ်ခရီးသွားနဲ့ လေကြောင်းလိုင်းဆိုင်ရာ အစုရှယ်ယာဈေးတွေ တနင်္လာနေ့က ကျဆင်းခဲ့ပါတယ်။ Airports of Thailand (AOT) Erawan Group (ERW) Central Plaza Hotel (CENTEL) Bangkok Airways (BA) နဲ့ Asia Aviation (AAV) စတဲ့ အစုရှယ်ယာ အနည်းဆုံး ၃ ရာခိုင်နှုန်းနီးပါးကနေ ၆ ရာခိုင်နှုန်းလောက်အထိ ကျဆင်းခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာရေးပါတယ်။

တရုတ်နှစ်သစ်ကူးကာလ တရုတ်နိုင်ငံသား ၈ သန်းလောက် ထိုင်းနိုင်ငံကို လာရောက်မယ်လို့ ထိုင်း တာဝန်ရှိသူတွေ ခန့်မှန်းထားကြတာပါ။ ဒါပေမဲ့လည်း မကြာသေးခင်က တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ကို မြန်မာနယ်စပ်မှာ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေဆီက ပြန်လည်ကယ်ဆယ်ခဲ့ရတဲ့ ဖြစ်ရပ် ပေါ်ပေါက်ပြီးနောက်မှာ တရုတ်နိုင်ငံသား အများအပြား ထိုင်းနိုင်ငံကို လာမယ့် ခရီးစဉ်တွေ ဖျက်သိမ်းနေပါတယ်။

ဟောင်ကောင် နာမယ်ကြီး Cantopop အဆိုတော် Eason Chan Yik-shun ဖေဖေါ်ဝါရီလအတွင်း ထိုင်းနိုင်ငံမှာ လာရောက်ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲကို လုံခြုံရေးအကြောင်းပြချက်နဲ့ ဖျက်သိမ်းလိုက်ပါတယ်။ ထိုင်းအစိုးရကတော့ တရုတ်နိုင်ငံသားတွေရဲ့ ယုံကြည်မှု ပြန်ရရေး၊ ထိုင်းနိုင်ငံကို လာရင် လုံခြုံရေးအာမခံနိုင်ရေးအတွက် အစွမ်းကုန် ပြင်ဆင်နေပါတယ်။ တနင်္ဂနွေနေ့ကပဲ ထိုင်းနဲ့တရုတ် နှစ်နိုင်ငံ အဆင့်မြင့်ရဲဌာနအရာရှိတွေ ဘန်ကောက်မြို့မှာ တွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ နှိမ်န

တရုတ်ခရီးသည်တွေစိုးရိမ်မှုကြောင့် ထိုင်းအစုရှယ်ယာဈေးတွေကျ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

င်းရေး ဆွေးနွေးခဲ့ကြပါတယ်။

Forum

​
XS
SM
MD
LG