ထိုင်းနိုင်ငံထဲကို တရားမဝင် လူကုန်ကူးလာတဲ့သူလို့ဆိုတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ကို ထိုင်းနိုင်ငံ ဆန်ခလဘူရီခရိုင်မှာ ဒီနေ့မနက်ပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
အသက် ၄၄ နှစ်အရွယ် သန်းဝင်းနဲ့ ၂၇ နှစ်အရွယ် မိုင် ဆိုတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ဟာ ထိုင်းနိုင်ငံထဲကို တရားဝင် အထောက်အထားမရှိဘဲ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ကားနောက်ခန်းမှာ တင်ဆောင်လာစဉ် သံပုံကျေးရွာရဲ့ စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် ၆ နာရီ ၅၀ က ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကားပေါ်မှာ တင်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၆ ယောက်မှာ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီ ၅ ယောက်ဖြစ်ပြီး၊ သူတို့ကို ပစ်ကပ်ကားရဲ့ ကားမောင်းတဲ့ သူနောက်က နောက်ခန်းထဲမှာ ပြည့်သိပ်ပြီး တင်ဆောင်လာခဲ့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့ အဲဒီလူ ၆ ယောက်ကို တစ်ယောက်ကို ထိုင်းဘတ်ငွေ ၃၀၀၀ နဲ့ ဆန်ခလဘူရီခရိုင်က တောလမ်းက တင်ခဲ့ပြီးတော့ ကန်ချနဘူရီခရိုင်ထဲက Muang မြို့ကို ပို့ပေးရမှာ ဖြစ်တယ်လို့ ယာဉ်မောင်းသန်းဝင်းက ထိုင်းရဲတပ်ဖွဲ့ကို ပြောပါတယ်။
Forum