သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ကျားဖြန့်လုပ်ငန်းတွေမှာ လူ ၆,၀၀၀ ကျော် အဓမ္မခိုင်းစေခံနေရ


အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

မြန်မာနိုင်ငံအတွင်းက အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်လောက် ထိန်းသိမ်းခံနေရပြီး အဓမ္မခိုင်းစေခံနေရတဲ့အကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထိုင်း လူ့အခွင့်အရေးကော်မရှင်ကို တင်ပြထားပါတယ်။

လူကုန်ကူးခံရသူများ ကူညီကာကွယ်ရေး အရပ်ဖက် အဖွဲ့အစည်းကွန်ရက်နဲ့ နိုင်ငံ ၉ နိုင်ငံက ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း ကျားဖြန့် အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းတွေမှာ မတရား အလုပ်ခိုင်းခံနေရသူတွေကို ကယ်တင်ဖို့ တင်ပြခဲ့တာကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖေါ်ပြပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ တရုတ်နိင်ငံသား ၃,၉၀၀ ပါဝင်ပြီး စိတ်ပိုင်းရုပ်ပိုင်း နှိပ်စက်ညှဉ်းပန်းမှုဒဏ်တွေကို အပြင်းအထန် ခံနေရသလို သူတို့ မိသားစုတွေဆီက ငွေညှစ်တောင်းခံတာမျိုးတွေလည်း မကြာခဏ ကြုံနေရတဲ့အကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ တရုတ် လူကုန်ကူးဂိုဏ်းတွေဟာ အခု နယ်ခြားစောင့်တပ် BGF ဖြစ်သွားတဲ့ အရင် DKBA ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ အကူအညီနဲ့ မြဝတီနယ်ကို လူကုန်ကူးတဲ့ တဆင့်ခံ အဓိကစခန်းအဖြစ် အသုံးချနေတာကိုလည်း လူကုန်ကူးမှု တိုက်ဖျက်ရး အဖွဲ့တွေရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု့ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာရ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေက အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေရဲ့ တရားမဝင်လုပ်ငန်းတွေကတဆင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာဘီလျံ ၄၃ သန်းကျော် ဝင်ငွေရနေတဲ့အကြောင်း ဖေါ်ပြထားပါတယ်။

မကြာသေးခင်က တရုတ်ရုပ်ရှင် သရုပ်ဆောင် Xingxing ကို လူကုန်ကူးဂိုဏ်းတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ခဲ့တဲ့ သတင်းထွက်လာပြီးနောက်မှာ မြန်မာနိုင်ငံအတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဖျားယောင်းပြီး အဓမ္မခိုင်းခံနေရသူတွေအရေး ဒေသတွင်းအဖွဲ့အစည်းတွေ ပိုပြီး အလေးထား အာရုံစိုက်လာကြပါတယ်။

မြန်မာပြည် ကျားဖြန့်လုပ်ငန်းတွေမှာ လူ ၆,၀၀၀ ကျော် အဓမ္မခိုင်းစေခံနေရ
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG