သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့် နှိမ်နင်းရေး ကရင်လက်နက်ကိုင်တွေနဲ့ တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေ ဆွေးနွေး


KNU အခမ်းအနားတခုကိုတက်ရောက်လာတဲ့ ဗိုလ်မှူးကြီးစောချစ်သူ ယခင်မှတ်တမ်းဓာတ်ပုံ။ (မတ် ၉၊ ၂၀၂၄)
KNU အခမ်းအနားတခုကိုတက်ရောက်လာတဲ့ ဗိုလ်မှူးကြီးစောချစ်သူ ယခင်မှတ်တမ်းဓာတ်ပုံ။ (မတ် ၉၊ ၂၀၂၄)

နယ်စပ်က အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို နှိမ်နှင်းဖို့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ DKBA နဲ့ BGF နယ်ခြားစောင့်တပ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဒီနေ့ မြဝတီမြို့မှာ တွေ့ဆုံဆွေးနွေးပါတယ်။

နယ်စပ် လူကုန်ကူးမှုတွေတိုက်ဖျက်ရေးနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ မလုပ်ဖို့၊ အသက်မပြည့်သေးတဲ့ သူတွေကို အဓမ္မခိုင်းစေတာမျိုးတွေ မလုပ်ဖို့နဲ့ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို ခွင့်မပြုဖို့ ဆွေးနွေးသဘောတူကြ ကြောင်း ဒေသခံ မဲဆောက် မီဒီယာသတင်းမှာ ဖေါ်ပြပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံကို လာရောက်တဲ့ အာရှနိုင်ငံတွေက နိုင်ငံခြားသားတချို့ မဲဆောက်တဘက်ကမ်း ငွေလိမ်ဂိုဏ်းတွေက ဖြားယောင်းခေါ်ဆောင် သွားတဲ့အတွက် ပြန်ကယ်ဆယ်ရတဲ့ သတင်းတွေ ရက်ဆက်ထွက်ပေါ်လာချိန်မှာပဲ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတာပါ။

နယ်စပ်က အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က အကာအကွယ်ပေးထားတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေက ခရီးသည်တချို့ကို အတင်းအကြပ်ခေါ်ဆောင်သွားတဲ့ သတင်းတွေကြောင့် ထိုင်းနိုင်ငံကို လာရောက်မယ့် အထူးသဖြင့် တရုတ်နိုင်ငံသားတွေ တော်တော်များများ ခရီးစဉ်တွေ ဖျက်သိမ်းလိုက်သလို ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနေပါတယ်။ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေကို နှိမ်နှင်းရေး

ထိုင်းနိုင်ငံအပေါ် တခြားနိုင်ငံတွေကလည်း ဖိအားပေးနေကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံအတွင်းက အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်လောက် ထိန်းသိမ်းခံနေရပြီး အဓမ္မခိုင်းစေခံနေရတဲ့အကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက မကြာသေးခင် ရက်ပိုင်းကပဲ ထိုင်း လူ့အခွင့်အရေး ကော်မရှင်ကို တင်ပြထားပါတယ်။ အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီနေ့ အစည်းအဝေးကို DKBA အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောဆန်းအောင်၊ BGF နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ တရုတ်လုပ်ငန်းရှင်တွေ စုစုပေါင်း ၆၀ လောက် တက်ရောက်ကြပါတယ်။

Forum

XS
SM
MD
LG