သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက အွန်လိုင်းရာဇဝတ်ဂိုဏ်းမှာ ခိုင်းစေခံရသူ ၁၀၀ ကျော် ကယ်တင်ဖို့ ထိုင်းစီစဉ် 

ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)
ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)

မြန်မာနိုင်ငံအတွင်းက အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေမှာ အတင်းအဓမ္မ စေခိုင်းခံနေရတဲ့ နိုင်ငံစုံက လူပေါင်း ၁၀၀ ကျော်ကို ကယ်တင်ဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံက ပြောလိုက်ပါတယ်။ နိုင်ငံ ၉ နိုင်ငံက လူပေါင်း ၁၁၀ ကို ကယ်တင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအရာရှိ ဗိုလ်ချုပ် Sarut Kwaengsopha မနေ့က ပြောဆိုတာကို ဘန်ကောက်ပို့ သတင်းစာက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံဘက်မှာရှိတဲ့ တရုတ် မာဖီယားဂိုဏ်းတွေနဲ့ အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေ လက်ထဲမှာ နိုင်ငံစုံက အတင်းအဓမ္မ အလုပ်ခိုင်းခံရသူတွေ ရောက်နေတာကြောင့် ကယ်တင်ပေးဖို့ လူကုန်ကူးခံရသူတွေ ထောက်ပံ့ရေး ထိုင်း အရပ်ဘက် အဖွဲ့အစည်း ကွန်ယက်က ထိုင်း ဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ သက်ဆိုင်ရာတွေဆီ စာရေးသားပေးပို့ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသား ၃၆ ယောက်နဲ့ မိုရိုကိုနိုင်ငံက တယောက်ဟာ ကရင် နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့နယ်မြေမှာ ရှိနေပြီး တခြားနိုင်ငံစုံက အတင်းအဓမ္မအလုပ်ခိုင်းခံရသူ ၇၃ ယောက်ကတော့ DKBA အဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ရှိတဲ့အကြောင်း ထိုင်း အရပ်ဘက် အဖွဲ့အစည်းရဲ့ စာမှာ ရေးသားထားပါတယ်။

အတင်းအဓမ္မခိုင်းစေခံနေရသူတွေ လွတ်မြောက်ရေး ကူညီပေးဖို့ မြဝတီဘက်မှာ ရှိတဲ့ ကရင်နယ်ခြားစောင့်တပ်နဲ့ DKBA အဖွဲ့တွေဆီကိုလည်း လူကုန်ကူးခံရသူတွေ ကူညီရေး ထိုင်း အရပ်ဘက် ကွန်ယက် အဖွဲ့က စာရေးပြီးတော့လည်း တိုက်တွန်းထားပါတယ်။ ထိုင်း ရဲတပ်ဖွဲ့ကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း စစ်သံရုံး သံမှူးကြီးနဲ့ နယ်ခြား မြို့နယ် ကော်မတီ အားလုံး လက်တွဲပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုတွေမှာ အဓမ္မအခိုင်းခံနေရသူတွေ လွတ်မြောက်ရေး နည်းလမ်းရှာနေတယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG